Tuesday, June 28, 2011

StartupSlowFix

သူငယ်ချင်းတို့ရဲ့ကွန်ပြူတာ အပိတ်အဖွင့်မှာ နှေးတယ်လို့ထင်ပါသလား
ဒီဆော့ဝဲလ်လေးကပြုပြင်ပေးပါလိမ့်မယ်၊ အသုံးပြုရတာလွယ်ကူပါတယ်၊
Install ပြီးတာနဲ့ အရင် မ Run ပါနဲ့၊ ပြန်ပိတ်ထားလိုက်ပါ၊ ပိတ်ပြီးတာနဲ့
Key-Patch လေးကို Copy လုပ်ပြီး C:\Program Files\StartupSlowFix အထဲမှာ Paste လိုက်ပါ၊
ပြီးရင်နှစ်ချက်ဆင့်ကလစ်ပြီးဖွင့်လိုက်ပါ၊ ပေါ်လာတဲ့ Box လေးထဲမှာ
Patch ကိုကလစ်လိုက်ပါ၊ Done ဆိုတဲ့စာလေးပေါ်လာရင်Exit လိုက်ပါ သုံးလို့ရပါပြီ၊
ကောင်းမကောင်းဆိုတာတော့သုံးကြည့်မှသိမှာပါ၊စိတ်ဝင်စားရင် Down ယူလိုက်ပါ...။

                                               Key Patch ထည့်နည်းလေးပါ
                                             (1) Key Patch Box ထဲက Patch ကိုကလစ်ပါ



                                             ဒီပုံထဲကအတိုင်းပြီးသွားရင် သုံးလို့ရပါပြီ။

StartupSlowFix is the best tool that would help your speed up your computer boot all in one step. Fix slow startup computer and get rid of a sluggish performance right now. StartupSlowFix could be the best choice for you to speed up your computer boot.

FEATURES:
Easy Use and Free Scan
Free scan & diagnosis your slow computer startup.
Fix Your Slow Startup
Start up your computer as new.
User Related Errors
Scan and repair your user related errors.
Other Related Errors
Scan and repair your other related errors.

Download>>>။ letitbit ။ filesonic ။ mediafire ။ ziddu

Thursday, June 23, 2011

Gtalk အကြောင်း သိကောင်းစရာ (၂)

စာရိုက်တဲ့အခါ Font Size ကြီးကြီးမြင်ချင်ရင် Control ကိုဖိထားပြီး
Mouse အလယ်က Scroll Wheel ကိုလှည့်ကြည့်ပါ။ အကြီးအသေးပြောင်းပေးမယ်။

တစ်ဖက်ကို စာကြောင်းနှစ်ကြောင်း ခွဲရိုက်ချင်ရင် Shift+Enter ခေါက်ကြည့်။
အောက်တစ်ကြောင်း ဆင်းပေးတယ်။

ပိုပြီးထင်ရှားစေချင်တဲ့ စာကြောင်းတွေ၊ စာလုံးတွေကို အနက်ရောင် Bold တင်ချင်ရင် **နှစ်ခုကြားထဲသာ ထည့်ရိုက်ကြည့် အဲဒီ Star နှစ်ခုကြားတည်းကစာလုံးတွေ Bold ဖြစ်သွားလိမ့်မယ်။

စာလုံးကို အစောင်းအနေနဲ့ ထင်ရှားစေချင်ရင် Under Score __နှစ်ခုကြားထဲ
ထည့်ပြီးရိုက်ပါ။ အဲဒီ_ နှစ်ခုကြားထဲက စာလုံးတွေ စောင်းနေလိမ့်မယ်။

စာကြောင်းအလိုက် စာပိုဒ်အလိုက်တွေလည်း ဒီသင်္ကေတတွေကြားထဲမှာ
ထည့်သုံးလို့ရတယ်။ အများကြီး အများကြီးနဲ့ Q အဲမှားလို့ Chat ကြတဲ့သူတွေ Mouse
ကိုပြေးပြေးမကိုင်ချင်ရင် တစ်ယောက်နဲ့တစ်ယောက်ကို Ctrl+Tab နဲ့ Switch
လုပ်ပြီး ပြောင်းလို့ရတယ်။ Control ကိုဖိထားပြီး Tab လေးနှိပ်နှိပ်ပြီး
ပြောင်းရုံပဲ။

တစ်ခုစီ ပိတ်ချင်ရင်တော့ Ctrl+F4 ဆိုရပါပြီ။

G-Talk တွေအများကြီး ဖွင့်လို့ရအောင် ဒီလိုလုပ်ပါ။ Desktop ပေါ်မှာ
G-Talk Short Cut ရှိမယ်။ မရှိရင် တင်လိုက်ပါ။ ပြီးရင် Properties
ထဲကိုဝင်လိုက်ပါ။ Target ဆိုတဲ့ဘေးက Box ထဲက စားသားတွေနောက်မှာ /nomutex
လို့ပြင်လိုက်ပါ။  ဒီထက်လွယ် ချင်ရင်တော့ Desktop ပေါ်မှာ Right-Click နဲ့
New Shortcut ယူလိုက်ပါ။ အောက်ပါစာသားတွေရိုက်ထည့်လိုက်
ပါ။ " "များပါထည့် ရိုက်ပါ။ /nomutex ရှေ့တွေ Space ရှိပါတယ်။ "C:\program
files\google\googletalk\googletalk.exe" /nomutex ပြီးရင် next ဆိုတာနဲ့
Desktop ပေါ်မှာ G-Talk Shortcut ရောက်လာတဲ့အခါ စိတ်ရှိသလောက်သာ
ဖွင့်ပေတော့။

