ကျွန်တော်တို့ဟာ ကိုယ့်တိုင်ကြုံတွေ့နေရတဲ့ ကိစ္စတွေမှ ခက်ခဲတယ်၊ ပင်ပန်းတယ်၊ ဆင်းရဲတယ်လို့ လူ့သဘာဝအတိုင်း ထင်ကြစမြဲပါ။ ဒါပေမယ့် အခက်အခဲတွေ စိတ်ညစ်စရာတွေ ကြုံလာတိုင်း စိတ်ဓာတ်ကျရုံနဲ့ မပြီးဘူးဆိုတာလည်း လူတိုင်းသိကြပါတယ်။ အဲဒီ စိတ်ညစ်နေတဲ့ ဘ၀ရဲ့ ခဏလေးအချိန်တွေကို လွယ်ကူစွာဖြတ်ကျော်နိုင်ပါစေလို့ ရည်ရွယ်ဆုတောင်းလျက် လောကမှာ ကိုယ့်ထက်အခြေအနေဆိုးနေတဲ့ လူလေးတွေကို စာနာကြည့်နိုင်အောင် ...
သင်မပျော်ဘဲ စိတ်ညစ်နေလား? သူတို့ကိုကြည့်လိုက်ပါအုံး !
သင်မပျော်ဘဲ စိတ်ညစ်နေလား? သူတို့ကိုကြည့်လိုက်ပါအုံး !
အဖော်မဲ့လို့ အထီးကျန်နေသလို ခံစားနေရလား?
ဘ၀ကိုဘယ်လို ရင်ဆိုင်မလဲ ?
မြေပြင်ပေါ်မှာ သင်နေတဲ့ သူကတော့ မပျင်းလောက်ဘူးထင်တယ် !
ကမ္ဘာကျော်နာမည်ကြီး Adidas တံဆိပ်ပါတဲ့ ဖိနပ်မကြိုက်လို့ Nike တံဆိပ် ထပ်ဝယ်မလို့လား?
တံဆိပ်တစ်ခုပဲရှိတဲ့ ရေသန့်ဗူးခွံဖိနပ်သာ စီးနေရတဲ့လူတွေ အများကြီးရှိပါတယ်။
အစားစားရင် အသားပါမှစားတာလား?
အသားမပြောနဲ့ ထမင်းနပ်မမှန်တဲ့လူတွေအများကြီး ရှိပါသေးတယ်
မိဘရဲ့နွေးထွေးမှု မလုံလောက်ဘူးလို့ ခံစားနေရပါသလား?
မိဘမဲ့တဲ့ မသန်မစွမ်းကလေးတွေအများကြိး ရှိပါတယ်!
အိပ်ယာခင်း၊ ခေါင်းအုံးနှင့်စောင် အပြည့်အစုံပါတဲ့ အိပ်ယာပေါ်မှာတောင် မအိပ်ချင်သေးဘူးလား?
နေထိုင်ခွင့် ရတဲ့အချိန်မှာ ဘ၀ကို တန်ဖိုးရှိရှိနဲ့ ပျော်ရွှင်စွာ အသုံးချနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလျက်..
No comments:
Post a Comment