Thursday, July 26, 2012

မေမေ















အမေ - သား... တကယ်လို့ အမေမျက်စိမမြင်တော့ရင် သားဘာလုပ်မလဲ ...
သား - သားအမေ့ကို သားတို့နိုင်ငံရဲ့ အ ကောင်းဆုံးဆေးရုံကိုခေါ်သွားပြီးကုမယ်....
အမေ - အဲ့လိုကုလို့မှ မပျောက်ခဲ့ဘူးဆိုရင်ရော ..သား - အဲ့ဒါဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆေးရုံရှိတဲ့နေရာကို ခေါ်သွားပြီး အမေ့ကိုကုပေးမယ်..
အမေ - ကောင်းပါပြီကွယ်... အဲ့ဒီလို ထပ်ကုလို့မှ အမေ့မျက်စိမမြင်ရသေးဘူး ဆိုရင်သားဘာဆက်လုပ်မလဲ...သား - ဒါဆို သားအမေ့ကို တစ်သက်လုံးပြုစုစောင့်ရှောက်မှာပေါ့.... အမေ - ဒါမှအမေ့သား...... သားကို အမေအရမ်းချစ်တယ်....
သား - အမေ တကယ်လို့ သားမျက်စိမမြင်ရတော့ဘူးဆိုရင် အမေကောဘာလုပ်မလဲဟင်..အမေ - အမေ့မျက်လုံးတွေ သားကို ပေးလိုက်မှာပေါ့.. သားရယ်..




သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား??

"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့...""ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."
ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...
သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...
ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....သားလက်သည်းခြေသည်းလေးတွေကိုတပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလားသားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....
ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်းသူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကိုအလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်းကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသောပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာအမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကိုကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ် လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲနားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသောသူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှမွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...
သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..
သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....
သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိ ရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူးဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကိုပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................
"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"


စနေဖြိုး {S@n@y Phyo} မှတစ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည် 


Tuesday, July 24, 2012

Gtalk မှာ မြန်မာလို မပေါ်ရဘူးဆိုရင်



Gtalk မှာ မြန်မာလို မပေါ်ရဘူးဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ဖြေရှင်းနည်းက လွယ်ပါတယ်
မိမိ ကွန်ပျုတာမှာ Internet Explorer 9 ရှိနေလို့ အဲဒီ Internet Explorer ကို ဖွင့်လိုက် ပြီးရင် Internet Options ကို ပြီးရင် Fonts မှာ Zawgyi one ကို သွားချိန်းလိုက် ...
ပြီးရင် ပြန်ကြည့်လိုက်ပါ ....မြန်မာလို မြင်ရပါပြီး ...

Gtalk နဲ့ ဘာမှ မဆိုင်ဘူးလို့ တော့ မထင်လိုက်နဲ့ စမ်းကြည့်လိုက်ပါ ။



source : http://juckse007.multiply.com  

 

Saturday, July 21, 2012

စာအုပ်များ ဒေါင်း နိုင်သည်...

ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း <http://www.mediafire.com/?zx3o2vjjyzi>
ကင်းဝန်မင်းကြီး _ နေမိ ရကန် <http://www.mediafire.com/?zzymm44hzdn>
ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း <http://www.mediafire.com/?ymnym1gnkj3>
ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့်အက်ဇခါဘန်အကျဉ်းသား <http://www.mediafire.com/?mtemx2zdi2m>
 အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း<http://www.mediafire.com/?uycngy2gmqz>
ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီ <http://www.mediafire.com/?numgzmwez1x>
ခင်မောင်အေး _ ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်ချက်များ<http://www.mediafire.com/?jgnu0mnx2ow>
ချစ်စိန်လွင် _ ဆောင်ကြာမြိုင်မှတ်တမ်း <http://www.mediafire.com/?t0tymunnxiy>
ချစ်နိုင် _ အနှစ် ၃၀ <http://www.mediafire.com/?t2znzmhoott>
ချစ်ဦးညို _ စက္ကရုနှင့်ဘဒ္ဒါ <http://www.mediafire.com/?kyykiwzz3y5>
ချစ်ဦးညို _ ရုက္ခစိုးမယားနဲ့အခြားပြိတ္တာများ <http://www.mediafire.com/?kmxddty2yjn>
ဂျာနယ်ကျော် မမလေး _ သွေး <http://www.mediafire.com/?zxcztjymtwt>
ဂျာနယ်ကျော် ဦးချစ်မောင် _ သူ <http://www.mediafire.com/?3ynk4y3mdxk>
ငွေကြည် _ ကြွကြွရွရွ ဟာသ <http://www.mediafire.com/?ztfgmugmf43>
ငွေကြည် _ တိုတိုထွာထွာ ဟာသ <http://www.mediafire.com/?imnynnvjdfi>
ငွေကြည် _ ပြည့်ပြည့်၀၀ ဟာသ <http://www.mediafire.com/?mmtyzmqiymx>
ငွေကြည် _ မက်မပြေဟာသ <http://www.mediafire.com/?w3mnjdzvlkr>
ငွေကြည် _ လူတိုင်းကြိုက်တဲ့ဟာသ <http://www.mediafire.com/?mgg4230jmmu>
ငွေကြည် _ အူလှိုက်သည်းလှိုက်ဟာသ <http://www.mediafire.com/?yojymyyjumo>
စံဇာဏီဘို _ အချစ်ဗေဒင် <http://www.mediafire.com/?5totmnhy42m>
စံဇာဏီဘို _ အချစ်လက္ခဏာ <http://www.mediafire.com/?diiyjqhbtnn>
 အရိပ်ကောင်းသောသစ်တစ်ပင် <http://www.mediafire.com/?yfbt1zyjyjj>
စိန်စိန် _ ရွှေရောင်ညနှင့်အခြားဝတ္ထုတိုများ <http://www.mediafire.com/?4yanzzmni2k>
ဆရာဘေ _ ဇမ္ဗုပတိမင်းချွတ်ခန်းဝတ္ထု <http://www.mediafire.com/?53zetvbmzzj>
ဆန်းလွင် _ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ , ၀င်းလိုက်ပုံနှိပ်တိုက် , ရန်ကုန် ,၁၉၉၉ ဇန္န၀ါရီ <http://www.mediafire.com/?1qzmmvynmfd>
ဆန်းလွင် _ ဖြစ်တည်ခြင်းပဓါန၀ါဒ နှင့်လူသားပဓါန၀ါဒ <http://www.mediafire.com/?gkjtz0iqowy>
ဆန်းလွင် _ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လူသူ တစ်ယောက်အကြောင်း<http://www.mediafire.com/?jt0t41gwfz7>
ဆွေမင်း. ဓနုဖြူ _ ဘ၀တစ်ခုအမှတ်ရ <http://www.mediafire.com/?xyizzkkne5y>
ဇ၀န _ ကားထဲကမိန်းကလေး <http://www.mediafire.com/?ikjny4wvo5k>
ဇ၀န _ ကျွန်တော့်လင် <http://www.mediafire.com/?yz41nramzwe>
ဇ၀န _ ဆိုးပေ ၁ , မယာမီဒီယာပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၀ မေလ <http://www.mediafire.com/?cndmzhzgyly>
ဇ၀န _ ဆိုးပေ ၂ <http://www.mediafire.com/?e2mmhonjgew>
ဇ၀န _ ဆိုးပေ ၃ <http://www.mediafire.com/?50o3yvnkqmm>
ဇ၀န _ သူပုန်ကြီး <http://www.mediafire.com/?ghjj2amr5in>
ဇေယျ _ ဇေယျ စာတန်း , ညွှန့်ဋ္ဌေးစာပေတိုက် , ရန်ကုန် , ၁၉၆၅ <http://www.mediafire.com/?2h1in2hrmud>
ဇေယျ _ မြန်မာမျက်ပွင့် <http://www.mediafire.com/?xndnby4zt0g>
ဇော်ဂျီ _ ညီသစ်ဆင်းကဗျာစု , အင်ကြင်းဦးပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၃ ဧပြီ <http://www.mediafire.com/?dkwzkyy4wcd>
ဇင်သန့် _ စာဖတ်ခြင်း ၁ <http://www.mediafire.com/?jn2hxmzwiwd>
ဇင်သန့် _ စာဖတ်ခြင်း ၂ <http://www.mediafire.com/?c2lnnzuzjx5>
ဇင်သန့် _ စာဖတ်ခြင်း ၃ <http://www.mediafire.com/?3whtmyczymn>
ညာဏ၀ံသ _ ဂဗ္ဒလီလာကြဏ်း , ဟံသာဝတီသတင်းစာတိုက် , ရန်ကုန် ,၁၈၉၉ <http://www.mediafire.com/?giybjqyubmr>
တိုးထက် _ မြန်မာပြည်အရပ်ရပ်မှလူဝင်စားများ <http://www.mediafire.com/?tuggntjhdui>
တက္ကသိုလ်ဘုန်းနိုင် _ ညီမလေးရယ်စိုးရိမ်မိတယ် <http://www.mediafire.com/?jflwkddng2o>
တက္ကသိုလ်ဘုန်းနိုင် _ ပညာရဲ့သဘော <http://www.mediafire.com/?qjqffmwmg0c>
တင်မိုး _ ဖလ်မီးအိမ် <http://www.mediafire.com/?1mizizjwdnz>
တင်မောင် _ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန် <http://www.mediafire.com/?0mmk34kxtx1>
တိုက်စိုး _ ပညာသိုက် <http://www.mediafire.com/?odt4nzlmrny>
ထူးဆွေအောင် _ ဗြောစည်တီး၍လှူလိုက်သည် <http://www.mediafire.com/?hnd2woyywmj>
ထူးဆွေအောင် _ မကြောက်ဖူးလို့ဆို <http://www.mediafire.com/?mttkmk55zjy>
ထူးဆွေအောင် _ မပျော်ရင်ကော <http://www.mediafire.com/?ogn4ziihzny>
ထူးဆွေအောင် _ မန်ကျည်းပင်တန်းရဲ့မီဒီယာ <http://www.mediafire.com/?5nyzmzoglng>
ထူးဆွေအောင် _ မြင်းမိုရ်တောင်ထိပ်မှသဲပွင့်ကလေးများ <http://www.mediafire.com/?m2yq1zmw2wg>
ဒဂုန်ရွှေမျှား _ ကမ္ဘာမြေအောက်ခရီး <http://www.mediafire.com/?jzne3ki0ymo>
ဒဂုန်ရွှေမျှား _ငယ်ကချစ်အနှစ်တစ်ရာနှင့်လက်ရွေးစင်ဝတ္ထုများ <http://www.mediafire.com/?mtzcymmmnjm>
ဒဂုန်ရွှေမျှား _
စောရသက်ပြင်းနှင့်အခြားဝတ္ထုတိုများ<http://www.mediafire.com/?ktin4nr35mg>
ဒဂုန်ရွှေမျှား _ နီနီလေး <http://www.mediafire.com/?5mtmuogmm3y>
ဒဂုန်ရွှေမျှား _ မေ၀ါ၏ကလဲ့စား <http://www.mediafire.com/?w2ijqym4mdz>
ဒဂုန်ရွှေမျှား _ ရုပ်ထုကျိန်စာ <http://www.mediafire.com/?yy2j2jynzuw>
ဒဂုန်ရွှေမျှား _ ရွှေစင်နတ်ဘုရား <http://www.mediafire.com/?goydytmzdym>
ဒေါ်အောင်ဆန်းစုကြည် _ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး <http://www.mediafire.com/?25atcoym5km>
ဒေါ်အောင်ဆန်းစုကြည် _ မြန်မာပြည်ကလာတဲ့စာ <http://www.mediafire.com/?jflahzynzdz>
ဒေါက်တာတိုးလှ _ ကုန်းဘောင်ရွှေပြည် <http://www.mediafire.com/?mzy1ynanjmj>
ဒေါက်တာဘမော် _ ဗမာ့လက်ငင်း-လွတ်လပ်ရေး <http://www.mediafire.com/?hjgnzy5naiq>
ဒေါက်တာမင်းတင်မွန် _ တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရား <http://www.mediafire.com/?mnazonuiadn>
ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓဘာသာစာရိတ္တပညာနှင့်ကျင့်ဝတ်များ <http://www.mediafire.com/?hgmuzqxyvqe>
ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓ၀ါဒနှင့်ခေတ်သစ်ဘ၀ <http://www.mediafire.com/?yekzyz5mnyz>
ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် <http://www.mediafire.com/?iy5myzk3mzz>
ဒေါက်တာမင်းတင်မွန် _ ဘ၀ကိစ္စနှင့်ဘ၀ပန်းတိုင် <http://www.mediafire.com/?hdngmmmnyyv>
ဒေါက်တာမင်းတင်မွန် _ ဘ၀ချမ်းသာရေး <http://www.mediafire.com/?zo5m13jinrn>
ဒေါက်တာမင်းတင်မွန် _ ဘ၀ဖန်တီးရှင် ကံတရား <http://www.mediafire.com/?zrkn4qnm2yt>
ဒေါက်တာမင်းတင်မွန် _ ဘ၀လမ်းနှစ်သွယ် <http://www.mediafire.com/?yozezgtlj5h>
ဒေါက်တာမင်းတင်မွန် _ ဘ၀ရည်မှန်းချက်နှင့်ဘ၀ပန်းတိုင် <http://www.mediafire.com/?yinzymdzaqz>