အဲနောက်တစ်မျိုးက အဲဒီ စာသားတွေကို Start ထဲက Run Box
ထဲသွားရိုက်ထည့်ပြီး OK ဆိုတိုင်း G-Talk တစ်ခု၊တစ်ခုပွင့်တယ်ဗျာ။
အရေးကြီးတာတစ်ခုပြောမယ်။ သူများဆီမှာ သုံးပြီးထသွားရင် Username
ကြီးကျန်ခဲ့မှာပေါ့။ ဒါကို Delete လုပ်သွားတတ်ကြတယ်။ မထင်နဲ့ Username
နေရာမှာ Click နှိပ်ပြီး Ctrl+Z နှိပ်ကြည့်၊ နောက်ဆုံးသုံးခဲ့တဲ့
Username ပြန်ပေါ်တယ်။ ဒါပေမယ့် Password တော့မရပါဘူး။ ဒါပေမယ့် Username
တွေသိကုန်မယ်လေ။ ဒါကိုရှင်းကြမယ် G-Talk လေးတွေ ဒီအတိုင်းပိတ်ပြီးသွားရင်
ညာဘက် အောက်က နာရီနေရာမှာ ကျန်သေးတယ်။ Sign-out လုပ်ပြီးလည်း
ခဲရောင်လေးအဖြစ်ကျန်တယ်။ အဲဒါလေးကို Right Click ထဲက Exit လုပ်လိုက်ရင်
ပိုကောင်းပါတယ်။ အဲဒီလို တခါတည်းတန်းပြီး Exit လုပ်ရင်လည်း အလိုလို
Sign-Out ဖြစ်ပါတယ်။

အခုကျန်ခဲ့တဲ့ Account တွေဖျက်ကြည့်မယ်။ Start ထဲက Run ထဲမှာ အခုလိုရိုက်ပါ။
"C:\program files\google\googletalk\googletalk.exe"/factoryreset
ဒါဆိုရင် G-Talk ကို Factory ထုတ်စကအတိုင်း reset ပြန်လုပ်ပေးသွားပါတယ်။
Install လုပ်ပြီးကာစ လုံးဝအသုံးမပြုရသေးတဲ့ G-Talk အသစ်စက်စက်လေးလိုပေါ့။
ကဲ Remember Password ကိုတော့ Sign-in မလုပ်ခင် Check လေးဖြုတ်လိုက်နော်။
အဲဒီလို Run ထဲ ခဏခဏ သွားမရိုက်ချင်ရင်တော့ New Shortcut တစ်ခုယူလိုက်ပါ။
အဲဒီစာသားတွေ ရိုက်ထည့်ပါ။ Next ပြီးရင် G-Talk Factory Reset သို့မဟုတ်
ကြိုက်ရာနာမည်ပေးပြီး Next လုပ်လိုက်တာနဲ့ Shortcut တစ်ခုရောက်လာမယ်။
အဲဒီ Shortcut လေး Double click နှိပ်ပေးလိုက်တာနဲ့ ရသွားပါပြီ။
အခြားလူတွေလည်း သုံးလို့ရသွားတာပေါ့။

Registery ကနေသွားကြည့်မယ်။ Windows ရဲ့ Registery ထဲက G-Talk ထဲမှာလည်း လုပ်စရာလေးတွေရှိတယ်။ Registery Editor ထဲကို Start ထဲက Run ထဲကနေ
regedit လို့ရိုက်ပြီး Enter ခေါက်ခေါ်လိုက်ရင် ရောက်လာပါလိမ့်မယ်။
Ggoogle Talk ကဘယ်မှာရှိ လဲဆိုတော့ HKEY_CURRENT_USER\Software\
Google\Google Talk အဲဒီထဲမှာရှိတယ်။  Google Talk ဆိုတဲ့အောက်က Account ဆိုတဲ့အောက်မှာ ဒီG-talkမှာ သုံးသွားသမျှ Account တွေအားလုံးမှတ်ထားတယ်။ အဲဒါကြောင့် ကျန်နေတာပါ။ ဒီမှာ ဘယ်သူတွေ Sign-in ၀င်ခဲ့သလဲဆိုတာ အားလုံးသိရမယ်။ ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့
Factory Reset လုပ်လိုက်ရင်တော့ အားလုံးအပြောင်ပဲ။
အကယ်၍များ G-Talk လေးက System Tray လေးထဲမှာ ပုန်းနေလားဆိုတာကိုသိချင်ရင်
Window Key + Esc ကိုနှိပ်ကြည့်လိုက်ရင် ထွက်ပေါ်လာလိမ့်မယ်။

