Showing posts with label Cyber Security. Show all posts
Showing posts with label Cyber Security. Show all posts

Monday, June 18, 2012

our passwords ( 1 )


အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
  • ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
  • စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
  • အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
  • အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
  • အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...

အားနည်းသော စကားဝှက်များ
အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
  1. အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း ...
    • ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
    • အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
    • စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
    • သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
  2. အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
  3. User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
  4. တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
  5. ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
  6. စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
  7. လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
  8. မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
  1. စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
  2. မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
  3. ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
  4. (အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
  5. စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
  6. စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
မှတ်ချက် - 
  • စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
  • စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
  1. အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
    • ကိန်းဂဏန်းများ (0..9)
    • စာလုံးများ (a..z..A...Z)
    • ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
    • Control Character (^s, Ctrl-s စသည်)
  2. ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
    - ဥပမာ - Man may come and man may go, But I go on forever,
    - => MMCAMMGBIGOF => M2C@M2GBIG0F
    - တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
  3. မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
ဆောင်ရွက်ရမည့် အလေ့အကျင့်များ 
လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
  1. စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
  2. စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
  3. ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
  4. နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
  5. အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
    • မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
    • စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
    • လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
  6. မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
  7. စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
  8. မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
  9. ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
  10. လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်း

REF-
-http://web.mit.edu/net-security/www/pw.html
-http://www.umich.edu/~policies/pw-security.html
-http://www-cgi.cs.cmu.edu/~help/security/pass_sec.html
-http://en.wikipedia.org/wiki/Trojan_horse_(computing)
-http://en.wikipedia.org/wiki/reset


source : http://sharingtofrds.blogspot.com

Sunday, February 5, 2012

Cyber လုံခြုံရေး အကြောင်း သိကောင်းစရာ..

Cyber လုံခြုံရေး
Cyber လုံခြုံရေး ဆိုသည်မှာ အဖွဲ့အစည်းများနှင့် အသုံးပြုသူများ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် cyber လုံခြုံရေးဆိုင်ရာ Tool များ၊ ချမှတ်ရန်လိုအပ်သော cyber လုံခြုံရေး နည်းလမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများနှင့် လက်တွေ့ကျင့်သုံးရန် နည်းလမ်းကောင်းများ အသုံးပြုခြင်းကို ဆိုလိုပါသည်။ အဖွဲ့အစည်းများနှင့် အသုံးပြုသူများ၏ ပိုင်ဆိုင်မှုများဟု ဆိုရာတွင် အသုံးပြုရန် ချိတ်ဆက်ထားသော ကိရိယာများ၊ ၀န်ဆောင်မှုများ၊ ကွန်ယက်စနစ်များ၊ ဆက်သွယ်ရေးဆိုင်ရာ မီဒီယာများ၊ cyber အဖွဲ့အစည်းတွင် သိမ်းဆည်းမည့် သတင်းအချက်အလက်များနှင့် ပို့လွှတ်မည့် သတင်းအချက်အလက်များ ပါဝင်ပါသည်။


Cyber လုံခြုံမှု လုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်
Cyber လုံခြုံမှု လုပ်ဆောင်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ cyber အဖွဲ့အစည်းများ နှင့် ၄င်းအဖွဲ့အစည်းများအတွင်း အသုံးပြုသူများ၏ လျို့ဝှက် အပ်သော သတင်းအချက်အလက်များ နှင့် ပိုင်ဆိုင်မှုများကို လုံခြုံစိတ်ချစွာ ထိန်းသိမ်း နိုင်ရေး၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး၊ ညီညွတ်မှန်ကန်စွာ အသုံးပြုနိုင်ရေး၊ အပြန် အလှန်ယုံကြည်စွာ ဖလှယ်နိုင်ရေး၊ ဖြန့်ဝေနိုင်ရေး၊ အသုံးပြုနိုင်ရေးနှင့်ကွန်ယက် လုံခြုံရေး တို့ ပါဝင်ပါသည်။


