မိတ်ဆွေ !!!
သင်၏ မိသားစုနှင့် စည်းစိမ်ဥစ္စာ ရာထူးတို့ ကို ဘယ်အချိန် အတိုင်းအတာထိ သင် ပိုင်ဆိုင်ရန် ကျန်ရှိသည်ကို
အောက်ပါ ဘဝ လက်ကျန် အချိန်ဇယားကို ကြည့်ရှု့ ပြီး လူ့ လောကမှာ နေရမည့် အချိန်လေးအတွင်းမိမိစိတ်ကို
သန့် ရှင်းဖြူစင်အောင်ထား၍ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ကာ တစ်ခဏလေး ဖြစ်ရသော
လူ့ ဘဝတွင် အကျိုးရှိရှိ အသုံးချ နေထိုင်နိုင်ကြပါစေ ။။။
ချစ်သော မိတ်ဆွေ !!!!!
{ လုပ်သင့်တာကို အချိန်မဆိုင်းပဲ ချက်ချင်းလုပ်ပါ }
သင့်အသက် သင်သုံးခဲ့ပြီးသောအချိန် ၇၅ နှစ်မတိုင်မီ သင့်ဘဝ လက်ကျန်အချိန်
၃၀ နှစ် ၁၀၉၅၀ ရက် ၁၆၄၂၅ ရက်
၃၅ နှစ် ၁၂၇၇၅ ရက် ၁၄၆၀၀ ရက်
၄၀ နှစ် ၁၄၆၀၀ ရက် ၁၂၇၇၅ ရက်
၄၅ နှစ် ၁၆၄၂၅ ရက် ၁၀၉၅၀ ရက်
၅၀ နှစ် ၁၈၂၅၀ ရက် ၉၁၂၅ ရက်
၅၅ နှစ် ၂၀၀၇၅ ရက် ၇၃၀၀ ရက်
၆၀ နှစ် ၂၁၉၀၀ ရက် ၅၄၇၅ ရက်
၆၅ နှစ် ၂၃၇၂၅ ရက် ၃၆၅၀ ရက်
၇၀ နှစ် ၂၅၅၅၀ ရက် ၁၈၂၅ ရက်
၇၅ နှစ် ၂၇၃၇၅ ရက် ... တရား မမေ့ပါနှင့်....
""" ဆန္ဒမွန် """
မဆုံချင်လို့ မရတဲ့ သဘောတရား
မကြုံချင်လို့ မရတဲ့ သဘောတရား
ချီးမွမ်းကဲ့ရဲ့ ချမ်းသာ ဆင်းရဲ အနိမ့် အမြင့် ဆိုတဲ့ သဘောတရားတွေဟာ
မည်သူမဆို နေ့ စဉ်နှင့်အမျှ ကြုံတွေ့ ကြရမှာပါ.....
သေချာတာကတော့ သဘောတရားတွေကို တရားသဘောအဖြစ် မပြောင်းလဲနိုင်သမျှ
ပူပန်မှုဆိုတဲ့ အရိပ်အောက်မှာ နေကြရဦးမှာပါ မိတ်ဆွေ .....
ပြီးခဲ့တာတွေ မစဉ်းစားပဲ....
မရောက်သေးတာကို ကြိုမတွေးပဲ .....
လက်ရှိ ပစ္စုပ္ပန် အချိန်တိုင်း နေရာတိုင်းမှာ မိမိစိတ်ကိုထားနိုင်ခြင်းဟာ သဘောတရားတွေကို
တရားသဘောအဖြစ် ပြောင်းလဲနိုင်ဖို့  အခြေခံ အကျဆုံး အချက်ပါပဲ ။ ။
ဒါကြောင့် မိတ်ဆွေများရဲ့ လက်ကျန် အချိန်လေးများမှာ ကျရောက်လာမယ့် သဘောတရားတွေကို
တရားသဘောအဖြစ် ပြောင်းလဲနိုင်ကြပါစေ ။ ။ ။
""" ယောနိသောမနသီကာရ """
၁ ။ လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် ၊
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။ ။ ။
၂ ။ ဆင်းရဲ့ ကြုံမှု မညည်းညူနှင့် ၊
ချမ်းသာ ချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း ။ ။ ။
၃ ။ အာရုံ ဟူသမျှ မတောင်းတနှင့် ၊
အာရုံ တိုင်းသာ တောင်းတပါက ဘယ်မှာ လောဘ ဆုံးမည်နည်း ။ ။ ။
၎ ။ ပြောတိုင်းမရ ဒေါမထနှင့် ၊
ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။ ။ ။
၅ ။ သိဥာဏ်မလိုက် သင်မမိုက်နှင့် ၊
သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟ ဆုံးမည်နည်း ။ ။ ။
၆ ။ ပျက်စီးတိုင်းလျှင် မပူပင်နှင့် ၊
မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာ အနိစ္စ ရှိမည်နည်း ။ ။ ။
၇ ။ ဗုဒ္ဓ တရား မေ့မထားနှင့် ၊
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း ။ ။ ။
ရွှေပေါ်ကျွန်း ဆရာတော်ဘုရား၏ သြဝါဒ စကားစုမှ.........
ဓမ္ဓဒါန......
ဗဟုဇန သုခကာရီ အဖွဲ့ သားများ...... ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့ နယ်.......
No comments:
Post a Comment