Monday, April 23, 2012

ပရိုဂရမ်မင်းဘာသာရပ်လေ့လာလိုသူများအတွက် အွန်လိုင်းရတနာသိုက်များ


ပရိုဂရမ်းမင်း (Programming) ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊ ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။

      ကျွန်တော် Network Computing ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။ သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့် ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။

      ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့ သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။ ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ် ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့ ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။

      ကျွန်တော်စိတ်အဝင်စားဆုံးက website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့ ဆိုရမလားပဲ။  အဲဒီအထဲမှာ အကောင်းဆုံး site တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့  coding community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။

Java

Trial : Learning the Java Language


      Sun Misrosystem ရဲ့ Java 'trial" ကတော့ တကယ့် ကောင်းတဲ့ site လို့ပြောရမယ်။ ကျွန်တော် Java ကိုလေ့လာတုန်းက နားမလည်တာတွေအားလုံး၊ ပြဿနာတွေအားလုံးကို ဒီ site ကနေဖြေရှင်းပေးနိုင်တယ်လို့ ဆရာက ညွှန်းဖူးတယ်။

      'Trial' site က လက်ဦးအစသမားတွေအတွက် အတော်လေး လုံလောက်တယ်လို့ဆိုရမယ်။ ဒီလိုင်းမှာ objects, classes, inheritances, interface နဲ့ packages တွေအားလုံးနဲ့ပတ် သက်ပြီးတော့ အခြေခံကစပြီးရှင်းပြထားတယ်။ ဒီနေရာကနေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို concept အနေနဲ့အများကြီးရနိုင်တယ်။ အဆင့်အမြင့်ကြီး တွေမပြောသေးဘဲ အဆင့်လိုက် အသေးစိတ်ကို လေ့လာနိုင်တယ်။ နားလည်လွယ်တဲ့ ဥပမာတွေ အများ ကြီးထည့်ပြီးရှင်းပြထားတယ်။

Java Beans


      Java Beans ကတော့ အခြား website တစ်ခုပါ။ ကျွန်တော့်ဆရာတွေ မကြာခဏ ညွှန်းတတ်ပါတယ်။ Tutorial တွေလုပ်ဖို့ တကယ့်စာကြည့်တိုက်ကြီးတစ်တိုက်လို့ပြောရမယ်။ Java programmer တွေအတွက်သာမဟုတ်ဘူး၊ C++ နဲ့ PHP သမားတွေအတွက်ပါ အများကြီးပတ်သက်နေတဲ့နေရာလို့ပြောရ မယ်။ Java Beans မှာ Java ပရိုဂရမ်အဖွဲ့ဝင်တွေကလည်း သူတို့ content တွေနဲ့အများကြီးအထောက်အကူပြုထားတာတွေ့ရတယ်။ အဖွဲ့ဝင်တွေက သူတို့တွေ့ထားတဲ့၊ သိထားတဲ့ ပရိုဂရမ် tutorial တွေကို တင်ထားပေးတယ်။ သူတို့ဆိုလို့ ပေါ့သေးသေးတွေ မထင်နဲ့။ တကယ့် specialist တွေအများကြီးပါတယ်။

Java Lessons


      ဒီ website မှာ နှစ်ပေါင်းများစွာ ကျွန်တော်လုပ်ခဲ့ရတဲ့ လေ့ကျင့်ခန်းတွေ၊ assignment တွေကို အများကြီးသွားတွေ့လိုက် ရတယ်။ Java Lessons က tutorial တွေအများကြီးပေးထား တယ်။ ဒါပေမယ့် ဥပမာတွေပေးပြီးတော့ပဲ focus လုပ်ထားတယ်။  ဒီ site မှာ machanics of the language နဲ့ ရှုပ်ထွေးလှတဲ့ statement တွေရဲ့ ရည်ရွယ်ချက်တွေကိုဖော်ပြထားတယ်။ ပုံစံ အမျိုးမျိုး ရှင်းလင်ချက်အဖုံဖုံနဲ့ စာကြည့်တိုက် တစ်တိုက်စာလောက် ရှင်းချက်တွေကိုတွေ့နိုင်တယ်။ ဥပမာတစ်ခုကို click လုပ်လိုက်တာ နဲ့ 'lesson viewer' ကိုတွေ့နိုင်ပြီး အဲဒီအထဲမှာ source code တွေကို နောက်ထပ် window တစ်ခုနဲ့ဖတ်နိုင်မှာပါ။ လိုင်းတစ်လိုင်း စီရဲ့ရှင်းချက်တွေကိုသိချင်ရင် အခြား window တစ်ခုနဲ့ထပ်မံ လေ့လာနိုင်ပါတယ်။ Code လိုင်းတွေပေါ်က cursor ကိုဖယ်လိုက် တာနဲ့ viewer က ဆက်စပနေတဲ့ရှင်းလင်းချက်တွေကို hilighlight နဲ့ဖော်ပြမှာဖြစ်ပါတယ်။  အမြင်ပိုင်းဆိုင်ရာကတော့ ဒီ website ဟာသိပ်ပြီးတော့ အတော်လေးရုပ်ဆိုးပေမယ့် အသုံး ကျမှုကတော့ တန်ဖိုးဖြတ်လို့ကို ရနိုင်မယ်မထင်ပါဘူး။