 Emotion လေးတွေကို G-talk ကအပြာရောင်လေးတွေနဲ့ပြပေးနိုင်
တယ်။ ခေါင်းလေးကို ဘယ်ဘက်စောင်းလေးကြည့်ရင်တော့ မျက်နှာလေးတွေ ပိုပီပြင်တာပေါ့
:-l  :-O  :-x  :-P  :-D  ;-)  :-(  :l  :O  :X  :P  :D  :)  :(  ;-l  ;-O  ;-x  ;-P  ;-D
;-)   ;-(   ;l   ;O   ;x   ;P   ;D   ;)   ;(   B-l   B-O   B-x   B-P   B-D   B-)   B-(    B'(   BO   Bx   BD
B)   B(   B)

G-Mail ထဲကနေသွား Chat မယ်ဆိုရင်တော့ Emotion လေးတွေကို Animation
လေးတွေနဲ့ပါ ပြပေးတယ်။

G-Mail ရဲ့အထဲက G-talk မှာ Sign Out လုပ်တဲ့ မြှားလေးကို Invisible လို့ပြောင်းလိုက်ရင် ကိုယ့်ကို offline
အနေနဲ့ပဲမြင်ရတော့မယ်နော်။ G-Mail ထဲဝင်ပုန်း နေလို့ G ပုန်းကြီးလို့လဲ ခေါ်ကြတယ်ဗျာ။


*Pidgin အစွမ်း*

G-Talk ကနေမဟုတ်ပဲ Pidgin ဆိုတဲ့ Application လေးနဲ့သုံးကြည့်ရအောင်။
Pidgin ဆိုတဲ့ Application လေးကလည်း Free ရပြီး G-Talk မှမဟုတ်ပါဘူး။ IM
တော်တော်များများ သုံးလို့ရတယ်။ Windows မှာတင်မဟုတ်ပဲ Open Source
တွေအတွက်လဲရှိတယ်။ သူ့ကို www.pidgin.im ကနေသွားပြီး Download
လုပ်လို့ရတယ်။ ပြီးရင် Install လုပ်ပြီး သုံးရုံပါပဲ။
တကယ်လို့ Install လုပ်ဖို့အခွင့်အရေးမရှိဘူး။ ဒီ Application လေးကို
သွားလေရာသယ်သွားချင်တယ်ဆိုရင်တော့ Portable Version လည်းရနိုင်တယ်။
Memory Stick ထဲကို Install ဖြည်ထည့်ထားပြီးသုံးရုံပဲ။
Website လိပ်စာက http://portableapps.com/apps/internet/pidgin_portable
ပါ။ အဲဒီမှာ Free Download လုပ်လို့ရပါမယ်။
အဲဒီ Pidgin လေးမှာ အစွမ်းအစအချို့အသုံးချကြည့်မယ်။
အရင်ဆုံးအသုံးဝင်မယ်ထင်တာလေးတွေပြောမယ်။ ကိုယ့်ကို Block လုပ်ထားလား၊
မလုပ်ထားလား၊ ဒီ Pidgin ထဲကနေ၀င်ပြီး Check လုပ်လို့ရတယ်။ သူကကိုယ့်ကို
Block လုပ်ထားလားမလုပ်ထားလားသိချင်ရင် သူ့ Account ပေါ်
Right-Clickနှိပ်ပြီး အပေါ်ဆုံးက Get Info ဆိုတာကိုနှိပ်ကြည့်ပါ။
တကယ်လို့ Block လုပ်ထားတယ်ဆိုရင် သူ့ရဲ့ information (pics,username)တွေဘာမှမြင်ရမှာ မဟုတ်ပါဘူး။ Offline လို့ပဲပြလိမ့် မယ်။ သူ့ရဲ့ Information လေးတွေ တွေ့ရပြီဆိုရင်တော့ ဒါကိုယ့်ကို block မလုပ်ထားပါဘူး။ ဒါက online မှာရှိရှိ၊ မရှိရှိ ကြည့်လို့ရ တယ်။
ဒီ Information မှာပေါ်လာတဲ့ ပုံလေးကို Right-click နှိပ်ပြီး Save Image
လုပ်ကာသိမ်းထားလို့ရတယ်။ ဒါပေမယ့် Resolution က တော့ 96 x 96 ပဲရလိမ့်မယ်။
ဒီ Pidgin ကို Portable အနေနဲ့ပဲ ကိုယ့်ရဲ့ Memory Stick ထဲမှာသုံးစေချင်တယ်။ သူက Account တွေကိုသိမ်းထားပေးတယ်လေ။ အကယ်၍ မဖျက်ခဲ့မိရင်တောင် ကိုယ့် Drive ထဲမှာဆိုတော့ ပြဿနာမရှိတော့ပါဘူး။ Menu Bar က Accounts ထဲမှာ Manage Account ဆိုတာရှိတယ်။ အဲဒီထဲမှာ Account တွေအများကြီး သိမ်းထားမလား၊ Password တွေပါပါလား၊ Accounts တွေဖြုတ်မလား
စီမံလို့ရပါတယ်။ ထွက်ချင်ရင်တော့ Buddies ထဲကနေ Quit သာနှိပ်လိုက်တော့။
ဒီလောက်ဆိုရင်တော့ G-talk ကိုမွှေနှောက်လို့ရ လောက်ပါပြီ။

Reference: PC World Magazine.

Sunday, June 19, 2011

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ....?

ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီးတစ်
ယောက်က ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း ၊ တံငါသည်တစ်
ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရ
လေသည် ။ သူ့ ပုံစံကိုကြည့်ကာ သူဌေးကြီးစိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။

`` မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း "

"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ ´´ တံငါသည်က ဖြေသည် ။

`` ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ´´

`` ဖမ်းပြီး ဘာလုပ်ရမှာလည်း ´´

`` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ် ၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ် ၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။ နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက်အမြောက်အမြားလဲဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ"

သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။

" အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊ "

" အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊ "

" သြော် ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ " ။     ။

Anehony DeMello ၏ How Much Is Enough

ဖေမြင့် ဘာသာပြန်သည် ။

The Easiest, Fastest Way to Update or Install Software

ဒီ ဆိုဒ်လေးက တော်တော်လေးကို အဆင်ပြေလို့ သူငယ်ချင်း၊ မိတ်ဆွေအားလုံးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ window အပြင် linux အတွက်ပါ software များကို  install အဆင်သင့်လုပ်ရုံပါပဲ။ ကိုယ်လိုချင်တဲ့ Application လေးတွေကို mark လုပ်ပြီး Get installer ဆိုတာနဲ့ အဆင်ပြေပါပြီ။  



အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ...

Tuesday, June 14, 2011

မသိသေးတဲ့အတိုင်း (As if you didn’t already know! )


တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ဦး၏ အသွင်သဏ္ဍာန် သို့မဟုတ် ထင်ရသော အနေအထားကို ဖော်ပြလိုပါက as if ကို သုံးနိုင်ပါသည်။ as though ကိုလည်း as if နဲ့ ထပ်တူ သုံးစွဲနိုင်ပါသည်။

ဥပမာအချို့ကို ဖော်ပြထားပါသည်။ ဘာသာပြန်ဆိုချက်၏ နောက်တွင် အဓိပ္ပါယ်ရှင်းလင်းချက် သို့မဟုတ် အဓိပ္ပာယ်သက်ရောက်ပုံ သို့မဟုတ် အခြေအနေကို ဖော်ပြထားပါသည်။

* He looks as if/though he hasn’t slept all night. (သူ့ပုံစံက တစ်ညလုံး မအိပ်ရတဲ့အတိုင်းဘဲ) (သူ၏ အသွင်သဏ္ဍာန်ကို ကြည့်ခြင်းဖြင့် ထင်မြင်ယူဆရချက်ဖြစ်သည်။ ဆိုလိုသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေသည့် အသွင်ရှိသည်။)
* It feels as if/though summer’s on the way. (နွေရာသီရောက်တော့မယ့်အတိုင်းဘဲ ခံစားရတယ်) (ပူနွေးသောလေ၊ နေသာသော ကောင်းကင်တို့ကို ကြည့်၍ ယင်းသို့ ထင်မြင်ယူဆရခြင်းဖြစ်သည်။)
* It sounds as if/though they’ve arrived. (အသံနားထောင်ကြည့်ရတာ သူတို့ ရောက်လာတဲ့အတိုင်းဘဲ) (ကားတစ်စင်း ထိုးဆိုက်သည့်အသံ၊ တံခါးများ ပွင့်လာသည့်အသံ၊ ပြင်ပတွင် လူများ စကားပြောဆိုနေကြသည့် အသံများကို ကြားရသဖြင့် ယင်းသို့ ထင်မြင်ယူဆရခြင်းဖြစ်သည်။)


အစစ်အမှန်ဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း ဖော်ပြရန်အတွက် as if နှင့် as though ကို အတိတ်ကာလ ကြိယာ past verb tense နှင့်လည်း တွဲသုံးနိုင်ပါသည်။

* She behaves as if/though she were the Queen. (ဘုရင်မကြီးပုံစံဖမ်းနေတယ်) (ဘုရင်မကြီးမဟုတ်သည်မှာ သိသာထင်ရှားပါသည်။)
* He walks as if/though he were an old man. (အဖိုးကြီးလို လမ်းလျှောက်တယ်) (တကယ်တော့ အသက်မကြီးသေးပါ။)
* They talk as if/though the world were coming to an end. (ကမ္ဘာပျက်တော့မည့်အလား ပြောဆိုနေကြသည်) (ကမ္ဘာကြီး အဘယ်မှာ ပျက်ဦးမည်နည်း။)


အောက်ဖော်ပြပါ ဝါကျ နှစ်ကြောင်းကို နှိုင်းယှဉ် ကြည့်ပါ။

* He looks as if/though he’s sick. (နေမကောင်းတဲ့ပုံဘဲ) (နေမကောင်းပါ)
* He talks as if/though he were sick. (နေမကောင်းတဲ့ပုံနဲ့ စကားပြောတယ်) (တကယ်တော့ နေမကောင်းတာ မဟုတ်ပါ။)


အလွတ်သဘော ပြောဆိုရာတွင် as if/though နေရာ၌ like ကို သုံးစွဲနိုင်ပါသည်။

* He looks like he hasn’t slept all night. (သူ့ပုံစံက တစ်ညလုံး မအိပ်ရတဲ့အတိုင်းဘဲ)
* It feels like summer’s on the way. (နွေရာသီရောက်တော့မယ့်အတိုင်းဘဲ ခံစားရတယ်)
* It sounds like they’ve arrived. (အသံနားထောင်ကြည့်ရတာ သူတို့ ရောက်လာတဲ့အတိုင်းဘဲ)