ဒေါက်တာမင်းတင်မွန် _ ဘ၀လွတ်မြောက်ရေးနှင့်အရိယသစ္စာ <http://www.mediafire.com/?jfffdq1myze>
ဒေါက်တာမင်းတင်မွန် _ ဘ၀အောင်မြင်ရေးသို့ရှေးရှုကြ <http://www.mediafire.com/?jjg5ymyj3wn>
ဒေါက်တာမင်းတင်မွန် _ ရှေးဘ၀နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ <http://www.mediafire.com/?u5f2cjgkuzj>
ဒေါက်တာမင်းတင်မွန် _ အကောင်းဆုံးဘ၀လမ်းညွှန်မှု <http://www.mediafire.com/?jxnhzx2yndd>
ဒေါက်တာမင်းတင်မွန် _ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် ဒုတိယတွဲ <http://www.mediafire.com/?tnljdvm1m0n>
ဒေါက်တာအရှင်ပညိဿရ _ တရားချစ်တဲ့သူ <http://www.mediafire.com/?my2kzmm1io4>
ဒေါက်တာအရှင်ပညိဿရ _ လိုအင်ဆန္ဒတွေပြည့်ပါစေ <http://www.mediafire.com/?5nmfnz2dgml>
နီကိုရဲ _ ကျွန်တော်နှင့်ဈေးသည်အလွဲများ <http://www.mediafire.com/?1jrznu5klyt>
နီကိုရဲ _ ဇက်ပေါ်ကဆီးသီး <http://www.mediafire.com/?fynhyuztwuj>
နီကိုရဲ _ လွယ်အိတ်ထဲကအလွဲများ <http://www.mediafire.com/?b2jgy3yyn2m>
နီကိုရဲ _ သံစုံကြူးတဲ့ည <http://www.mediafire.com/?gurbiqgo4mm>
နေလင်း _ လူရှင်သင်္ချိုင်းများအကြောင်း <http://www.mediafire.com/?5jme5i2muqq>
နတ်နွယ် _ တဖန်ပြန်၍မနိုးသောဝေဒနာ <http://www.mediafire.com/?nnyzj4omzxq>
နိုင်ပန်းလှ _ ရာဇဓိရာဇ်အရေးတော်ပုံကျမ်း <http://www.mediafire.com/?mikgmy2nixq>
ပုညခင် _ ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှု <http://www.mediafire.com/?nmlin4jnyj2>
ဖေမြင့် _ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် <http://www.mediafire.com/?mdojumyzkj1>
ဖျာပုံတိုက်သစ်ဆရာတော် _ သုတေသနသရုပ်ပြအဘိဓာန် ၂၀၀၇ <http://www.mediafire.com/?w2xznjg0jrw>
ဗဂျီအောင်စိုး _ စာမဲ့ကဗျာ <http://www.mediafire.com/?nidtgyzyiiz>
ဗားကရာဆရာတော် _ အဘိဓမ္မတ္ထသင်္ဂဟ ပါဌ်နိဿယ <http://www.mediafire.com/?mmntyxjz4mm>
ဘခိုင် _ ဂျာမဏီအတွင်းရေး <http://www.mediafire.com/?ykd1tzzmzwm>
ဘလော်ဂါနှင့် ကဗျာဆရာ/မများ _ ကောင်းကင်များ၏အတ္ထုပ္ပတ္တိ<http://www.mediafire.com/?uhxiyieninz>
ဘုရားသားတော် _ သာသနာ့လွတ်လပ်ရေးတိုက်ပွဲနှင့်ဝိနည်းဓိုရ်ဖန်တီးရေးဥပဒေ(မူကြမ်း) <http://www.mediafire.com/?om53zxnzmgj>
ဘန္ဒန္တကိတ္တိသာရ ဓမ္မဒဿနသြ၀ါဒများ <http://www.mediafire.com/?dybndb3lfyl>
ဘဒ္ဒန္တကိတ္တိသာရ _ ဗုဒ္ဓညွှန်ကြား မသေဆေးတရား <http://www.mediafire.com/?zsmx2dablu2>
ဘဒ္ဒန္တဇာဂရာဘိဝံသ _ နာဂလိုဏ်ဂူ အဓိဋ္ဌာန်ကျင့်စဉ်နှင့် လယ်တီဝိပဿနာ <http://www.mediafire.com/?mzzkmymnqzz>
ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၃ <http://www.mediafire.com/?nmwjyztknqh>
ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၄ <http://www.mediafire.com/?wmwzyum4nl2>
ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၅ <http://www.mediafire.com/?u3yj4ziyjfr>
မစန္ဒာ _ ဂျီဟောသူ <http://www.mediafire.com/?tyylnjt3hzt>
မစန္ဒာ _ ပုစ္ဆာ <http://www.mediafire.com/?4ezm2tguhzn>
မ၀င်းမြင့် _ ရေပြာအိုင်မှဇာတ်လမ်းများ <http://www.mediafire.com/?ezmwmzinujg>
မဟာဗောဓိမြိုင်ဆရာတော် _ ကဗျာ့နန်းတော် <http://www.mediafire.com/?gjerznjjnto>
မေငြိမ်း _ သတင်းသမားသတိထားစရာ မြန်မာစာနှင့်စကားသံများ <http://www.mediafire.com/?jmdjmzolygu>
မိုးကုတ်ဆရာတော် _ သုညတ တရား ကြိုးစားပြီး ဟောရစ်ပါကွာတဲ့ <http://www.mediafire.com/?tykilmjnet4>
မိုးကုတ်ဆရာတော် _ သစ္စာ၎ပါးတရားတော် <http://www.mediafire.com/?mmnyqzydynz>
မိုးကုတ်ဆရာတော် _ဇော၇ကြိမ်အကျိုးပေးပုံ.ကပ်ကျော်တရားတော် <http://www.mediafire.com/?t11ac1wwdnt>
မိုးကုတ်ဆရာတော် _ စူဠဝေဒလ္လသုတ်-၀ိသာခနှင့်ဓမ္မဒိန္နာအမေးအဖြေများ<http://www.mediafire.com/?1ftzjm5yvnz>
မိုးကုတ်ဆရာတော် သောတာပန်ဖြစ်ဖို့နှစ်ချက်-ဝေဒနာဝိပဿနာရှုနည်း<http://www.mediafire.com/?ndmmlmd2vyf>
မိုးမိုး _ ဝေဒနာကြာနီပွင့် <http://www.mediafire.com/?25ndwmm25mw>
မိုးမိုး _ သိက္ခာရှိတဲ့မုန့်ဟင်းခါး <http://www.mediafire.com/?0mmt5jnhdhn>
မင်းမြတ်သူရ _ ဆားပုလင်းမင်းအောင်နှင့်ပန်းကိုးပွင့်ဒေ၀ီ <http://www.mediafire.com/?yijym5yydyy>
မင်းမြတ်သူရ _ ရွှေချမ်းသာ ငွေချမ်းသာ <http://www.mediafire.com/?zj4mtzno5md>
မင်းလူ _ ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး <http://www.mediafire.com/?m3n4zgetih1>
မင်းသိင်္ခ _ ဆားပုလင်းနှင်းမောင်နှင့် ပျားစွဲသောမုတ်ဆိတ်<http://www.mediafire.com/?mqxzomhdmnw>
မင်းသိင်္ခ _ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး <http://www.mediafire.com/?yewfu0zzmjo>
မင်းသိင်္ခ _ ပေတလူ <http://www.mediafire.com/?ml21knmljy0>
မင်းသိင်္ခ _ ပုဏ္ဏားဘကွန်း ၁ <http://www.mediafire.com/?2juimngjrmm>
မင်းသိင်္ခ _ ပုဏ္ဏားဘကွန်း ၂ <http://www.mediafire.com/?uqmwhy5tonf>
မင်းသိင်္ခ _ ဖြစ်ချင်တာဖြစ်မောင်ဘချစ် ၁ <http://www.mediafire.com/?jrwmtjojeji>
မင်းသိင်္ခ _ ဖြစ်ချင်တာဖြစ်မောင်ဘချစ် ၂ <http://www.mediafire.com/?d2nh3ynloym>
မင်းသိင်္ခ _ မနောမယထမင်းဝိုင်း <http://www.mediafire.com/?nmqwn4zy2tn>
မင်းသိင်္ခ _ မိုးနဲ့အတူ <http://www.mediafire.com/?diodmmyxymj>
မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၁ <http://www.mediafire.com/?dm3wqzqiyhl>
မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၂ <http://www.mediafire.com/?tmjkfy4nzg3>
မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၃ <http://www.mediafire.com/?emnyzyw2omy>
မင်းသိင်္ခ _ ရေမျှောကမ်းတင်အောင်ဗဒင် <http://www.mediafire.com/?ntnn2fau5my>
မောင်စိန် _ ဘဏ်ငွေစက္ကူတန်ဖိုး <http://www.mediafire.com/?jy5ijzjnoyn>
မောင်ထင် _ ဗမာ့နိုင်ငံရေးသုခမိန် <http://www.mediafire.com/?k52ymmmugu2>
မောင်ထွန်းသူ _ အိုဟင်နရီ၏၀တ္ထုတိုများ <http://www.mediafire.com/?2mnnq4zgmma>
မောင်ဒီ _ အင်္ဂလိပ်အသံထွက်ကိစ္စ <http://www.mediafire.com/?zn2imdoeote>
မောင်ထင် _ ယောမင်းကြီးဦးဖိုးလှိုင်နဲ့ ရာဇဓမ္မသင်္ဂဟကျမ်း <http://www.mediafire.com/?zmfyrcnxhz1>
မောင်ပေါ်ထွန်း _ သေပြေးရှင်ပြေး <http://www.mediafire.com/?mwn11zoih5k>
မောင်ဗိုလ်မွှေး _ မြန်မာ့ပုံတိုပတ်စများ <http://www.mediafire.com/?yydmomjmeyz>
မောင်ဘိုသစ် _ ကဗျာရေးနည်း နိသျည်း <http://www.mediafire.com/?an2tzymdidf>
မောင်သာရ _ ကျဉ်တုတ်ခံဝံ့ မခံဝံ့ <http://www.mediafire.com/?t1kz51kwzwn>
မျိုးသူရ _ နေ့စဉ်သုံးအင်တာနက်. Everyday Internet <http://www.mediafire.com/?jjbyniqdwwz>
မြသန်းတင့် _ နှစ် ၁၀၀ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ၂ <http://www.mediafire.com/?2jhatmy02zy>
မြတ်သူ _ ကိုရမ်အဘိဓါန် ၁ <http://www.mediafire.com/?qyyrntmj2ab>
မြတ်သူ _ ကိုရမ်အဘိဓါန် ၂ <http://www.mediafire.com/?nzomgdymuyy>
မြန်န်မာသမားတော်ကြီးများ _ နှစ်ပေါင်း၂၀၀ မြန်မာ့ဆေးပညာ , သုဓမ္မာပုံနှိပ်တိုက်, ရန်ကုန် , ၂၈.၈.၁၉၇၁ <http://www.mediafire.com/?tntyimkmqqb>