Java World Community


      Java World ရဲ့ main page မှာတင် တကယ်ကောင်းတဲ့ ဆောင်းပါးတွေတင်ထားတာတွေ့ရမယ်။ ဒီဆောင်းပါတွေဟာ ပရိုဂရမ်းမင်းနဲ့ပတ်သက်ပြီး နားလည်စေနိုင်ရုံမျှမက ချဲ့တွေးမယ်ဆိုရင် အများကြီး တွေးလို့ရတဲ့ဆောင်းပါတွေဖြစ်ပါတယ်။ Java World မှာ community section ဆိုတာပါတယ်။ ဒီကဏ္ဍကနေ Java နဲ့ပတ်သက်တဲ့ Q&A forum တွေအပြင် အခြားသက်ဆိုင်ရာ blogတွေဆီကိုလည်း သွားနိုင်ပါလိမ့်မယ်။

Java Coffee Break


      ဒီ site ဟာ ကျွန်တော်တက္ကသိုလ်ကာလတစ်လျှောက်လုံး သုံးခဲ့တဲ့ site အနေနဲ့ အမှတ်ရနေတယ်။ Java Coffee Brake ရဲ့ library of tutorial  က အတော်လေးဟောင်းနေပြီလို့ဆိုရမယ်။ ဒီ site မှာရေးတဲ့သူတွေက ၁၉၉၆ လောက်ကတည်းကလေ။ ဒါပေမယ့် တကယ့် language နဲ့ပတ်သက်ပြီး နှိုက်လိုတဲ့နောက်ပေါက်တွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့နေရာကြီးတစ်ခုပဲ။  ကိုယ်ဘာတွေသိချင် လိုချင်တယ်ဆိုတာကို ဒီ site မှာဆုံးဖြတ်နိုင် လိမ့်မယ်ထင်ပါတယ်။

C++

Visual C++ Developer Centre


      C++ ရဲ့ တရားဝင် website တစ်ခုပါ။ ဒီဘာသာရပ်နဲ့ပတ် သက်တာမှန်သမျှ အားလုံးအဖြေတွေ ရှိတယ်ဆိုတဲ့နေရာမျိုးပေါ့။ Microsoft Developer Network က download နဲ့ tutorial တွေအများကြီး ဖြည့်ဆည်းပေးထားတယ်။ C++ နဲ့ပတ်သက်တဲ့ ပရိုဂရမ်းမင်း textbook တွေကအစဒီမှာရနိုင်တယ်။ C++ ကိုစတင် လေ့လာချင်သူတွေ၊ စိတ်ပါဝင်စားပြီး ကိုယ်ပိုင်လေ့လာချင်သူတွေ အတွက် အထောက်အကူပြုမယ့် site လို့ ဆိုချင်ပါတယ်။

CProgramming.com


      CProgramming.com ဟာတကယ့် အံ့ချီးဖွယ် tutorial library ကြီးလို့ဆိုနိုင်တယ်။ C ရော C++ အတွက်ပါ အခြေခံကစ ပြီးရှင်းပြနိုင်တဲ့လိုင်းဖြစ်ပါတယ်။ OpenGL လိုခေါင်းစဉ်အောက် ကနေ လေ့လာစရာတွေအများကြီးပါ။ CProgramming ရဲ့ ပြဿနာတစ်ခုကတော့ update သိပ်မလုပ်တာပဲဖြစ်ပါတယ်။ Website ရဲ့ homepage ကိုကြည့်လိုက်ရင် ၂ဝဝ၉ မတ်လ အတွက် update တွေခုထိမတက်သေးဘူး။ ၂ဝဝ၈ နိုဝင်ဘာ လောက်က update လုပ်ထားတာပဲရှိသေးတယ်။ ဒီ့ထက်စောတာ ဆိုရင် ၂ဝဝရ ဩဂုတ်လောက်ကဟာတွေပဲရှိတယ်။ ဒီ site က content တွေဟာ အခြားကစိတ်ဝင်စားသူတွေဆီကလာတာထက် site ကိုဖန်တီးသူတွေပဲရေးထားတာများမယ်ထင်ပါတယ်။ သဘော ကတော့ C++ ကိုပစ်ပယ်သူတွေများလာပြီဆိုတဲ့သဘောဖြစ်မယ် ထင်တယ်။ ညွှနးလိုတာကတော့ C++ နဲ့ပတ်သက်ရင် ဒီ site မှာ အပြည့်စုံဆုံးရနိုင်တယ်ဆိုတာပဲ။