အနည်းငယ် လေ့ကျင့်ကြည့်ကြပါစို့။ စကားစုများ၏ ပထမအပိုင်းများကို အောက်တွင် ပေးထားပါသည်။

1) He walks with a limp, (သူလမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ဖြစ်တယ်)

2) She’s so pale! (သူမ မျက်နှာ အရမ်းဖြူပတ်ဖြူယော်နဲ့)

3) These children make so much noise! (ဒီကလေးတွေ ဆူညံလိုက်တာ)

4) It’s been very cold lately. (ခုတလောသိပ်အေးတာဘဲ)

5) He won’t mention any names. (ဘယ်သူ့နာမည်ကိုမှ သူက မပြောဘူး)

6) She talks as if she were a millionaire, (သူမ စကားပြောတာ သန်း ကြွယ်သူဌေးပုံစံဖမ်းနေတယ်)

7) They talk as though they were angels, (စကားပြောတာ နတ်သားနတ်သမီးတွေ ကျနေတာဘဲ)

8) He behaves as though he knew all the answers, (အဖြေတွေအားလုံး သိထားသလို ပြုမူတယ်)

9) She behaves as though she were the only driver on the road, (သူမ ကားမောင်းပုံက လမ်းပေါ်မှာ သူတစ်ယောက်တည်း ကားမောင်းတဲ့သူရှိတာ ကျနေတာဘဲ)

10) Although it happened years ago, (လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ခဲ့တာပေမယ့်)



သက်ဆိုင်ရာ ဒုတိယအပိုင်းများနှင့် မှန်ကန်အောင် တွဲပေးပါ။ ဆောင်းပါးအဆုံးတွင် အဖြေများကို ဖော်ပြထားပါသည်။



(က) It sounds as though there were a herd of elephants in the next room. (ဟိုဘက်အခန်းထဲ ဆင်အုပ်တစ်အုပ် ရောက်နေသလိုဘဲ)

(ခ) but he is actually quite ignorant. (ဒါပေမယ့် တကယ်တော့ သူဘာမှ သိနားလည်တာ မဟုတ်ဘူး)

(ဂ) She looks as though she’s seen a ghost. (သူမပုံစံက သူရဲကို တွေ့လိုက်ရတဲ့ပုံမျိုး)

(ဃ) not paying attention to other motorists. (အခြားကားမောင်းတဲ့သူတွေကို ဂရုလုံးဝ မစိုက်ဘူး)

(င) I remember it as if it were yesterday. (မနေ့ကဖြစ်ခဲ့တဲ့အတိုင်း မှတ်မိနေတယ်)

(စ) as though his leg was hurting him. (ခြေထောက်နာနေတဲ့ ပုံစံမျိုးဘဲ)

(ဆ but really they’re naughty children. (ဒါပေမယ့် တကယ်တမ်းမှာတော့ လိမ္မာတဲ့ကလေးတွေ မဟုတ်ဘူး)

(ဇ) It seems as if he’s trying to protect someone. (သူတစ်ယောက်ယောက်ကို အကာအကွယ်ပေးနေတဲ့ ပုံမျိုးဘဲ)

(ဈ) It feels as if winter is coming. (ဆောင်းရောက်တော့မယ်လို့ ခံစားရတယ်)

(ည) but actually she’s quite poor. (ဒါပေမယ့် တကယ်တော့ သူမဟာ အတော်ဆင်းရဲရှာတယ်)



• အဖြေမှန်များမှာ ၁-စ၊ ၂-ဂ၊ ၃-က၊ ၄-ဈ၊ ၅-ဇ၊ ၆-ည၊ ၇-ဆ၊ ၈-ခ၊ ၉-ဃ၊ ၁ဝ-င ဖြစ်ပါသည်။


(Guy Perring ၏ As if you didn’t already know! အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

( www.myanmar-network.net/forum/topics/as-if-you-didnt-already-know မှကူးယူထားခြင်းဖြစ်ပါသည်)

ဟာသပဒေသာ (၁၄)

ရေကူးလျှင် ၀တ်စုံခိုင်ပါစေ...သတိ

အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။
ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့
"အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာ ဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့ စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။
နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက
"မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ"
ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေနောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ် ကြောင့်  အမေမူးလဲသွားတယ်။ လူတွေဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံး ပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။

Thursday, June 9, 2011

အသုံးများသောစကားစုများ (Interruption - ကြားဖြတ်ပြောဆိုခြင်း)

အင်္ဂလိပ်ဘာသာစကားကို အသုံးပြုသော စီးပွားရေးလုပ်ငန်းများတွင် တစ်စုံတစ်ယောက် ပြောဆိုနေသော ကိစ္စ (သို့မဟုတ်) စကားကို ကြားဖြတ်ပြောဆိုခြင်းအား လက်ခံနိုင်ဖွယ် ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆသည်။ သို့သော် တစ်စုံတစ်ယောက် ပြောဆိုသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရာ၌ ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုရန် အရေးကြီးသည်။ထို့အပြင် မိမိ၏ ထင်မြင်ချက်အား ပေါ်လွင်စေရန် ကျယ်လောင်စွာ ပြောဆိုခြင်းအား ရိုင်းပျသောအပြုအမူဟုယူဆပါသည်။

တစ်စုံတစ်ယောက် ပြောဆိုနေသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရာ၌ အသုံးပြုနိုင်သော စကားစုများ။

* Sorry to interrupt you …… (စကားဖြတ်ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်။)
* I apologize for interrupting but  (အနှောင့်အယှက် ပေးမိတဲ့အတွက်တောင်းပန်ပါတယ်။ ဒါပေမဲ့….)