ရဝေနွယ် _ ရုပ်လှချင်ရင် <http://www.mediafire.com/?iyvyjn5jrtm>
ရဲကောင်းထက် _ ကမ္ဘာကို ကိုင်လှုပ်သူများ <http://www.mediafire.com/?4jimx1dklnm>
ရဲစတိုင်း _ ပြုံးပြီးမှရယ် <http://www.mediafire.com/?zd2zjlhfnq5>
ရန်ကုန်ဘဆွေ _ ရွှေဝါပြည် <http://www.mediafire.com/?ndnxybgnooj>
ရန်အောင် _ အိမ်ထောင်ရေးအဘိဓမ္မာ <http://www.mediafire.com/?szzw4hz2p1t>
ရန်အောင်မောင်မောင် _ ထောင်တစ်သက်အတွေ့အကြုံ ,သီရိမေရောင်စုံပုံနှိပ်တိုက်,
ရန်ကုန် , ၂၀၀၄ ဧပြီ <http://www.mediafire.com/?jrefzml0lnf>
ရွှေစကြာ _ ကုန်းဘောင်ပြင်သစ် <http://www.mediafire.com/?nyzyjny0bmz>
ရွှေဘို မိမိကြီး _ အနာဂါရိကဓမ္မပါလ <http://www.mediafire.com/?tmvxdzzivtg>
ရွှေဥဒေါင်း + ၅ _ စာရေးဆရာတို့၏ ပထမဆုံးလက်ရာမွန်များ<http://www.mediafire.com/?n2cnl2megml>
ရွှေဥဒေါင်း _ အတွေးအမြင်နဲ့ရှုထောင့် <http://www.mediafire.com/?xxmcze44xz3>
လှပိုင် _ မဟာသကျသီဟဘုရားသမိုင်း , ၆.၂.၁၉၆၄ <http://www.mediafire.com/?zyjzzmymgmg>
လယ်တီဆရာတော် _ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ် <http://www.mediafire.com/?yydidzwkue2>
လယ်တီဆရာတော် _ လယ်တီဒီပနီပေါင်းချုပ် မြန်မာ-အင်္ဂလိပ် ၃ ကျမ်းတွဲ<http://www.mediafire.com/?dnqokwxmmm2>
လယ်တီဆရာတော် _ လယ်တီနိဗ္ဗာန်တရားတော်များ <http://www.mediafire.com/?mmhizaznnnu>
လယ်တီဆရာတော် _ အဘိဓမ္မာပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာ <http://www.mediafire.com/?gjy2yhjtnvz>
ဝေယံလင်းခေါင် _ သူတော်ငတေ၏ဂမ္ဘီရ၀တ္ထုတိုများ <http://www.mediafire.com/?ktnjwtzzkmm>
ဝင်းတင့်ထွန်း _ ခြောက်တိုက်မှာ လောက်ကိုက်တာခံဖူးသလား နှင့်အခြားထောင်ဝတ္တုတိုများ <http://www.mediafire.com/?cdntnnitjym>
ဝင်းသိန်းဦး _ ရှေ့ဘ၀နောက်ဘ၀ဗုဒ္ဓမဝေဖန်နှင့်..<http://www.mediafire.com/?zzjyyhza5ew>
ဝင်းဦး _ မိန်းမလှ အမုန်း <http://www.mediafire.com/?hfkj5qwy4zo>
သတိုးတေဇ _ ကွယ်လွန်သူတို့ဝိညာဉ် <http://www.mediafire.com/?dmzzqrn0k5i>
သတိုးတေဇ _ သုဿန်မြေက မိစ္ဆာ <http://www.mediafire.com/?ixwmyltj1wz>
သပြေကန်ဆရာတော် _ ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ <http://www.mediafire.com/?zzlmtmujmnj>
သပြေကန်ဆရာတော် _ နိဗ္ဗာန်ချမ်းသာ တရားတော်များ <http://www.mediafire.com/?rz2zz2rmyuy>
သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၁ <http://www.mediafire.com/?luwmmvjwmzm>
သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ်၂ <http://www.mediafire.com/?mkiac313izo>
သာ.ထွန်း.ပြန့် _ ဗုဒ္ဓဘာသာကောင်းတစ်ယောက် <http://www.mediafire.com/?tlzrdlmmzh3>
သာဓိန _ ဗေဒနီတိကျမ်း , မဟိန္ဒစာပုံနှိပ်တိုက် , ၁၉၃၀ <http://www.mediafire.com/?njmnwjfyztn>
သာမဏအာဇာနီ _ မှန် <http://www.mediafire.com/?ewcq4ejnymm>
သီလ၀ _ ဗုဒ္ဓအံတော်သမိုင်း <http://www.mediafire.com/?nmoztmz2dgy>
သုခ _ ဂုဏ်ရည်မတူလို့လား <http://www.mediafire.com/?diyghw2dn1g>
သုခ _ မေတ္တသုတ် <http://www.mediafire.com/?tjzlnjihca2>
သုခ _သုခမှတ်စု <http://www.mediafire.com/?4g4ornvndcu>
သုခ _ သည်ဆောင်းဟေမန် <http://www.mediafire.com/?lnmjttyvanz>
သုမောင် _ မျိုးရိုးထဲမှ ဆိုးပေကြီးများ , ရန်ကုန် <http://www.mediafire.com/?kz0dgjo35zh>
သုသုက _ အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ <http://www.mediafire.com/?zj2emnzznyw>
သင်္ဃဇာဆရာတော် _ ဥပါသကောဝါဒဋီကာကျမ်း , မြန်မာသံတော်ဆင့်ပုံနှိပ်တိုက် , ရန်ကုန်,၁၂၄၂ ပဌမ၀ါဆိုလ <http://www.mediafire.com/?nmzizwd1xl0>
သန်းမြင့်ဦး _ အချစ်ဘ၀နှင့် ငွေကြေးဆိုင်ရာနည်းဗျူဟာများ <http://www.mediafire.com/?xuzmildjulx>
သောင်းထိုက် _ ပထ၀ီနိုင်ငံရေး <http://www.mediafire.com/?yhgqwgj3gte>
သိပ္ပံမောင်ဝ _ စစ်အတွင်းနေ့စဉ်မှတ်တမ်း <http://www.mediafire.com/?5oynmj0ddfz>
သိပ္ပံမောင်ဝ _ အဟိတ်..၀တ္ထုဇာတ်လမ်းများ <http://www.mediafire.com/?boz47c5mni1>
သိပ္ပံမောင်ဝ _ အောက်စဖို့တက္ကသိုလ် ခရီးသွားမှတ်တမ်း <http://www.mediafire.com/?uutwmtlzuym>
သိန်းဖေမြင့် _ တက်ခေတ်နတ်ဆိုး <http://www.mediafire.com/?ewzj2mnymdj>
အကြည်တော် _ ဆွေတစ်ရာ မောင်တစ်ကျိပ် <http://www.mediafire.com/?donyyketozd>
အကြည်တော် _ ဇ <http://www.mediafire.com/?thzizn1iwon>
အကြည်တော် _ တောသားကြီး <http://www.mediafire.com/?yxdmwmigmzo>
အကြည်တော် _ နတ်နေကိုင်း <http://www.mediafire.com/?nznwqrnrgkz>
အကြည်တော် _ ပိုးကောင်များ <http://www.mediafire.com/?fyiyiohzink>
အကြည်တော် _ မိုးတိမ်ပုံပြင် <http://www.mediafire.com/?zt2z1gzmy52>
အကြည်တော် _ သူတို့ပျော်ကြလေပြီ <http://www.mediafire.com/?mzw3dmzynrl>
အကြည်တော် _ သဲလှည်း <http://www.mediafire.com/?iw0diautyvm>
အကြည်တော် _ အချစ်သည်
သက်တော်ရာကျော်ရှည်ပါစေသတည်း <http://www.mediafire.com/?yjmjgmm1im5>
အကြည်တော် _ အိုင်အိုဒင်းကိုကိုကြီးနှင့်..<http://www.mediafire.com/?hkrgmbznilq>
အရှင်ကောဝိဒ _ တုနိုင်းမမှီ <http://www.mediafire.com/?zfktjggftdt>
အရှင်ဃောသိတ _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ <http://www.mediafire.com/?yemtgjhaelh>
အရှင်ဇနက-တိသရဏ၀ိဟာရ _ ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက် <http://www.mediafire.com/?mijfywzzeke>
အရှင်ဇနကာဘိဝံသ _ ကိုယ်ကျင့်အဘိဓမ္မာ <http://www.mediafire.com/?zmxhnzzd1on>
အရှင်ဇနကာဘိဝံသ _ ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏသုတ်တရားတော် <http://www.mediafire.com/?mnjtzmmmgxj>
အရှင်ဇနကာဘိဝံသ _ ရတနာ့ဂုဏ်ရည် <http://www.mediafire.com/?nmimzdjrnwt>
အရှင်ဇနကာဘိဝံသ _ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ <http://www.mediafire.com/?nzzazyyjzdd>
အရှင်ဇနကာဘိဝံသ _ အခြေပြုပဋ္ဌာန်း <http://www.mediafire.com/?tm1dmwt5nc2>
အရှင်ဇနကာဘိဝံသ _ အနာဂတ်သာသနာရေး <http://www.mediafire.com/?2z3htzydngn>
အရှင်ဆန္ဒာဓိက _ နှလုံးသားမိတ္တူ <http://www.mediafire.com/?yj5ziydvjtb>
အရှင်ဆန္ဒာဓိက _ မိဘကျေးဇူးအကျေဆပ်နည်း <http://www.mediafire.com/?wemnmhtm2z9>
အရှင်ဆန္ဒာဓိက _ လောက၌အကောင်းဆုံးသောအရာ <http://www.mediafire.com/?gl2nqkjyjee>
အရှင်ဆန္ဒာဓိက _ သက်သတ်လွတ်နှင့်ကုသိုလ်စိတ် <http://www.mediafire.com/?92kfbjtvnni>
အရှင်ဆန္ဒာဓိက _ အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ် <http://www.mediafire.com/?y9m1u091o1i>
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ကုသိုလ် <http://www.mediafire.com/?m2vlszojzbn>
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ရဟန်း <http://www.mediafire.com/?h1ld1fvhd4n>
အရှင်ဆန္ဓာဓိက _ အနိုင်းမဲ့ဘာဝနာ <http://www.mediafire.com/?znozjydf2w2>
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အဖေါ် <http://www.mediafire.com/?z14wdi4ywld>
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အလှူ <http://www.mediafire.com/?udma1zmfmhn>