alt.com.lang.c-c++


      Usenet group က C++ နဲ့ပတ်သက်ပြီးလှုပ်ရှားနေတဲ့ site လို့ပြောရမယ်။ ဒီ site မှာ ထောင်ပေါင်းများစွာသော ထောက်ပံ့ သူတွေရှိတယ်။ မေးခွန်းလေးတွေပြန်ဖြေတာတောင် အသေးစိတ် ဖြေပေးထားတယ်။ ၁၉၈၆ နိုဝင်ဘာ လောက်ကတည်းက ထောင်ပေါင်းများစွာသော post တွေကိုလည်း ဒီမှာတွေ့နိုင်တယ်။  C++ နဲ့ပတ်သက်ပြီး အတော်လေးလည်းအတွေ့အကြုံဗဟုသုတရှိ တယ်ဆိုရင် ဒီအဖွဲ့ကြီးဆက်လက်တည်တံ့နေတာကိုပဲ ကျေးဇူးတင် ထိုက်တယ်။ ဒီအထဲမှာ မေးချက်၊ ဖြေချက်၊ ဆွေးနွေးချက်တွေ ဟာ တစ်ဦးချင်းအနေနဲ့ကြည့်ကြည့်၊ အဖွဲ့လိုက် အနေနဲ့ကြည့်ကြည့် တန်ဖိုးမဖြတ်နိုင်စရာ ရတာနာသိုက်ကြီးပမာ ယနေ့တိုင်ဖြစ်နေဆဲ လို့ဆိုနိုင်တယ်။

LearnCpp.com


      အခြေခံကျကျ tutorial တွေနဲ့ website တစ်ခုပေါ့။ ဒီဘာသာ စကားနဲ့ပတ်သက်ပြီး အတွေ့အကြုံ ရှိသူတွေအတွက် ရည်စူးပြီး သီးသန့်ပညာရှင်ဆန်တဲ့ website လို့ဆိုနိုင်ပါတယ်။ ဒီ site ဟာ တကယ့်ဈေးကွက်ဝင် ပညာရှင်အဆင့်လောက်အထိကိုရည်စူးပြီး သုတေသနလုပ်ထားတာတွေတင်ထားတာကြောင့် ခုမှစတင်လေ့လာ သူတွေအနေနဲ့တော့ အသက်ရှူမှားလောက်တဲ့ site လို့ဆိုရမယ်။

CPlusPlus.com


      ဒီ site မှာလည်း tutorial တွေအများကြီးရှိတယ်။ အမှန်တော့ ဒီ site မှာရောင်းနေတာတွေက လက်ရှိ active ဖြစ်နေတဲ့ forum တွေနဲ့ ဥပမာကောင်းကောင်းတွေစုစည်းချက်တွေပါ။ ဒါတွေကို အလကားမရပါဘူး။ အဲဒီ ခက်ခဲနက်နဲတဲ့ source code တွေကို download လုပ်ယူနိုင်ပါတယ်။ Compiled လုပ်တာတွေ၊ run တာတွေကို အခြား DOS သို့မဟုတ် Windows နဲ့လုပ်ကြည့်နိုင်ပါတယ်။

Visual Basic

Visual Basic Developer Centre


      မိုက်ခရိုဆော့ဖ်ရဲ့ တစ်ကျော့ပြန် ထိပ်တန်းကျတဲ့ website တစ်ခုလို့ပြောရမယ်။ မိုက်ခရိုဆော့ဖ်ရဲ့ ဒီ Visual Basic website ဟာ C++ page တွေကိုလည်းထည့်ပေးထားတယ်။ Tutorial အမျိုးမျိုးကိုလည်း download လုပ်ယူနိုင်တယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဗီဒီယို tutorial တွေပါ download လုပ်နိုင်တာ ပါ။ Microsoft Developer Network ရဲ့ C++ page နဲ့ Sun Microsystem က Java trial တွေကိုလည်း ဒီ site မှာလေ့လာနိုင် တာက ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။ နောက်ပေါက်ပရိုဂရမ်မာ အသစ်တွေအနေနဲ့ ဒီ site က ဗီဒီယို သရုပ်ပြသင်ကြားချက်တွေဟာ အံဖွယ်ကောင်းလောက်အောင် အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။