တစ်စုံတစ်ယောက် ပြောဆိုနေသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရန် ခွင့်တောင်းရာ၌ အသုံးပြုနိုင်သော အမေးစကားစုများ။

* Could I come in here? (ကျွန်တော် ဒီကိစ္စမှာ နည်းနည်းလေးဝင်ပြောလို့ရမလား ခင်ဗျား)
* Could I make a point here? (ကျွန်တော် ဒီနေရာမှာ တစ်ချက်လောက် ပြောပါရစေ။)
* Could I just comment on that? (ကျွန်တော် အဲဒီကိစ္စ အတွက် မှတ်ချက်ပေးလို့ရမလား ခင်ဗျား။)


တစ်စုံတစ်ယောက် ပြောဆိုနေသော အကြောင်းအရာ (သို့မဟုတ်) စကားအား ကြားဖြတ်ပြောဆိုရန် ခွင့်တောင်းရာ၌ စကားစုများကို သာမက တစ်ခြားသော နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာ အားဖြင့် မိမိ၏ ထင်မြင်ချက်အား ပြောဆိုရန်အတွက် ညင်သာစွာ ချောင်းဟန့်ခြင်းဖြင့် လူအများ၏ အာရုံစူးစိုက်မှုကို ရရှိနိုင်ပါသည်။

Read more: အသုံးများသောစကားစုများ (Interruption - ကြားဖြတ်ပြောဆိုခြင်း) - Myanmar Network

ဒါတွေကို သင်ပိုင်ဆိုင်ပါစေ

  • အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။
  • တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။ 
  • တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။ 
  • ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။ 
  • သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင့်"ကိုပဲ ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။
  • အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။ 
  • သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်။
  • သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။ 
  • ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။ 
  • အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။
  • အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။
  • လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။ 
  • အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။ 
  • သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။
  • ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။
  • တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။
  • ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။
  • များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။
  • မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။
  • သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။
  • သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။
  • စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန်းစားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။ 
  • သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။
  • လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။ တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ 
  • သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။ သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။
  • အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
  • ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။ အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။
  • ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။
  • အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညှင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။ 
  • အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။ 
  • အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။ 
  • နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။
  • ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။

အေးချမ်း ပျော်ရွှင်ပါစေ...

Wednesday, June 8, 2011

Extra Photo to Video Converter


ဓါတ်ပုံလေးတွေကို အဆင်ပြေပြေ Slide ပုံစံနဲ့ သီချင်းလေးတွေအဖြစ် ပြောင်းချင်သူများအတွက်ပါ။ slide ကိုလည်း ကြိုက်နှစ်သက်ရာ ရွေးသုံးနိုင်ပါတယ်။ တစ်ခုလေးတော့ သတိထားပါ သီချင်း ကြာချိန်နဲ့ ဓာတ်ပုံ Slide ကြာချိန်လေးကိုတော့ နည်းနည်း ညှိပေးရပါတယ်။ သုံးရလွယ်ကူပြီး ဖိုင်ဆိုဒ်လည်း နေရာ မယူတဲ့အတွက် သုံးရအဆင်ပြေပါတယ်။ စမ်းသုံးကြည့်လိုက်ပါအုံး။ အဆင်မပြေတာလေးရှိရင် မေးနိုင်ပါတယ်...

ဒီမှာ ယူလိုက်ပါ... 


                  အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။  ။

Monday, June 6, 2011

The happiness as a flower...

(၁)

ပန်းချီဆရာတစ်ဦးဖြစ်ဖို့ ငယ်ငယ်လေးတည်းက ကျွန်မစိတ်ကူးခဲ့တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ကျွန်မ ပန်းချီပဲဆွဲနေခဲ့တယ်။ ပန်းချီဆွဲတာကို နှစ်သက်စွဲလမ်းတဲ့ကျွန်မကို ဖေဖေက ပန်းချီဆရာတစ်ဦးဆီ အပ်ပေးခဲ့တယ်။ ကျွန်မဆွဲတဲ့ပန်းချီကို ကြည့်ပြီး ပန်းချီဆရာက ကျွန်မကိုမေးတယ်။

"သမီး... ဘာဖြစ်လို့ ပန်းချီဆွဲသင်ရတာလဲ?"

"ပန်းချီဆရာတစ်ဦးဖြစ်ချင်လို့ပါ"

"ပန်းချီဆွဲသင်တဲ့သူတိုင်း ပန်းချီဆရာ မဖြစ်ဘူးနော် သိလား? ပန်းချီဆွဲနေတဲ့အချိန် သမီး ပျော်လား?"

