Tuesday, June 14, 2011

မသိသေးတဲ့အတိုင်း (As if you didn’t already know! )


တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ဦး၏ အသွင်သဏ္ဍာန် သို့မဟုတ် ထင်ရသော အနေအထားကို ဖော်ပြလိုပါက as if ကို သုံးနိုင်ပါသည်။ as though ကိုလည်း as if နဲ့ ထပ်တူ သုံးစွဲနိုင်ပါသည်။

ဥပမာအချို့ကို ဖော်ပြထားပါသည်။ ဘာသာပြန်ဆိုချက်၏ နောက်တွင် အဓိပ္ပါယ်ရှင်းလင်းချက် သို့မဟုတ် အဓိပ္ပာယ်သက်ရောက်ပုံ သို့မဟုတ် အခြေအနေကို ဖော်ပြထားပါသည်။

* He looks as if/though he hasn’t slept all night. (သူ့ပုံစံက တစ်ညလုံး မအိပ်ရတဲ့အတိုင်းဘဲ) (သူ၏ အသွင်သဏ္ဍာန်ကို ကြည့်ခြင်းဖြင့် ထင်မြင်ယူဆရချက်ဖြစ်သည်။ ဆိုလိုသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေသည့် အသွင်ရှိသည်။)
* It feels as if/though summer’s on the way. (နွေရာသီရောက်တော့မယ့်အတိုင်းဘဲ ခံစားရတယ်) (ပူနွေးသောလေ၊ နေသာသော ကောင်းကင်တို့ကို ကြည့်၍ ယင်းသို့ ထင်မြင်ယူဆရခြင်းဖြစ်သည်။)
* It sounds as if/though they’ve arrived. (အသံနားထောင်ကြည့်ရတာ သူတို့ ရောက်လာတဲ့အတိုင်းဘဲ) (ကားတစ်စင်း ထိုးဆိုက်သည့်အသံ၊ တံခါးများ ပွင့်လာသည့်အသံ၊ ပြင်ပတွင် လူများ စကားပြောဆိုနေကြသည့် အသံများကို ကြားရသဖြင့် ယင်းသို့ ထင်မြင်ယူဆရခြင်းဖြစ်သည်။)


အစစ်အမှန်ဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း ဖော်ပြရန်အတွက် as if နှင့် as though ကို အတိတ်ကာလ ကြိယာ past verb tense နှင့်လည်း တွဲသုံးနိုင်ပါသည်။

* She behaves as if/though she were the Queen. (ဘုရင်မကြီးပုံစံဖမ်းနေတယ်) (ဘုရင်မကြီးမဟုတ်သည်မှာ သိသာထင်ရှားပါသည်။)
* He walks as if/though he were an old man. (အဖိုးကြီးလို လမ်းလျှောက်တယ်) (တကယ်တော့ အသက်မကြီးသေးပါ။)
* They talk as if/though the world were coming to an end. (ကမ္ဘာပျက်တော့မည့်အလား ပြောဆိုနေကြသည်) (ကမ္ဘာကြီး အဘယ်မှာ ပျက်ဦးမည်နည်း။)


အောက်ဖော်ပြပါ ဝါကျ နှစ်ကြောင်းကို နှိုင်းယှဉ် ကြည့်ပါ။

* He looks as if/though he’s sick. (နေမကောင်းတဲ့ပုံဘဲ) (နေမကောင်းပါ)
* He talks as if/though he were sick. (နေမကောင်းတဲ့ပုံနဲ့ စကားပြောတယ်) (တကယ်တော့ နေမကောင်းတာ မဟုတ်ပါ။)


အလွတ်သဘော ပြောဆိုရာတွင် as if/though နေရာ၌ like ကို သုံးစွဲနိုင်ပါသည်။

* He looks like he hasn’t slept all night. (သူ့ပုံစံက တစ်ညလုံး မအိပ်ရတဲ့အတိုင်းဘဲ)
* It feels like summer’s on the way. (နွေရာသီရောက်တော့မယ့်အတိုင်းဘဲ ခံစားရတယ်)
* It sounds like they’ve arrived. (အသံနားထောင်ကြည့်ရတာ သူတို့ ရောက်လာတဲ့အတိုင်းဘဲ)