Mark-up and Scripting Languages

W3Schools


      ဒီ site မှာ တကယ့်ကောင်းတဲ့ array of tutorial တွေကို  ပြင်ခွင့်၊ ဝင်ရေးခွင့်တွေရနိုင်အောင် စီစဉ်ပေးထားတယ်။ ဈေးကွက် ဝင် script တွေဖြစ်တဲ့ ASP, CSS, HTML, Javascript, PHP, SQL နဲ့ XML တွေအားလုံးဒီအထဲမှာလေ့လာနိုင်တယ်။ ဒီ site ရဲ့ library of tutorials  ဟာ အရမ်းကျယ်ပြန့်တဲ့သဘောရှိတယ်။  လိုချင်သလောက်အရေအတွက် ဒီမှာမလေ့လာနိုင်တာကို အဆိုးမြင် လို့တော့မရဘူး။ သူထည့်ထားသမျှ content တွေဟာ တကယ့် အရည်အသွေးပြည့်စမ်းသပ်ချက်တွေဖြစ်နေတာကို အသိအမှတ်ပြု ရလိမ့်မယ်။ ဒါပေမယ့် ဥပမာတွေအများကြီးတော့ရှိတယ်။  ပြဿနာတစ်ခုခုကို W3School မှာကြိုက်ရာဘာသာ language နဲ့ဝင်ပြီးလေ့လာနိုင်တယ်ဆိုတာက အခွင့်အရေးတစ်ခုလို့မှတ်လိုက် ပါ။ ပြီးပြည့်စုံတဲ့ site တစ်ခုမဟုတ်သေးပေမယ့် အစသမားတွေ ရော၊ ကျွမ်းကျင်သူတွေပါအားကိုးထိုက်တဲ့ site ဖြစ်ပါတယ်။

PHPFreaks


      PHP coding တွေနဲပတ်သက်ပြီး tutorial တွေအပြင် တကယ့်ပြောင်မြောက်တဲ့ active forum တွေကိုပါ လေ့လာနိုင်ပါတယ်။

HTML: An Interactive Tutorial


      အခြေခံကျကျ tutorial ကောင်းကောင်းတွေထည့်ထားတယ်။ HTML ကိုစတင်လေ့လာချင်သူတွေအတွက်ကောင်းတယ်။ Coding တွေအပြင် website design တွေကိုပါ အခြေခံကစပြီး လေ့လာနိုင်တယ်။

YourHTMLSource/JavaScript


      JavaScript နဲ့ပတ်သက်ပြီး နိဒါန်းသဘောလောက်တော့ လေ့လာနိုင်လိမ့်မယ်။ ဒီ site ရဲ့အဓိကဟာ URL နဲ့ပတ်သက်ပြီး  အကြံပြုချက်တွေအပြင်၊ HTML နဲ့ပတ်သက်ပြီး focus လုပ်ထား တာတွေလောက်ပဲရှိတယ်။

JavaScript Kit


      အတော်လေးဟောင်းနေတဲ့ website လို့ဆိုရမယ်။ Y2K bug တွေနဲ့ပတ်သက်ပြီး ရှင်းချက်တွေရှိတယ်။ JavaScript နဲ့ ပတ်သက်ရင် အရည်အသွေးပြည့် tutorial တွေအများဆုံး စုဆောင်း ထားနိုင်တဲ့ library တစ်ခုလိုတော့ အသိအမှတ်ပြုရမယ်။ JavaScript ကိုအထူးပြုလိုက်စားသူတွေ အခြေခံကျကျပြန်လေ့လာ ချင်တယ်ဆိုရင် ဝင်ပြီးလေ့လာသင့်တဲ့ site လို့အကြံပြုချင်ပါတယ်။

SQLzoo.net


      SQL နဲ့ပတ်သက်ပြီး နိဒါန်းပျိုးပေးထားတဲ့ site လို့ဆိုနိုင် တယ်။ တကယ့် interactive ဖြစ်တဲ့ ဥပမာတွေပေးထားတာက  လေ့လာချင်သူတွေအတွက် အထောက်အကူများစွာဖြစ်စေပါလိမ့်မယ်။