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ဥစ္စာ <http://www.mediafire.com/?0ui3tjblnnx>
အရှင်မဟာသီလ၀ံသ _ ဓမ္မပါလပျို့  <http://www.mediafire.com/?ydyz2mlnmet>
အရှင်ရဋ္ဌသာရ _ ဂမ္ဘီသာရပျို့ စာကိုယ် , မြန်မာ့ယူနီယန်စာပုံနှိပ်တိုက် , ရန်ကုန်, ၁၂၈၉ ခုနှစ် <http://www.mediafire.com/?mm0njgzzmym>
အရှင်ဝါသေဋ္ဌာဘိဝံသ _ ဓမ္မချမ်းသာတွေ့အောင်ရှာ <http://www.mediafire.com/?2zxlnm7lrxg>
အရှင်သီဟာဘိဝံသ _ မေတ္တာဘာဝနာရှုဖွယ်ကျမ်း , ပြည်ကြီးမန်တိုင်စာပုံနှိပ်တိုက်,ရန်ကုန် <http://www.mediafire.com/?myqgzd05mhy>
အရှင်အဂ္ဂသမာဓိ _ နေမိမ္ဃစိုးခဏ်းပျို့ , ဟံသာဝတီသတင်းစာတိုက်,ရန်ကုန်,၁၉၀၀ခုနှစ် <http://www.mediafire.com/?jmjufgj5tgw>
အီကြာကွေး _ ငုတ်တုတ်ထင်ရှားရေးဖော်များ <http://www.mediafire.com/?qjzwmwmjzz0>
အေးသိန်း _ ရတနာဂီရိ မှ သီပေါမင်းအမှတ်တရ <http://www.mediafire.com/?emjxmzbuj3h>
အောင်ကောင်း _ ချစ်သူမှာတမ်း <http://www.mediafire.com/?hldiffpxxju>
အောင်ဝေး _ ခံစားမှုကထာ <http://www.mediafire.com/?2wmz3z0gzqa>
အောင်သင်း _ ကိုယ်တွေ့ စာစီစာကုံးများ <http://www.mediafire.com/?gmgylmezxga>
အောင်သင်း _ မျိုးဆက်သစ်အတွက် ဂန္ဓ၀င်မိတ်ဆက်, Future Publishing House
,ရန်ကုန်,၂၀၀၂ စက်တင်ဘာ <http://www.mediafire.com/?myeyzzyjhin>
အောင်သင်း _ ရွှင်ရွှင်ပြုံးပြုံးစာစီကုံး <http://www.mediafire.com/?2zviwlbzznb>
အောင်သင်း _ သူတို့နဲ့ကျွန်တော် <http://www.mediafire.com/?1z1mm4fyw1c>
အောင်သင်း _ သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္ထုတိုများ <http://www.mediafire.com/?xmhjttlewm2>
အောင်သင်း _ အမွေ <http://www.mediafire.com/?y1voj00ijxz>
အုတ်ဘိုဆရာတော် _ စွယ်တော်သျှောင်ရတု , ဟံသာဝတီသတင်းစာပုံနှိပ်တိုက် ,ရန်ကုန်မြို့ <http://www.mediafire.com/?mymzozjlztl>
ဦးကုလား _ ရာဇ၀င် <http://www.mediafire.com/?tywynuzog3y>
ဦးကံညွှန့် _ နိဗ္ဗာန်ပို့မည့်တရားတော်များ<http://www.mediafire.com/?ivezd4konom>
ဦးကံညွှန့် _ မိုးကုတ်ဝိပဿနာ အခြေခံ၊တရား၊အနှစ်သာရနှင့်ရှုပွါးနည်း <http://www.mediafire.com/?oz04azu4lmi>
ဦးကျော်ဇေယျ _ မြန်မာနိုင်ငံ မူပိုင်ခွင့်အက်ဥပဒေ <http://www.mediafire.com/?yemy2cqj4tc>
ဦးကျော်ဇေယျ _ ဥပဒေရေးရာဝေါဟာရအဘိဓါန်<http://www.mediafire.com/?jmzzmzi1fjj>
ဦးကျော်ဇေယျ _ ဥပဒေသမား လက်စွဲစကား <http://www.mediafire.com/?2m2zznmakzy>
ဦးကျော်ဇေယျ _ အစုစပ်လုပ်ငန်းအက်ဥပဒေ <http://www.mediafire.com/?fz20w2wm4z1>
ဦးကျော်ရန် _ မူလ=ဆေးအဘိဓါန်ကျမ်း<http://http//www.mediafire.com/?m4rhwctzczg>
ဦးကျော်ရန် _ မူလပေါရာဏဒီပနီကျမ်း <http://www.mediafire.com/?j5th0vnnmj0>
ဦးကျော်လှ _ သံချိုညွှန့်ပေါင်းနှင့် ခဲရာခဲဆစ်အဖြေသစ်<http://www.mediafire.com/?kitzvtcznhn>
ဦးကျော်သိန်း _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်<http://www.mediafire.com/?m3cehtzyzz0>
ဦးစိုးလွင် _ အစ္စလာမ့်အတိတ်သမိုင်းမှ အယူဝါဒဆိုင်ရာအရှုပ်အထွေးများ <http://www.mediafire.com/?myny5z1nmwt>
ဦးစက္ကိန္ဒ _ ဥာတပရိညာ <http://www.mediafire.com/?jzdy2dm2gyq>
ဦးစန်းမောင် _ ရခိုင်မင်းသား , သံတော်ဆင့် ,၁၉၄၆ <http://www.mediafire.com/?ijjj3im2tnn>
ဦးဇနိတာလင်္ကာရ _ ပဋိစ္စသမုပါဒ်စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေအကျဉ်းချုပ် <http://www.mediafire.com/?5tmgwdgdixc>
ဦးဌေးလှိုင် _ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ <http://www.mediafire.com/?wrm2lrgtmyt>
ဦးထွန်းကြည် _ ကောင်းမှုတော်ဘုရားသမိုင်း <http://www.mediafire.com/?jmymnmnnnwt>
ဦးထွန်းလှ _ ရွေးချယ်ရမည့်မိန်းမကောင်း. ရှာဖွေရမည့်ဇနီးလောင်း <http://www.mediafire.com/?1jylymm2myy>
ဦးနု _ တာတေစနေသား <http://www.mediafire.com/?gjzom0kzytp>
ဦးနု _ အာဇာနည် <http://www.mediafire.com/?zmzygnwtl2z>
ဦးပညာ _ ကရင်ရာဇ၀င် <http://www.mediafire.com/?ywgty1zwtxd>
ဦးပုည _ မန္တေလေးဘွဲ့ မော်ကွန်း <http://www.mediafire.com/?jdjzzqknzmg>
ဦးပုည _ ရေသည်ပြဇာတ် <http://www.mediafire.com/?emot3zgymnm>
ဦးဖိုးကျား _ ၃၇ မင်း <http://www.mediafire.com/?qftf2z2yxtx>
ဦးဖိုးကျား _ သီပေါမင်းပါတော်မူအရေးတော်ပုံ <http://www.mediafire.com/?yywrfymmtyy>
ဦးဘကြည် _ ဇာတ်ကြီးဆယ်ဘွဲ့ <http://www.mediafire.com/?xdiiaamtnnm>
ဦးဘကြည် _ ရုပ်စုံဗုဒ္ဓသာသနာဝင် <http://www.mediafire.com/?w2mukh1yynw>
ဦးဘဘေ _ နိုင်ငံရေးရာအဖြာဖြာ ဒုတိယတွဲ <http://www.mediafire.com/?inztz0untzj>
ဦးဘသန်း _ ယောနသံဇင်ရော် <http://www.mediafire.com/?jmz1ngh2jjt>
ဦးဘေ _ ၀ရုဏပျို့  <http://www.mediafire.com/?et4mdwuj3gj>
ဦးမောင်ကြီး _ ရေငံပိုင်ဦးရှင်ကြီးနတ်ဖြစ်ပြဇာတ်သစ် ပထမတွဲ<http://www.mediafire.com/?jauya2tn22v>
ဦးမောင်မောင်သန်း _ ၂၁ ရာစုအင်္ဂ၀ိဇ္ဖာဆောင်းပါးများ <http://www.mediafire.com/?lnzcmnwmmo2>
ဦးမောင်သိန်း _ ပဋာစာရီ- ဒုတိယပိုင်း <http://www.mediafire.com/?yndqoqktmjj>
ဦးရ၀ိန် _ ဥဒကဒီပနီ , မြန်မာသံတော်ဆင့်မီးစက်ကြီး ပှံနှိပ်တိုက် , ရန်ကုန်မြို. , ၁၂၄၈ ခု , ကဆုန်လ <http://www.mediafire.com/?2cumdajut2z>
ဦးရဿက _ စတုသစ္စပကာသနီကျမ်း <http://www.mediafire.com/?tdmtmmuyvxd>
ဦးရေ၀တ _ သာသနာ့အမွေကိုခံယူခြင်းနှင့်ငါလုပ်ချင်တာ <http://www.mediafire.com/?nyinmwmdwzy>
ဦးရေ၀တ _ နားလည်နိုင်ခြင်း၏စွမ်းအား <http://www.mediafire.com/?olx4idhijno>
ဦးရွှေအောင် _ ကုသိုလ်နှင့် အကုသိုလ် <http://www.mediafire.com/?2dku2ngwmyw>
ဦးရွှေအောင် _ ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့ <http://www.mediafire.com/?5mmjfd51ing>
ဦးရွှေအောင် _ ဓမ္မပဒ <http://www.mediafire.com/?1j42ccxm3cw>
ဦးရွှေအောင် _ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း <http://www.mediafire.com/?tnung43niwd>
ဦးရွှေအောင် _ ဘ၀အကျဉ်းသား <http://www.mediafire.com/?n4gklnuydtw>
ဦးရွှေအောင် _ ဘ၀အမြင်သစ် <http://www.mediafire.com/?mjfnvxlejqx>
ဦးရွှေအောင် _ အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစုများ<http://www.mediafire.com/?j4ymjnomzlt>
ဦးလှ _ ဗမာ့အရေးတော်ပုံ-ပတွဲ , မြန်မာ့သိပ္ပံစာပုံနှိပ်တိုက် , ရန်ကုန် ,
၁၅.၁၀.၁၉၃၈ <http://www.mediafire.com/?tjn3czzywya>
ဦးလွှား _ ဓါတ်စာကျမ်း <http://www.mediafire.com/?wzzonwnumlj>
ဦးဝိမလ _ ကင်္ခါမေးခွန်းနှင့်အဖြေ <http://www.mediafire.com/?yy2tyd2d2dm>
ဦးသက်စိန် _ ဗုဒ္ဓသာသနာ့အခြေခံ <http://www.mediafire.com/?meymniefmyz>
ဦးသက်ထွန်း _ အနောက်တိုင်းမှ နုတ်သီးကောင်းလျှာပါးတို့၏အဆိုများ <http://www.mediafire.com/?ibmrtzzjtuz>
ဦးသိန်းဟန် _ ပြည်ထောင်စုသမိုင်းပုံပြင်များ , စာပေဗိမာန် ပုံနှိပ်တိုက်,ရန်ကုန် , ၁၉၆၈ မတ်လ <http://www.mediafire.com/?hnl0goygmkh>
ဦးအေးမောင် _ ဗီဇနှင့် ပတ်ဝန်းကျင် <http://www.mediafire.com/?znemzymmmnm>
ဦးအောင်ခင် _ ငါနဲ့မတူ ငါ့ရန်သူ <http://www.mediafire.com/?qzlndjnw1jf>
ဦးအောင်ခင် _ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ<http://www.mediafire.com/?kmwtewt2e2m>