Cyber လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များ
Cyber လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များဟု ဆိုရာတွင် cyber လုံခြုံရေးဆိုင်ရာ တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး လျှော့ချရန်အတွက် ကမ္ဘာနှင့်အ၀ှမ်း လက်တွေ့အသုံးပြု နေသော cyber လုံခြုံရေး နည်းလမ်းများနှင့် cyber လုံခြုံရေး စံသတ်မှတ်ချက်များကို ဆိုလိုပါသည်။ ထို စံသတ်မှတ်ချက်များတွင် ယေဘုယျ စံသတ်မှတ်ချက်များနှင့် cyber လုံခြုံရေး အကောင်အထည် ဖော်နိုင်ရန် အသေးစိတ် အချက်အလက်များ၊ အသုံးပြုမည့် နည်းဗျူဟာများနှင့် ၄င်းတို့ကို အကောင်အထည် ဖော်ရာတွင် အသုံးပြုရမည့် နည်းပညာများ ပါဝင်ပါသည်။ စံသတ်မှတ်နိုင်ရန် အခွင့်အာဏာရှိသော စံသတ်မှတ်ရေး အဖွဲ့အစည်းများ၏ ထောက်ခံချက် ရရှိပြီးမှသာလျှင် cyber လုံခြုံရေးစံအဖြစ် သတ်မှတ်နိုင်ပါသည်။
ဥပမာ စံ သတ်မှတ်ချက်အနေဖြင့်
• စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် ဆက်သွယ်ဆောင်ရွက်ချက်များ အတွက် နိုင်ငံတကာ စံသတ်မှတ်ချက်မှာ ISO 27031(FCD)။
• Cyber လုံခြုံရေး စီမံကိန်းများအတွက် နိုင်ငံတကာ စံသတ်မှတ်ချက်မှာ ISO 27031(CD)။
• ကွန်ယက်ဆိုင်ရာ လုံခြုံရေး စီမံကိန်းများအတွက် ISO 27031(FDIS)။
• အသုံးချရမည့် လုပ်ငန်းဆိုင်ရာ လုံခြုံရေးများအတွက် ISO 27031(CD)။
• သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ဖြစ်ပွားမှုများကို စီမံခန့်ခွဲပေးခြင်းများအတွက် ISO 27031(FCD) များဖြစ်ပါသည်။
• သတင်းအချက်အလက် လုံခြုံမှုစီမံခန့်ခွဲရေးအတွက် လမ်းညွှန်မှု စံသတ်မှတ်ချက် ISO IEC TR 13335(GMITS)။


Cyber လုံခြုံရေး တိုက်ခိုက်မှု အမျိုးအစားများ
Cyber လုံခြုံရေး တိုက်ခိုက်မှု အမျိုးအစားများမှာ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။
(က) HACKING ( သက်ဆိုင်သူ တစ်ဦးတစ်ရောက်၏ ခွင့်ပြုချက်မရှိဘဲ မသမာသော လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊ ဥပမာ- သတင်းအချက် အလက် များ ခိုးယူခြင်း)
(ခ) DENIAL OF SERVICE ATTACK (အသုံးပြုရမည့်သူများ အသုံးမပြုနိုင်ရန် လုပ်ဆောင်ခြင်း)
(ဂ) VIRUS DISSEMINATION (ကွန်ပျူတာ virus များ ပြန့်ပွားစေခြင်း)
(ဃ) SOFTWARE PRIVACY (ခွင့်ပြုချက်လိုင်စင်မရှိဘဲ အသုံးပြုခြင်း)
(င) IRC CRIME (Internet Chat Room များမှ မသမာမှုများ ပြုလုပ်ခြင်း)
(စ) CREDIT CARD FRAUD (Credit Card Number များကို ပိုင်ရှင်မသိဘဲ ခိုးယူခြင်း)
(ဆ) NET EXTORTION (Internet ကို အသုံးပြု၍ မသမာမှုများ ပြုလုပ်ခြင်း)
(ဇ) PHISHING (အရေးကြီး စီးပွားရေးဆိုင်ရာ အချက်အလက်များကို ခိုးယူခြင်း)
(ဈ) SPOOFING (အခြားသူများ၏ IP Address များကို ခိုးယူသုံးစွဲခြင်း)
(ည) CYBER STALKING (Internet ၊ Email အစရှိသည့် မီဒီယာများကို အသုံးပြု၍ နောက်ယောင်ခံလိုက်ခြင်း)
(ဋ) CYBER DEFAMATION (Internet ၊ Email အစရှိသည့် မီဒီယာများကို အသုံးပြု၍ မကောင်းသတင်းလွှင့် တိုက်ခိုက်ခြင်း)
(ဌ) THREATENING (Internet ၊ Email အစရှိသည့် မီဒီယာများကို အသုံးပြု၍ ခြိမ်းခြောက်ခြင်း)
(ဍ) SALAMI ATTACK ( Bank Server တွင် သုံးစွဲသူများ၏ ငွေ Account များမှ မသိမသာ ထုတ်ယူနိုင်သော software များထည့်သွင်းထားခြင်း) တို့ ပါဝင်ပါသည်။