"ပျော်တယ်"

"ပျော်ရင် ပြီးတာပဲ!"

ပန်းချီဆရာက လောကမှာ ပန်းနှစ်မျိုးရှိကြောင်း ကျွန်မကိုပြောပြတယ်။ ပထမပန်းတစ်မျိုးက အသီးသီးနိုင်တယ်။ နောက်ပန်းတစ်မျိုးက အသီးမသီးနိုင်ဘူး။ ဒါပေမယ့် အသီးမသီးနိုင်တဲ့ပန်းက ပိုလှတယ်။ ဥပမာ - နှင်းဆီပန်းလိုပေါ့။ နှင်းဆီပန်းဟာ လှပမွှေးကြိုင်တယ်။ သူဟာ အသီးမသီးနိုင်လို့ဆိုပြီး လှလှပပ ပွင့်လန်းနိုင်တဲ့အပျော်ကို လက်မလွတ်ခဲ့ဘူး။

လူတွေကလည်း ပန်းနဲ့တူတယ်။ လူတစ်မျိုးက စီးပွားရေး အလုပ်အကိုင်တွေနဲ့ ကြီးပွားအောင်မြင်နိုင်တယ်။ နောက်လူတစ်မျိုးက ဘာကြီးကြီးမားမား အောင်မြင်မှုတွေမရှိဘူး။ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။ သာမန်လူဆိုပေမယ့် ရင်ထဲမှာ ပျော်ရွှင်မှုရှိမယ်။ မျက်နှာပေါ်မှာ အရယ်အပြုံးတွေရှိမယ်ဆိုရင် သူဟာ နှင်းဆီပန်းလိုပဲ လှပမွှေးကြိုင်နိုင်တယ်။ လူတကာရဲ့ အားကျနှစ်သက်တာကို ခံနိုင်ပါတယ်။

ပန်းချီဆရာအိမ်ကနေ ကျွန်မ မထွက်ခွာခင် ပန်းချီဆရာက ကျွန်မပုခုံးကို ပုတ်ပြီး "ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပျော်ရွှင်တဲ့လူကမှ ပျော်ရွှင်တဲ့ဘဝကိုရတယ်။ ပျော်ရွှင်တဲ့လူကမှ ဘဝရဲ့ပျော်ရွှင်တဲ့ နေရောင်ခြည်ကို ရနိုင်တယ်... သမီး" လို့ ပြောခဲ့တယ်။

(၂)

တစ်ခုသော နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့ ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။ ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့ သူပြန်ဖြေတယ်။ ချိပ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို မျှားနေတာပါလို့ ပြန်ဖြေတယ်။

ကောင်မလေးစကားကြောင့် သူငယ်ချင်းတစ်ယောက်ရဲ့အပြောကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီသူငယ်ချင်းက ငါးမျှားရတာကို နှစ်သက်သူဖြစ်တယ်။ ငါးမျှားဖို့ မနက်အစောကြီး သူထွက်သွားတတ်ပြီး ညနေမှ အိမ်ပြန်တတ်တယ်။ တစ်ခါက ပုခြုပ်ထဲ ငါးတစ်ကောင်မှမပါဘဲ လေတချွန်ချွန်နဲ့ ငါးမျှားရာကနေ သူပြန်လာခဲ့တယ်။ ဒါကို တခြားသူငယ်ချင်းတစ်ယောက်က "ခင်ဗျား တစ်နေ့ကုန်ငါးထိုင်မျှားတာ ငါးတစ်ကောင်မှ မရခဲ့တာတောင် ခင်ဗျားပျော်နိုင်တာပဲနော်" လို့ မေးခဲ့တယ်။

"ငါးမျှားချိပ်ကို ငါးမဟပ်တာ ငါးနဲ့ပဲဆိုင်တယ်။ ကျွန်တော်ကတော့ ပျော်ရွှင်ခြင်းတွေကို တစ်နေကုန် ထိုင်မျှားခဲ့တယ်"လို့ သူပြန်ဖြေပါတယ်။ တကယ့်မျှားသူတွေအတွက် အကောင်းဆုံးငါးဟာ ပျော်ရွှင်ခြင်းတွေပဲဖြစ်တယ်။

"ကောင်းကင်မှာ ငှက်တွေရဲ့ခြေရာ ထင်ကျန်မနေခဲ့ဘူး။ ဒါပေမယ့် ငှက်တွေ ပျံသန်းကြတယ်" ဒီကဗျာကို ဖတ်ခဲ့ရတုန်းက ကဗျာဟာ အရမ်းလှတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်နေရာမှာ လှနေမှန်း ကျွန်မ မပြောတတ်ခဲ့ဘူး။ အခုချိန်ကျမှ အဲဒီသူငယ်ချင်းရဲ့ကိုယ်ပေါ်ကနေ ဒီကဗျာရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်လိုက်တယ်။ "ပျံသန်းရတဲ့ ရည်ရွယ်ချက်က ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို ခံစားဖို့ဖြစ်တယ်"

