Thursday, June 9, 2011

အသုံးများသောစကားစုများ (Interruption - ကြားဖြတ်ပြောဆိုခြင်း)

အင်္ဂလိပ်ဘာသာစကားကို အသုံးပြုသော စီးပွားရေးလုပ်ငန်းများတွင် တစ်စုံတစ်ယောက် ပြောဆိုနေသော ကိစ္စ (သို့မဟုတ်) စကားကို ကြားဖြတ်ပြောဆိုခြင်းအား လက်ခံနိုင်ဖွယ် ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆသည်။ သို့သော် တစ်စုံတစ်ယောက် ပြောဆိုသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရာ၌ ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုရန် အရေးကြီးသည်။ထို့အပြင် မိမိ၏ ထင်မြင်ချက်အား ပေါ်လွင်စေရန် ကျယ်လောင်စွာ ပြောဆိုခြင်းအား ရိုင်းပျသောအပြုအမူဟုယူဆပါသည်။

တစ်စုံတစ်ယောက် ပြောဆိုနေသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရာ၌ အသုံးပြုနိုင်သော စကားစုများ။

* Sorry to interrupt you …… (စကားဖြတ်ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်။)
* I apologize for interrupting but  (အနှောင့်အယှက် ပေးမိတဲ့အတွက်တောင်းပန်ပါတယ်။ ဒါပေမဲ့….)


တစ်စုံတစ်ယောက် ပြောဆိုနေသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရန် ခွင့်တောင်းရာ၌ အသုံးပြုနိုင်သော အမေးစကားစုများ။

* Could I come in here? (ကျွန်တော် ဒီကိစ္စမှာ နည်းနည်းလေးဝင်ပြောလို့ရမလား ခင်ဗျား)
* Could I make a point here? (ကျွန်တော် ဒီနေရာမှာ တစ်ချက်လောက် ပြောပါရစေ။)
* Could I just comment on that? (ကျွန်တော် အဲဒီကိစ္စ အတွက် မှတ်ချက်ပေးလို့ရမလား ခင်ဗျား။)


တစ်စုံတစ်ယောက် ပြောဆိုနေသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရန် ခွင့်တောင်းရာ၌ စကားစုများကို သာမက တစ်ခြားသော နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာ အားဖြင့် မိမိ၏ ထင်မြင်ချက်အား ပြောဆိုရန်အတွက် ညင်သာစွာ ချောင်းဟန့်ခြင်းဖြင့် လူအများ၏ အာရုံစူးစိုက်မှုကို ရရှိနိုင်ပါသည်။

Read more: အသုံးများသောစကားစုများ (Interruption - ကြားဖြတ်ပြောဆိုခြင်း) - Myanmar Network

No comments:

Post a Comment