From fw mail .

အင်္ဂလိပ်စကားပြောခိုင်းမယ်


ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

source : http://mgsaytanar.blogspot.com

Friday, July 20, 2012

သူငယ်ချင်းရေ(၂)













ပြောစရာတော့ကြုံလာပြီ သူငယ်ချင်းရေ။
ဒီတစ်ခါတော့အောက်လမ်းကားစီးပြီးပြန်ခဲ့တယ်  ..အဲဒီမှာ စတွေ့တာပဲသူငယ်ချင်းရေ။
ထိုင်ခုံ အပြည့်ထိုင်စီးလာကြတော့ တမှတ်တိုင်တည်း တူတူတက်လာတဲ့ ကျွန်မအပါအ၀င် ခရီးသည်လေး ငါးယောက်လောက်တော့ မတ်တပ်ရပ် ရတာပေါ့။ ဒါပေမယ့် သူငယ်ချင်းရေ..... ကျွန်မ အကြောင်းသိတယ် မှတ်လား မျက်စိက လျှင်တယ်လေ။ နောက်ဆုံးခုံတန်းရှည်မရောက်ခင်.. ၃ခုံ အလိုလောက်မှာ အသက် ၄၅နှစ် နဲ့၅၀ကြားရှိမယ့်လူကြီးတစ်ယောက်ထိုင်နေတာတွေ့လိုက်တယ်။ သူက  နှစ်ယောက်ထိုင်ခုံကို တယောက်တည်းလွတ်လွတ်လပ်လပ်ကြီးကိုထိုင်နေတာ။ ဒါနဲ့... ကျွန်မလည်း ငါတော့နေရာ ရပြီဟေ့.... လို့ဆိုပြီးအားရ၀မ်းသာနဲ့ထိုလူကြီးနားကို မသိမသာတိုးကပ်သွားမိပါတယ်။ ကိုယ်နဲ့အတူယှဉ်ပြိုင်မယ့်လူ (နေရာလုမယ့်လူ) မရှိတော့ ခပ်အေးအေးပဲ သွားလိုက်တယ်။လူကြီးဘေးကို ကျွန်မရောက်သွားတဲ့ အခါ မှတော့  ...ကျွန်မရဲ့ မျှော်လင့်ချက်ကလေးဟာ........ ခဲလေသမျှပဲရေပွ ဖြစ်ခဲ့ ရတယ် သူငယ်ချင်းရယ်။ ဒီလိုပါ..   အဲလူကြီးကလေ လွတ်လပ်မှုကို မြတ်နိုးတယ်ထင်ပါရဲ့....။ နှစ်ယောက် စာထိုင်ခုံကို တစ်ယောက်တည်း  အပြည့်အ၀ကို ထိုင်နေတာလေ။ ကျွန်မကို နေရာမပေးချင်လို့ပဲလား .... အမှတ်တမဲ့မို့မမြင်တာပဲလားတော့ မသိပါဘူးရှင်......ထိုလူကြီးကကျွန်မအတွက်နေရာမပေးတဲ့အပြင် လှည့်တောင်မကြည့်ဘူး။ ကျွန်မ စိတ်တိုမိခဲ့တယ်..တကယ်ဆို ဘေးလွတ်နေတဲ့နေရာကို ထိုင်ဖို့လာတဲ့ လူ တစ်ယောက် ကိုမသိကျေးကျွန်လုပ်စရာမလိုဘူးလို့ ထင်တယ်။ ထိုလူကြီးလည်းတန်ရာတန်ကြေးပေးပြီး သွားနေသလို ကျွန်မလည်း သူ့လိုပဲ ခရီးသည်တစ်ယောက်ပါ။ ကျွန်မထက် အရင်ဂိတ်စမှစီးလာတဲ့ အတွက် (သို့)ရှေ့ဂိတ်  တခုခုမှလာတဲ့ အတွက်လည်းနေရာရထားတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ့်ဘေး ကနေရာလွတ်ကိုထိုင်ဖို့ ရောက်လာတဲ့လူ ရှိလာပြီဆိုရင်စေတနာမပါရင်တောင်မှ အားနာ သမှုနဲ့နေရာပေးသင့်တယ်လို့  ကျွန်မကတော့ ယူဆပါတယ်.. သူငယ်ချင်းတို့ဆိုရင်ရော..။ နောက်တခု စဉ်း စားပေးပါဦး သူငယ်ချင်းရေ........။.နေရာလွတ်မှာထိုင်တယ်မထိုင်ဘူးဆိုတာဘေးလူရဲ့ သဘောထားပဲဖြစ်
ရမယ် မဟုတ်လား။ ကိုယ့် ဘေးနား နေရာလွတ်ကို တစ်ပါးသူထိုင်နိုင်ဖို့  ကိုယ်အမူအရာအားဖြင့် သော် လည်းကောင်း (ဟိုဘက်နည်းနည်းရွှေ့ပေးတာမျိုးပေါ့)၊ မျက်လုံးနဲ့စကား ပြောတာမျိုးသော်လည်းကောင်း (လာထိုင်ပါ/ ထိုင်လို့ရပါတယ်) စသဖြင့်ပေါ့နော် အဲလို လူမှုရေး အသိစိတ်ကို ဖော်ပြပေးရမှာ ထိုလူကြီးရဲ့ တာဝန်လို့ ကျွန်မ ယူဆမိပါတယ်။  အဲတာဝန်ကို ထိုလူကြီးမသိတာပဲလား မတွေးမိတာပဲလား ဆိုတာကျွန်မ  မပြောပြ တတ်တော့ ပါဘူး။ ထိုလူကြီးလို လူမျိုးတွေ တော်တော်များများ တွေ့ရလေ့ရှိပါတယ်။ အများအကျိုးတွက် စွန့်လွှတ်အနစ်နာခံ မှုတွေကို လူသားတွေပြုလုပ် နေကြတဲ့အချိန်မှာ ဘာမှမကြီးကျယ်တဲ့ နေရာထိုင်ခင်း လေးတခုကို တောင် အခြားသူတွက် အခွင့်အရေးမပေးနိုင်တဲ့ လူမျိုးတွေ ကျွန်မတို့ ဆီမှာ ဘယ်လောက်တောင်များရှိနေပြီလဲ ဆိုတာတွေးမိတော့ ရင်လေးစွာနဲ့ပဲ အိမ်အပြန်ခရီးမှာ မတ်တပ်ရပ်ရင်း...................................................

Thursday, July 19, 2012

ရေစက်ချတယ်ဆိုတာ

တကယ်တော့ရေစက်ချတယ်ဆိုတာ “ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်းမလွယ်နဲ့”ဆိုတဲ့စကားအတိုင်း ဘုရားလောင်း ဝေဿန္တရာမင်းကြီးဘ၀တုန်းက လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တစ်ခုကို အတုယူပြီး လိုက်လုပ်နေကြတာပါ။ ဝေဿန္တာမင်းကြီးက ဆင်ဖြူတော်လှူတုန်းက ဆင်ဖြူတော်ရဲ့နှာမောင်းကို အလှူခံပုဂ္ဂိုလ်တွေကိုကိုင်ခိုင်းထားပြီး ရေစက်ချခဲ့ဖူးတယ်။ သားတော်ဂဏှာနဲ့၊ သမီးတော်ဇာလီကို ဇူဇကာပုဏ္ဏားကိုလှူတုန်းကလည်း ရေစက်ချ ဘုရားဆုပန် လှူဒါန်းခဲ့ဖူးပါတယ်။ ရှေးသူတော်ကောင်းတွေပြုလုပ်ခဲ့ဖူးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်လည်း နောင်လူနောင်သားတွေ လိုက်လုပ်သင့်ပါတယ်။ တကယ်တော့ ရေစက်ချတယ်ဆိုတာကလည်း အဓိပ္မါယ်တွေများကြီးရှိပါတယ်။ ရေကို လှူဖွယ်ဝတ္တုအနေနဲ့တင်စားပြီး အချက်(၃)ချက်နဲ့အညီ ရေစက်ချတာပါ။

(၁) မချီမနိုင်သော ပစ္စည်းဝတ္တုကို ချီမလွယ်ကူသော ရေနှင့်တင်စားခြင်း။

(၂) ရေ၌ ကြည်လင်အေးမြသန့်ရှင်းမှုရှိနေသလို့ အလှူရှင်တွေရဲ့ စိတ်မှာလည်း ကြည်လင်သန်ရှင်းနေပါကြောင်းတင်စားခြင်း။

(၃) ရေတစ်စက်တစ်စက်ကျ၍ ကုန်သွားရာ၌ နှမြောတပ်မက်မှုမရှိသလို လှူ၍ကုန်သွားသော ပစ္စည်းဝတ္တုအပေါ်၌ တပ်မက်မှုတဏှာလောဘ မရှိပါကြောင်းတင်စားပါတယ်။