HTML.net


      HTML နဲ့ CSS တွေနဲ့ပတ်သက်ပြီး အခြေခံကျကျ tutorial တွေထည့်ပေးထားတယ်။ Tutorial တွေကတော့ လက်ခံချင်လည်း လက်ခံလို့ရသလို လက်မခံချင်ရင်လည်းရတဲ့ ဉာဏ်ပွားပြီးစဉ်းစားစရာ ပြဿနာတွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ကိုအခြေခံ ကျကျစဉ်းစားပေးထားတယ်။ သူတို့နဲ့ W3School site က tutorial တွေဟာ သိပ်မနီးစပ်တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။  အတွေ့အကြုံမရှိသေးသူတွေအတွက်ကတော့ အဆင်ပြေစွာ လေ့ကျင့်နိုင်မယ့် နေရာကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။

The Python Tutorial


      အရိုးဆုံးအမည်နဲ့ အရှင်းဆုံး website လို့ဆိုချင်တယ်။ Python Tutorial တွေက ကြောင်တောင်တောင် နိုင်တယ်လို့ ဘယ်သူတွေကပြောပြော အရိုးဆုံး အရှင်းဆုံးနဲ့ အခြေခံကစပြီး တွေးရင်တွေးနိုင်သလောက် ခရီးရောက်တဲ့ language လို့ဆိုချင် တယ်။ ကိုယ်ပိုင်အတွေးနဲ့ ပရိုဂရမ်းမင်းကိုတည်ဆောက်ချင်သူတွေ အနေနဲ့ဖြစ်စေ၊ လွယ်လွယ်နဲ့စပြီး အကောင်းဆုံးရလဒ်ကိုရယူဖန် တီးချင်သူတွေအတွက်ဖြစ်စေ ဒီ site ကတော့ အမှတ်ပြည့်ပေးရမယ့် site လို့ဆိုချင်တယ်။

Beginners, Non-Programmers Guide to Python


      Python tutorial တွေအများကြီးပေးထားပြီး နောက်ထပ် အသစ်တွေကို ဆွဲခေါ်ထားတဲ့ site လို့ဆိုနိုင်တယ်။ အထူးသဖြင့် တော့ ဒီ site ဟာ ကလေးတွေအတွက်ရည်စူးပြီး ကလေးပရိုဂရမ် မာတွေထွက်ပေါ်ရေးများ လုပ်ထားသလားလို့ထင်ရတယ်။ လွယ်လွယ်နဲ့ ပရိုဂရမ်ကိုလေ့လာချင်ရင် ဝင်ကြည့်ပေါ့။

Ref : Programming resources,  By Chris Taylor


Read more: ပရိုဂရမ်မင်းဘာသာရပ်လေ့လာလိုသူများအတွက် အွန်လိုင်းရတနာသိုက်များ - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:350939#ixzz1stS8FHPX

Thursday, April 19, 2012

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း



ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့် နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ 

ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။



(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)


source: Buddha in my life

Thursday, April 12, 2012

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်


ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။ 
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။ အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူ့ဆက်သွယ်ရေးဌာန မှ တာဝန်ရှိသူ မစ္စတာ ကီရိုအာဆာကာက '' ဦးသန့်သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။ ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်အကြီးအကဲတစ်ဦးဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။
'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု ၄င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။
တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊ ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။
ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။ ဦးသန့်က ....မိန့်ဆိုသည်မှာ...
'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။ အစိုးရများ၊ နိုင်ငံရေးစနစ်နှင့်အိုက်ဒီယာများဟူသည် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။
Referance; The Voice weekly Journal from internet news


ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမားလှစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
- တတိယ ကမ္ဘာစစ်သို့ဦးတည်ခဲ့သော ကျူးဘား ပြဿနာ
- တူရကီ နှင့် ဂရိတို့သွေးချောင်းစီးသည့် ဆိုက်ပရပ် ပြဿနာ
- အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
- အေ၇ှ့အလယ်ပိုင်း အရေးအခင်း
- ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
- ကမ္ဘာ့လောင်စာ ပြဿနာ
- တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
- သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
- ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ.... နှင့်
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှူးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတို့ကြောင့် ဦးသန့်အားကမ္ဘာတစ်ဝှမ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ့ ( ၁၇ ) ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
- ၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
- ၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
- ၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
- ၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
- ၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
- ၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
- ၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
- ၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
- ၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
- ၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
- ၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
- ၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
- ၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
- ၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
- ၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
- ၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
- ၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
- ၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
- ၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
- ၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
- ၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
- ၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
 


ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။ ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယာဉ်မှူး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤအလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျံသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း
   
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။


Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ


Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။



ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုမ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနှုန်းတန်းတူသတ်မှတ်သည်။








U Thant Peace Award
ဦးသန့်ငြိမ်းချမ်းရေးဆု
ဤဆုကို ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်မှ Sri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။


source : http://www.edinooyin.com

ပညာတတ်မှ ဖြစ်တော့မယ်



‎"ပညာတတ်မှ ဖြစ်တော့မယ်ဗျာ...."

သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှာက အတွေ့အကြုံ။

တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက

"အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ "

ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။

ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကm လှဲလျောင်းနေရှာသော ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း

" အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊ မုဒိမ်းလာကျင့်တာ မဟုတ်ဘူး။ "


အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက

" ဆရာ... တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ "

မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ

"တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေရမှာလဲကွာ၊ ဒီညTV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ "

ဓါးပြထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဌက

" သွား...မြန်မြန်ရဲသွားတိုင်စမ်း ။ "

ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဌ အလျင်စလိုထပ်ပြောလိုက်သည်မှာ

" နေအုံး...တလောတုန်းက ငါတို့အလွဲသုံးစားထားတဲ့ သန်း ၅၀ ပါတခါထဲ ပေါင်းထည့်ပလိုက်ကွာ "

ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ

" တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာကွာ..."

နောက်တနေ့... ဘဏ်ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရကြောင်း TV သတင်းအရ ကြားသိရ၏။

ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂၀ မျှသာရှိသည်။

ဓါးပြဗိုလ် အော်ဆဲလိုက်သည်မှာ

" တောက်...ငါအသက်ကိုဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂၀ ပဲရတယ် ဘဏ်ဥက္ကဌက ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅၀ အမြတ်ပေါ်သွားပြီ။


ဒီခေတ်ကြီးကြည့်ရတာ ပညာတတ်မှ ဖြစ်တော့မယ်ဗျာ...။ "

Source: MyanmarJokes

Monday, April 9, 2012

Hacking Information

အခြား အခြားသော forumတွေ၊ websiteတွေမှာ "Email ကို ကျနော်တို့ ဘယ်လို hack နိုင်သလဲ? ခင်ဗျားကျနော့်အတွက် hack ပေးနိုင်မလား ? ဆိုပြီး သန်းပေါင်းများစွာသောလူတွေ မေးနေကြတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ဒီ့အတွက်ကြောင့် ဒီ post ဖြစ်လာရတာဖြစ်ပြီး သင့်အတွက် hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွားပြီး အသုံးချရမယ်ဆိုတာကတော့ သင် ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။

နောက်ခံအခြေအနေHack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆိုတာ အခြေခံအားဖြင့်တော့ ပျော့ကွက် ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့်နိုင်တဲ့ holeတွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး သင့်အတွက် အရေးပါနိုင်တဲ့ Passwordများ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တခါတရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။
သတိပြုရန်အကြောင်းအရာကျနော် အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့လာဖို့လိုပါတယ်။ ဒါဟာ သင့်အတွက် Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
မိတ်ဆက်အဓိကကျတဲ့ အချက်တွေ ကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ ကို အကျဉ်းချုပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်း နှစ်ပိုင်းအနေနဲ့ ကွဲထွက်နေပါတယ်။ အဲဒါကတော့...၁။ Email (သို့) User information၂။ Web based hacking တို့ပဲဖြစ်ပါတယ်။

Email (သို့) User informationယနေ့အချိန်ကာလများမှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့ ၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...(က) Phishing( ခ ) Brute Forcing( ဂ ) Keylogging(ဃ) Trojans

(က) PhishingPhishing ဆိုတာကတော့ ပုံမှန်အားဖြင့် ထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ hacker တွေက အချို့ website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ page တွေကို hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် user အသစ်တွေဆီကို အဲဒီ link တွေပေးပို့ပါတယ်။ user တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ user တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကို ရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့ အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကိုSimple Hacking ( Fake Login ပြုလုပ်ခြင်း) ဆိုတဲ့ post မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ သာဓက တစ်ခုရှိပါတယ်။ များစွာသော user info တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။
အားနည်းချက် :လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ အားနည်းချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ သားကောင်ဟာ internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ်ရှိရုံနဲ့ ဒီ page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင် မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။

( ခ ) Brute ForcingBrute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်...ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂလိပ်ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူညီသွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့...။ တခြား forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင်ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး...ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password list ဖြစ်ပါတယ်။
အားနည်းချက် :၁။ တခါတရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြပါပြီ။ bruteforcer အတွက် ၄င်းတို့က detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ loginုလုပ်တဲ့အခါ ၃ ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့ က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကို ရပ်သွားစေပါတယ်။