အနည်းငယ် လေ့ကျင့်ကြည့်ကြပါစို့။ စကားစုများ၏ ပထမအပိုင်းများကို အောက်တွင် ပေးထားပါသည်။

1) He walks with a limp, (သူလမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ဖြစ်တယ်)

2) She’s so pale! (သူမ မျက်နှာ အရမ်းဖြူပတ်ဖြူယော်နဲ့)

3) These children make so much noise! (ဒီကလေးတွေ ဆူညံလိုက်တာ)

4) It’s been very cold lately. (ခုတလောသိပ်အေးတာဘဲ)

5) He won’t mention any names. (ဘယ်သူ့နာမည်ကိုမှ သူက မပြောဘူး)

6) She talks as if she were a millionaire, (သူမ စကားပြောတာ သန်း ကြွယ်သူဌေးပုံစံဖမ်းနေတယ်)

7) They talk as though they were angels, (စကားပြောတာ နတ်သားနတ်သမီးတွေ ကျနေတာဘဲ)

8) He behaves as though he knew all the answers, (အဖြေတွေအားလုံး သိထားသလို ပြုမူတယ်)

9) She behaves as though she were the only driver on the road, (သူမ ကားမောင်းပုံက လမ်းပေါ်မှာ သူတစ်ယောက်တည်း ကားမောင်းတဲ့သူရှိတာ ကျနေတာဘဲ)

10) Although it happened years ago, (လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ခဲ့တာပေမယ့်)



သက်ဆိုင်ရာ ဒုတိယအပိုင်းများနှင့် မှန်ကန်အောင် တွဲပေးပါ။ ဆောင်းပါးအဆုံးတွင် အဖြေများကို ဖော်ပြထားပါသည်။



(က) It sounds as though there were a herd of elephants in the next room. (ဟိုဘက်အခန်းထဲ ဆင်အုပ်တစ်အုပ် ရောက်နေသလိုဘဲ)

(ခ) but he is actually quite ignorant. (ဒါပေမယ့် တကယ်တော့ သူဘာမှ သိနားလည်တာ မဟုတ်ဘူး)

(ဂ) She looks as though she’s seen a ghost. (သူမပုံစံက သူရဲကို တွေ့လိုက်ရတဲ့ပုံမျိုး)

(ဃ) not paying attention to other motorists. (အခြားကားမောင်းတဲ့သူတွေကို ဂရုလုံးဝ မစိုက်ဘူး)

(င) I remember it as if it were yesterday. (မနေ့ကဖြစ်ခဲ့တဲ့အတိုင်း မှတ်မိနေတယ်)

(စ) as though his leg was hurting him. (ခြေထောက်နာနေတဲ့ ပုံစံမျိုးဘဲ)

(ဆ but really they’re naughty children. (ဒါပေမယ့် တကယ်တမ်းမှာတော့ လိမ္မာတဲ့ကလေးတွေ မဟုတ်ဘူး)

(ဇ) It seems as if he’s trying to protect someone. (သူတစ်ယောက်ယောက်ကို အကာအကွယ်ပေးနေတဲ့ ပုံမျိုးဘဲ)

(ဈ) It feels as if winter is coming. (ဆောင်းရောက်တော့မယ်လို့ ခံစားရတယ်)

(ည) but actually she’s quite poor. (ဒါပေမယ့် တကယ်တော့ သူမဟာ အတော်ဆင်းရဲရှာတယ်)



• အဖြေမှန်များမှာ ၁-စ၊ ၂-ဂ၊ ၃-က၊ ၄-ဈ၊ ၅-ဇ၊ ၆-ည၊ ၇-ဆ၊ ၈-ခ၊ ၉-ဃ၊ ၁ဝ-င ဖြစ်ပါသည်။


(Guy Perring ၏ As if you didn’t already know! အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

( www.myanmar-network.net/forum/topics/as-if-you-didnt-already-know မှကူးယူထားခြင်းဖြစ်ပါသည်)

No comments:

Post a Comment