တကယ်တော့ အလှူတစ်ခုပြုတိုင်း ရေစက်ချဖို့ထက်ပိုအရေးကြီးတာက အမျှပေးဝေဖို့ပါ။ အခြေအနေအရ ရေစက်ချဖို့ အခွင့်မကြုံသော်လည်း အမျှပေးဝေတာကိုတော့ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုသိုလ်ဖြစ်ကြောင်းတရား(၁၀)ပါးထဲမှာ ပတ္တိဒါန= အမျှပေးဝေခြင်း၊ ပတ္တာနုမောဒနာ = ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်းရယ်လို့ ပါရှိပါတယ်။ နောက်ပြီး အလှူအတန်းပြုလုပ်၍ အမျှပေးဝေမှ သာဓုခေါ်နိုင်တဲ့ ပြိတ္တာတွေအတွက် အမျှပေးဝေမှသာသာဓုခေါ်နိုင်မှာပါ။ တကယ်တော့ အမျှပေးဝေတယ်ဆိုတာ ကုသိုလ်ရှင်ရရှိထားတဲ့ ကုသိုလ်အဖို့တွေကို သာဓုခေါ်တဲ့သူတွေကို ဝေမျှလိုက်တာပါ။ သို့သော်လည်း ကုသိုလ်ရှင်တွေအတွက်တော့ ကိုသိုလ်အဖို့က လျော့ကျသွားခြင်းမရှိပါဘူး။ ဥပမာအားဖြင့် ဖယောင်းတိုင်မီးတစ်တိုင်က မီးကို နောက်ထပ် ဖယောင်းတိုင်ဘယ်လောက်ပဲ မီးကူးပေးလိုက်ပေးလိုက် မူလဖယောင်းတိုင်က မီးအလင်းလျော့ကျမသွားပါဘူး။ ဒါကြောင့် အလှူတစ်ခုပြုလုပ်ပြီးတိုင်း ရေစက်ချတာထက် အမျှပေးဝေဖို့က ပိုအရေးကြီးပါတယ်။ သတ္တ၀ါအများ မေတ္တာပွား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အမြင်မှန်ရနိုင်ပါစေ . . . ။


by kuthala .

Tuesday, July 17, 2012

Firefox speed ကို မြန်အောင်လုပ်မယ်



ဒီဆော့ဝဲလ်လေးက Firefox speed ကို
မြန်အောင်လုပ်ပေးမယ့်ဆော့ဝဲလ် လေးပါ mozilla firefox icon ကို
တင်ထားစရာမလိုတော့ပါဘူး ဒီကောင်လေးဒေါင်းပြီးဆွဲတင်ထားလိုက်ရင် ရပါပြီ
install လုပ်စရာမလိုပါဘူး

တင်ထားပြီးကလစ်နှိပ်သုံးယုံပါ လိုတယ်ဆိုရင်အောက်မှာ ဒေါင်းယူလိုက်ပါ window နဲ့ Mac မှာ

အသုံးပြုနိုင်ပါတယ် အောက်မှာ အသုံးပြုပုံကို ပြထားပေးပါတယ်

Windows နဲ့ Mac

အသုံးပြုနည်း

Firefox ကို ပိတ်ထားလိုက်ပါ

ဒေါင်းထားတဲ့ဖိုင်ထဲက နေဒတ်စတော့ပေါ်ဆွဲတင်လိုက်ပါ နောက် icon လေးကို နှိပ်ပြီး 

Run ကိုနှိပ်ပါ  ပြီးရင်တော့  firefox မှာ အမှတ်ခြစ်ပေးပြီး optimize ကိုနှိပ်လိုက်

အဆင်ပြေပြီဗျာ...

source : www.mmsoftwarecity.co.cc

စကားပြောစွမ်းရည်

သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါသလား? သေချာတာပေါ့ ။

သင့်ဘ၀တစ်လျှောက်လုံး စွဲမြဲလာခဲ့တဲ့ စကားပြောဆိုမှု ပုံစံတွေကို ပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို ဖြစ်နိုင်ပါတယ်။

ဒီစာကို လိုတာထက်ပိုပြီး ရှည်မသွားရလေအောင်- စကားပြောတဲ့အခါ ကျနော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတစ်ချို့နဲ့ အဲဒါတွေကို ပြောင်းလဲဖို့ နည်းလမ်းတစ်ချို့ကို ကြည့်ကြရအောင်။

၁။ နားမထောင်ခြင်း

အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ပြောခဲ့ဖူးတယ် -

” ကျနော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရုတစိုက် နားထောင်ခြင်းကြောင့် တခြားလူတွေဆီကနေ ကျနော်အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တော့မှ နားမထောင်တတ်ကြဘူး “

လူအများစုနဲ့ မတူပါနဲ့။ သင်ပြောရမယ့်အလှည့်ကို ရောက်ဖို့ စိတ်အားထက်သန်စွာ စောင့်မနေပါနဲ့။ သင့်ရဲ့စိတ်ကို ခဏကလေး အောင့်ထားလိုက်ပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာ အမှန်တကယ်နားထောင်တတ်အောင် သင်ယူပါ။

သင် အမှန်တကယ် နားထောင်လိုက်ပြီဆိုတာနဲ့ အဲဒီစကားဝိုင်းမှာ နောက်ထပ် ဘာတွေဆက်ပြောရမယ်ဆိုတဲ့ စကားလမ်းကြောင်းလေးတွေကို သင် ရရှိပါလိမ့်မယ်။ ဒါပေမဲ့ “ဟုတ်တယ်” “မဟုတ်ဘူး” အဖြေတွေကိုသာရမယ့် မေးခွန်းမျိုးကိုတော့ ရှောင်ပါ။ အဲဒီမေးခွန်းတွေက သင့်ကို အကြောင်းအရာတွေ အများကြီး မပေးနိုင်လို့ပါပဲ။ ဆိုကြပါစို့ … စကားဝိုင်းထဲကမှာ တစ်ယောက်က သူ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူငယ်ချင်းနှစ်ယောက်နဲ့ ငါးမျှားထွက်တဲ့အကြောင်း ပြောတယ်၊ ဒါဆို သင် ဒီလို မေးလို့ရတယ် -

ဘယ်နေရာမှာ ငါးမျှားထွက်တာလဲ ?
ငါးမျှားရတာကို ဘာကြောင့် သဘောကျသလဲ ?
ငါးမျှားထွက်ရတာအပြင် တခြားဘာတွေ ၀ါသနာပါသေးလဲ ?

ဒါဆိုရင် ဒီလူဟာ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြောစရာစကားတွေ ပိုရသွားမယ်၊ သင့်အတွက်လည်း နောက်ထပ်ထပ်ပြောရမယ့် စကားတွေ ပိုပြီး ရလာပါတယ်။

အကယ်၍ သူက ဒီလိုပြောမယ် ” ကျနော်မသိဘူး “

ချက်ချင်း လက်မလျှော့ပါနဲ။ နည်းနည်းလေး တို့ကြည့်၊ ဆွကြည့်ပါ။ ထပ်ပြီး မေးပါ။ ဒါဆို သူတို့နည်းနည်လေး ထပ်စဉ်းစားတော့မယ်။ ပြီးတော့ သူတို့တွေက အဲဒီစကားဝိုင်းကို စဖွင့်လိုက်ပြီဆိုတာနဲ့ ပိုပြီး စိတ်ဝင်စားစရာလည်း ကောင်းလာပါလိမ့်မယ်။

၂။ မေးခွန်းတွေ အများကြီး မေးခြင်း

သင်ဟာ မေးခွန်းတွေချည်းပဲ အများကြီးမေးနေမယ်ဆိုရင်တော့ အဲဒါဟာ အချင်းချင်းစကားပြောနေတာနဲ့မတူဘဲ စစ်ဆေးမေးမြန်းနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါမှမဟုတ် မေးခွန်းတွေချည်းပဲ သင့်မှာ ပြောစရာသိပ်မရှိဘူးဆိုတဲ့ပုံစံနဲ့လည်း တူနေပါတယ်။

နည်းလမ်းတစ်ခုကတော့ မေးခွန်းတွေကို ရိုးရိုးစကားနဲ့ ပေါင်းစပ်လိုက်ဖို့ပါပဲ။ အထက်မှာပြောခဲ့တဲ့စကားကို ဆက်ရရင်- သင်ဟာ အဲဒီမေးခွန်းတွေကို မမေးဘဲနဲ့ ဒီလိုလည်း ပြောနိုင်ပါတယ် ..