( ဂ ) KeyloggingKeylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ file သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ click လိုက်ရင်တော့ ကိစ္စပြီး ပါပြီ။ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက်သမျှ keystrokeတိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်းရှိပါတယ်။ ကျနော့်အနေနဲ့ပြောရရင် ဒီနည်းလမ်းဟာ သင့်ရဲ့ သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ( Keylogger Collection )
အားနည်းချက် :၁။ သင့်ရဲ့ သားကောင်က keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလိုအလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်းအားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ keylogတွေကို ပေးပို့နေတဲ့အချိန်မှာ firewall က block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။
အကြံပြုချက် - ကျနော်အကြံပေးလိုတာကတော့ "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းတို့က သင့်ရဲ့ server တွေကို ရှာဖွေမတွေ့ပဲ ပြုလုပ်နိုင်စေဖို့ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင်ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။ Anti-Virus နဲ့ တူတူပုန်းတမ်းကစားကြမယ် ဆိုတဲ့ post မှာ Crypter တွေကို တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

(ဃ) TrojansTrojan တွေကတော့ keyloggerတွေရဲ့ ဖခင် နဲ့တူပါတယ်။ Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ keylogger တွေအတိုင်းပဲ သင့်ဆီကို keylog တွေ ပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှု ရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် fileတွေကို Edit / delete/ upload/ download လုပ်နိုင်ပါတယ်။ Trojan တွေမှာ keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် ( keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးက တစ်ခု ပေါ်နေတာက တစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ်နေတာ၊ တခါတလေ keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ် မရတဲ့ အခါလည်း မရဘူး အဲလိုမျိုးတွေပေါ့ )၊ CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြားသော feature တွေလည်း ပါဝင်ပါသေးတယ်။ ( Trojan Toolများ )
အားနည်းချက် :keylogger တွေနဲ့ အတူတူပါပဲ။
အကြံပြုချက် - keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။

Web Hacking
ကျနော်က ဘယ် website မဆို hack ဖို့အတွက် hacker တွေကို အကူအညီပေးနိုင်တဲ့ အသုံးပြုမှုအများဆုံးဖြစ်တဲ့ web hacking နည်းပညာ အချို့ ကို ဆွေးနွေးပေးသွားပါမယ်။ တဘက်ကကြည့်ရင်လည်း ဒါဟာ သင် site ကို ကာကွယ်ဖို့အတွက် ကူညီပါလိမ့်မယ်။
(က)SQL Injection
( ခ ) XSS
( ဂ) Shells
(ဃ) RFI
( င ) နောက်ထပ်အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာတော့ အသုံးပြုမှုအများဆုံးဖြစ်တာကိုပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(က) SQL Injection 
ယနေ့အချိန်အခါမှာ website အများစုဟာ SQL Database တစ်ခုနဲ့ connect လုပ်ထားကြပါတယ်။ SQL Databaseက သူတို့ရဲ့ website သို့ လာရောက်လာပတ်သူက register လုပ်သွားတဲ့အခါ username နဲ့ password တွေ ( encrypt လုပ်ပြီး )ကို သိမ်းဆည်းထားဖို့အတွက် သူတို့ကို ကူညီပါတယ်။ SQL database က user တစ်ယောက် logs in လုပ်တဲ့ အခါတိုင်းမှာ မေးခွန်းတွေမေးမြန်းတဲ့ အလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ ၄င်းတို့ database ဆီသွားပြီး မှန်ကန်သေချာတဲ့ password ဟုတ်မဟုတ် ကြည့်ပါတယ်။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ user ကို log in လိုက်ပါတယ်၊ မမှန်ဘူးဆိုရင်တော့ error တစ်ခုကို ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေခံဆောင်ရွက်ချက်ကတော့ database မှာရှိတဲ့ internet information ကို အသုံးချဖို့ကြိုးစားပြီး database ထဲမှာရှိတဲ့ database ထဲမှာ မေးခွန်းတစ်ခုကို စစ်ဆေးဖို့ command တစ်ခုကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ပတ်သတ်ပြီး ဒီ post ထဲမှာ ထည့်သွင့်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ website ကို hack ဖို့အတွက် နည်းလမ်းတွေထဲမှာ အရှုပ်ထွေး အခက်ခဲဆုံးနည်းလမ်းတစ်ခု ဖြစ်လို့ပါ။
သင့်ရဲ့ website မှာ RFI attach လုပ်ဖို့ အားနည်းချက်ရှိလား မရှိလားဆိုတာကို သိချင်ရင် အောက်ပါအတိုင်းပြုလုပ်ပါ...အကယ်၍ သင့် site ရဲ့ URL က....
yoursite.com/index.php?id=545
ဖြစ်နေတယ်ဆိုရင် ၄င်းရဲ့ အဆုံးမှာ ( ' ) ကို အောက်မှာ ပြထားသလိုမျိုး ပေါင်းထည့်ပေးပါ...
yoursite.com/index.php?id=545'