Cyber သုံးစွဲသူများ သတိပြုလိုက်နာရမည့် အချက်များ
Cyber သုံးစွဲသူများ သတိပြုလိုက်နာရမည့် အချက်များမှာ-
• မိမိသုံးစွဲသော ကွန်ပျူတာကို နောက်ဆုံးပေါ် virus ကာကွယ်ပေးသော software များကို သုံးစွဲသင့်ပါသည်။ ၄င်း software များကိုလည်း အမြဲ Update လုပ်ပေးရပါသည်။
• မိမိတို့၏ သတင်းအလက်များ လုံခြုံစေရန်အတွက် သူတစ်ပါး အလွယ်တကူ မခန့်မှန်းနိုင်သော မိမိ၏ စနစ်တွင်းသို့ ၀င်မည့် Password များကို အသေအချာ ပေးသင့်ပါသည်။
• အနည်းဆုံးရက် ၉၀ လျှင် တစ်ကြိမ် အသစ်ပြန်လည် ပြောင်းသင့်ပါသည်။ Password များပေးလျှင်လည်း မိမိတို့ ကိုယ်ရေး ကိုယ်တာများနှင့် သက်ဆိုင်သော အမည်များ၊ တယ်လီဖုန်း နံပါတ်များ၊ မွေးနေ့ ရက်စွဲများ၊ Credit Card နံပါတ်များ၊ လိပ်စာများ စသည်ဖြင့် မပေးသင့်ပါ။
• သင်္ကေတများ၊ ဂဏန်းများ၊ အက္ခရာ အကြီးအသေးများ ပေါင်းစပ်၍ မိမိတို့၏ Password များကို ပေးသင့်ပါသည်။
• မိမိကွန်ပျူတာတွင် အခြား Device များကို မသုံးစွဲမီ ထိုပစ္စည်းများ virus ကင်းစင် စေရန်လည်း ပြုလုပ်ရပါမည်။
• အကယ်၍ virus တွေ့ရှိခဲ့လျှင်လည်း စနစ်ထိန်းချုပ် ကွပ်ကဲသူသို့ ချက်ချင်းအကြောင်းကြားသင့်ပါသည်။
• Cyber လုံခြုံရေး ထိခိုက်နိုင်သည့် ဖြစ်စဉ်များ ဖြစ်ပွားပါက သက်ဆိုင်ရာ cyber လုံခြုံရေး အဖွဲ့ကို ချက်ချင်း အကြောင်းကြားရန်။
• မိမိကွန်ပျူတာမှ အဝေးသို့ အထွက်ခွာမီ မိမိအကောင့်မှ ထွက်ခဲ့ရန်။
အပြင်သို့မထွက်ခွာမီ မိမိကွန်ပျူတာကို ပိတ်ထားခဲ့ရမည်။


source: http://www.mmcert.org.mm