အဲဒီလိုပဲ ဘဝဟာလည်း ကျွန်မတို့ပျော်ရွှင်ခဲ့တဲ့ ခြေရာကိုချန်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ပျော်ရွှင်ခဲ့ဖို့ လိုတယ်။ ဘဝအတွက် အကောင်းဆုံးငါးဆိုတာ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ မျှားတတ်ရမယ်။

(၃)

သိပ်မကြာခင်က Icelandအကြောင်း မိတ်ဆက်ရေးသားထားတဲ့ စာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရတယ်။ Icelandရဲ့တည်နေရာက ချမ်းအေးတဲ့ Atlantic သမုဒ္ဒရာရဲ့ မြောက်အရပ်မှာဖြစ်တယ်။ အဲဒီနေရာရဲ့ ၁၃%ဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာပေါ်မှာ မီးရှင်တောင်တွေ အများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်လည်းဖြစ်ခဲ့တယ်။ ဆောင်းရာသီမှာ ညတာရှည်ပြီး တစ်နေ့မှာ နာရီ(၂ဝ)လောက်ဟာ မှည်းမှောင်နေတယ်။ ဒါပေမယ့် Icelandမှာနေထိုင်သူတွေဟာ သေဆုံးနှုန်းနည်းပြီး ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။

ဆိုးရွားတဲ့ ရာသီဥတု ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ Iceland လူတွေဟာ သေဆုံးနှုန်းနည်းပြီး ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့သလဲ?

ဒီလိုအမေးကို အဖြေရှာဖို့ အမေရိကန်က The Gallup Organization ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ(၁၈)နိုင်ငံမှာနေထိုင်တဲ့ ပြည်သူလူထုတွေကို ရွေးပြီး လေ့လာဆန်းစစ်ခဲ့တယ်။ နောက်ဆုံးရလဒ်က Iceland မှာနေထိုင်သူတွေဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူတွေဖြစ်နေတာကို တွေ့ခဲ့ရတယ်။ Iceland က မေးမြန်းခံရသူပေါင်း ၂သိန်း၇သောင်းမှာ ၈၂%ရှိလူတွေဟာ သူတို့ရဲ့နေထိုင်မှုတွေကို သူတို့အားရကျေနပ်ကြောင်း ဖော်ပြခဲ့တယ်။ Iceland က လူတွေအသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ ပျော်ရွှင်လို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဟာ ဘဝမှာ အကောင်းဆုံး ဆေးတစ်လက်ဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ဘဝမှာ ပွင့်လန်းတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။ အဲဒီပန်းပွင့်ဟာ ကျွန်မတို့ရဲ့ အိုမင်းရင့်ရော်ခြင်းကို တုံ့နှေးစေသလို ကျွန်မတို့ရဲ့ စိတ်နှလုံးကိုလည်း ကြည်နူးအေးချမ်းစေတယ်။ ဘဝရဲ့ အခက်အခဲကြားကနေ လောကရဲ့လှပတဲ့နေရောင်ခြည်ကိုလည်း တွေ့မြင်စေနိုင်ပါတယ်။

( translated by 99sanay)

Sunday, June 5, 2011

Special Uses of Some Conjunctions

Since
As a conjunction since means ‘from and after the time when’.
I have never seen him since I left school.
Many things have happened since he died.
We have been living here since I was a boy.
It has been raining since we reached the city.
Note that when since is used as a conjunction denoting time it should be preceded by a verb in the present perfect, and followed by a verb in the past tense.
Since can also mean ‘seeing that’, ‘as’, ‘inasmuch as’ and similar ideas.
Since that is the case, I will excuse you. (= As that is the case, I will excuse you.)
Since it is raining, we can’t go out. (= As it is raining, we can’t go out.)

OR
The conjunction or is used to introduce an alternative.
You can have tea or coffee.
We can wait or we can go.
You may take this or that.
Or can mean otherwise.
You must study hard or you will not pass.
In some cases or can be used as an equivalent to and.
They were not wanting in strength or courage, but they were poorly motivated. (= They were not wanting in strength and courage but they were poorly motivated.)

If
If can mean ‘on the condition that’.
If he comes we will meet him.
If you ask, he will help.
If you heat ice, it melts.
If can also mean ‘admitting that’.
If I am blunt, I am at least honest. (Admitting that I am blunt, I am at least honest.)
If can mean ‘whether’.
I asked him if he would come.
I don’t know if she is interested in the offer.
If is also used to express wish or surprise.
If only I knew!

That
As a conjunction that is used to express a reason or cause.
He was annoyed that he was contradicted. (= He was annoyed because he was contradicted.)
She was upset that he didn’t write to her. (= She was upset because he didn’t write to her.)
That can express a purpose.
We eat that we may live.
We sow that we may reap.
That is also used to express consequence, result or effect.
He was so angry that he tore the letter up.
She was so weak that she sat down to rest.
It was so late that we didn’t go out.

Than
As a conjunction, than is used with comparative adjectives and adverbs.
She is taller than her husband.
Wisdom is better than riches.
I love you more than he does.

While
While means ‘during the time that which’.
While you were playing I was working.
While there is life, there is hope.
The boys sang while the girls danced.
While can also mean ‘whereas’.
While
he is hard working, his brother is quite lazy.
source: http://www.englishpractice.com