( ခ ) XSS
XSS ကတော့ အချို့ website တွေကို hack ဖို့အတွက် ကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အချို့ website/ forum တွေက post ( သို့ ) ဆောင်းပါး တွေထဲမှာ HTML ခွင့်ပြုခဲ့မယ်ဆိုရင် hacker က content ထဲကို အန္တရာယ်ရှိတဲ့ script တွေကို post လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို user တစ်ယောက်က page ကိုဖွင့်လိုက်တိုင်း cookieတွေက hacker ဆီကိုပေးပို့ပါလိမ့်မယ်။ ဒီအတွက် သူက user ကဲ့သို့ log in လုပ်နိုင်ပြီး website ကို #$%@# လုပ်ပါတော့တယ်။

( ဂ ) Shells

Shell ဆိုတာကတော့ အန္တရာယ်ရှိတဲ့ .php script ဖြစ်ပါတယ်။ ၄င်းကိုဘယ်လိုလုပ်ရမလဲ ဆိုတော့ avaters, recepie, tricks , feedbacks ကဲ့သို့သော ဘယ်ဖိုင်မဆို upload လုပ်နိုင်တဲ့ website တစ်ခုခုမှာ နေရာ တစ်ခု ရှာပါ။ ပြီးရင် သင့်ရဲ့ shell file ကို အဲဒီထဲကို upload လုပ်နိုင်ဖို့ကြိုးစားပါ။ upload ပြီးသွားရင် ၄င်းကို URL bar မှာဖွင့်ပါ။ အဲဒီ webhosting ရဲ့ FTP account တစ်ခုလုံးကို သင် မြင်ရပါလိမ့်မယ်။ index page ထဲမှာပါဝင်သမျှကို သင့်စိတ်ကြိုက် rename/Edit/upload/download ကြိုက်သလိုလုပ်လို့ရပါပြီ။ အခုလိုပြုလုပ်ခြင်းကို deface လို့လည်း ခေါ်ပါတယ်။


(ဃ) RFI

RFI ကလည်း website တစ်ခုကို deface လုပ်ဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းကို shell နဲ့အတူအသုံးပြုရမှာ ဖြစ်ပါတယ်။ ၄င်းကို သင့်ရဲ့ shell ပေါ်မှာ upload လုပ်ပြီးပြီး ဆိုရင် သင့်ကိုအထောက်အကူပေးပါလိမ့်မယ်...
yoursite.com/shell.txt
သင်က RFT သို့ အားနည်းချက်ရှိတဲ့ site တစ်ခုကို ရှာတွေ့ရပါမယ်... အဲဒီနောက် အောက်မှာပြထားတဲ့ အတိုင်း ပြုလုပ်နိုင်ပါတယ်...
victimssite.com/index.php?page=yousite.com/shell.txt
ဒီဟာက သင့်ကို သင့်သားကောင်ရဲ့ sites FTP ၀င်လမ်း ကို ထပ်ပေးပါလိမ့်မယ်။ shell မှာလိုပဲ သင်ကြိုက်သလို သင့်စိတ်ကြိုက် လုပ်လို့ရပါပြီ။
အကယ်၍ သင်က သင့် website က RFI attach လုပ်ဖို့ အားနည်းချက် ရှိလား မရှိဘူးလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါအတိုင်း လုပ်ပါ...
အကယ်၍ သင့် site ရဲ့ URL က
yoursite.com/index.php?id=545
ဖြစ်နေခဲ့ရင် ၄င်းရဲ့ အဆုံးမှာ အောက်မှာပြထားတဲ့ အတိုင်း ပေါင်းထည့်ပေးပါ...
yoursite.com/index.php?id=http://www.google.com
အကယ်၍ သင့် page ထဲမှာ google page ပါဝင်နေမယ်ဆိုရင်တော့ အဲဒီအဓိပ္ပာယ်က RFI သို့ တွဲဆက်ခြင်းမှာ ပျော့ကွက်တစ်ခုဖြစ်ပါတယ်။

(Educational Purposes Only)


source: http://wytumyanmar.com