ဟုတ်လား၊ တနင်္ဂနွေ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အေးအေးလူလူ အပြင်ထွက်တာ တကယ်ကောင်းတယ်။ ကျနော်တို့ကတော့ ဘီယာ ၆ ပုလင်းလောက်ဝယ်ပြီး ပန်းခြံထဲသွားတယ်၊ ပြီးတော့ လေထဲမှာ ပန်းကန်ပြားလေးတွေ ပစ်တဲ့ ကစားနည်းကို ဆော့ကြတယ်။

ဒါဆိုရင် စကားကို ဒီနေရာကနေ ဆက်လို့ရသွားပါပြီ။ သင်ဟာ ပန်းကန်ပြားပစ် ကစားနည်းအကြောင်းကို ဆက်ဆွေးနွေးနိုင်တယ်၊ ဒါမှမဟုတ် သင်အကြိုက်ဆုံး ဘီယာအကြောင်းကို ဆက်ပြောနိုင်တာပါပဲ

၃။ တင်းကျပ်လွန်းခြင်း

သင်အခုမှ စတွေတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ဒါမှမဟုတ် ပုံမှန်ပြောနေကျ အကြောင်းအရာတွေ ကုန်သွားတဲ့အခါ ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

Leil Lowndes က ပြောဖူးတယ် – ” သတင်းစာမဖတ်ရသေးဘဲနဲ့ အိမ်အပြင်ကို မထွက်ပါနဲ့” – တဲ့။ သင့်မှာ ပြောစရာအကြောင်းအရာ မရှိတဲ့အခါ သင်ဟာ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ သတင်းတွေအကြောင်းကို စ ပြောလို့ရတယ်။ ဒါမှမဟုတ် အခုလက်ရှိ လူကြိုက်များနေတဲ့ အကြောင်းအရာတွေကို သိထားတာလဲ ကောင်းပါတယ်။ ဥပမာ .. Lost ဇာတ်ကားရဲ့ နောက်ဆုံးအခန်းက ဘယ်လိုဖြစ်သွားသလဲ … ဆိုတာမျိုး။

သင့်မိတ်ဆွေအိမ်က ငါးကန်လေးကိုလည်း ချီးမွမ်းလို့ရတယ်။ ဒါမှမဟုတ် သူ့ရဲ့ Mp3 ထဲက သီချင်းတွေအကြောင်း ပြောလို့ရတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတစ်ခုခုအကြောင်းကိုလည်း စပြီး ပြောနိုင်တာပါပဲ။

၎။ ပြောဟန်ဆိုဟန် အားနည်းခြင်း

စကားပြောတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ – သင် ဘာပြောတယ်ဆိုတာ မဟုတ်ပါဘူး၊ သင် ဘယ်လို ပြောတယ်ဆိုတာပါပဲ။ ဒါက အပြောင်းအလဲတွေ အများကြီးကို ဖြစ်စေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ အသံနဲ့ သင့်ရဲ့ ခန္ဓာကိုယ် ဘာသာစကား (body language ) ဟာ ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက် ဖြစ်လို့ပါပဲ ။

စဉ်းစားရမယ့် အချက်တစ်ချို့ကတော့ -

အရှိန်လျှော့ပါ။ သင်ဟာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေတဲ့အခါ စကားပြောတာ ပိုပိုပြီး မြန်လာပါလိမ့်မယ်။ အရှိန်ကို လျှော့ချဖို့ ကြိုးစားပါ။ ဒါဟာ နားထောင်တဲ့သူတွေအတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ပြီးတော့ သင်ပြောလိုတဲ့အချက်အလက်တွေလည်း သူတို့ဆီကို ရောက်သွားပါလိမ့်မယ်။
ကျယ်ကျယ်ပြောပါ။ သင့်ကို သူတို့တွေကြားရဖို့ လိုအပ်သလောက်ကျယ်ကျယ်ပြောရမှာကို မကြောက်ပါနဲ့။
ရှင်းလင်းစွာပြောပါ။ ဗလုံးဗထွေး မပြောပါနဲ့။
ခံစားချက်အပြည့်နဲ့ ပြောပါ။ သင်ဟာ အသံအနိမ့်အမြင့် မရှိဘဲ ပြောနေမယ်ဆိုရင် ဘယ်သူကမှ နားထောင်ချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့အသံမှာ သင့်ရဲ့ ခံစားချက်တွေ ရောင်ပြန်ဟပ်နေပါစေ။

၅။ စကားဝိုင်းကို အပိုင်စီးထားခြင်း

ဒီလိုမျိုးအဖြစ်တွေကို ကျနော် မကြာခဏကြုံရဖူးတယ်။ စကားဝိုင်းမှာရှိတဲ့လူတိုင်းဟာ အဲဒီစကားဝိုင်းမှာ ပါဝင်ရပါမယ်၊ သူတို့အတွက် စကားပြောဖို့အချိန်ကိုလည်း ပေးရပါလိမ့်မယ်။ တစ်ယောက်ယောက်က ပုံတိုပတ်စတစ်ပုဒ်ကို ပြောနေတဲ့အခါ ကြားဖြတ်မပြောပါနဲ့၊ ဒါမှမဟုတ် သင်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က သူ့အမြင်ကို ပြောတဲ့အခါ လူတွေရဲ့အာရုံကို သင့်ဆီပြန်ရောက်လာအောင်ဆိုပြီး စကားကို ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ပြောခြင်းနဲ့ နားထောင်ခြင်းကို ဟန်ချက်ညီအောင်လုပ်ပါ။

၆။ ကိုယ့်ဘက်က အမြဲမှန်ခြင်း

ငြင်းခုန်တာမျိုး၊ ပြီးတော့ ပြောသမျှအကြောင်းအရာတိုင်းမှာ ကိုယ့်ဘက်ကပဲ အမြဲမှန်တယ်ဆိုတာမျိုးကို ရှောင်ပါ။ ဒါဟာ ဆွေးနွေးပွဲတစ်ခု မဟုတ်ပါဘူး။ ပြောသမျှ အကြောင်းအရာတိုင်းမှာ သင် “နိုင်” လို့လည်း ဘယ်သူကမှ သင့်ကို အထင်ကြီးကြမှာမဟုတ်ပါဘူး။ အဲဒီအစား – ထိုင်ခုံမှာ ပြန်မှီထိုင်လိုက်ပါ၊ သက်သောင့်သက်သာနေပါ။ ကောင်းတဲ့ခံစားချက်လေးတွေ ဆက်လက် သွားနေပါစေ။

၇။ ဘယ်လိုကြီးမှန်းမသိအောင် ထူးခြားသော အကြောင်းအရာများကို ပြောခြင်း

အကယ်၍ သင်ဟာ ဧည့်ခံပွဲတစ်ခုမှာရောက်နေမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ကြိုးစားနေတယ်ဆိုရင် စကားပြောတဲ့အခါ တချို့အကြောင်းအရာတွေကို ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ကျန်းမာရေးမကောင်းတဲ့အကြောင်း၊ ဒါမှမဟုတ် အဆင်မပြေတဲ့ ဆက်ဆံရေးတွေအကြောင်း၊ သင့်ရဲ့ အလုပ်မကောင်းကြောင်း၊ သူဋ္ဌေးရဲ့ဆိုးပုံတွေ၊ ဒါမှမဟုတ် သင်နဲ့ တခြားလူတစ်ယောက်တည်းသာ နားလည်မယ့် အကြောင်းအရာမျိုးတွေ ပြောခြင်းကို ရှောင်ပါ။ သင့်ရဲ့သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ငြင်းခုန်ရမယ့်အကြောင်းအရာမျိုးတွေကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်။

၈။ ပျင်းစရာကောင်းနေခြင်း

ပတ်ဝန်းကျင်ကို သတိမထားဘဲ သင့်ရဲ့ ကားအသစ်ကြီးအကြောင်း ၁၀ မိနစ်လောက် တတွတ်တွတ် ပြောတာမျိုး မလုပ်ပါနဲ့။ တခြားသူတွေက ပျင်းလာပြီဆိုရင် အဲဒီအကြောင်းအရာကို ရပ်လိုက်ဖို့ အသင့်ပြင်ထားပါ။

အကြောင်းအရာတစ်ခုကို စိတ်ဝင်စားစရာကောင်းအောင်ပြောဖို့ နည်းလမ်းတစ်ခုကတော့ ရိုးရှင်းစွာပြောခြင်းပါပဲ။ပြီးတော့ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။ သင့်ရဲ့ သူဋ္ဌေးအကြောင်း ၊ သင့်အလုပ်အကြောင်း ညည်းညူပြောတာမျိုးနဲ့ စကားဝိုင်းကို မစတင်ပါနဲ့။ တခြားသူတွေက အဲဒီအကြောင်းအရာတွေကို နားမထောင်ချင်ကြဘူးလေ။ အဲဒီအစား – သင်နောက်ဆုံးသွားခဲ့တဲ့ အပျော်ခရီးအကြောင်းပြောပါ၊ သင် အ၀တ်အစားဝယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ရီစရာအဖြစ်အပျက်တစ်ခုအကြောင်း၊ ဒါမှမဟုတ် နှစ်သစ်ကူးညအတွက် သင် ဘယ်လို စီစဉ်ထားတယ်ဆိုတဲ့အကြောင်း၊ ဒါမှမဟုတ် တခြား ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာမျိုးကို ပြောပါ။

၉။ တုန့်ပြန်မှုမရှိခြင်း

ပွင့်လင်းပါ၊ သင်တွေးမိတာတွေကို ပြောပါ၊ သင်ခံစားရတာကို မျှဝေပါ။ တခြားတစ်ယောက်က သူ့ရဲ့အတွေ့အကြုံတစ်ခုကို မျှဝေလာရင်လည်း ဖွင့်ပေးပါ၊ ပြီးတော့ သင့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပါ။ ခေါင်းညိတ်ခေါင်းခါနေတာမျိုးပဲ မလုပ်ပါနဲ့။ သူတို့ကလည်း သင့်ကို စကားဝိုင်းထဲမှာ ပါဝင်စေချင်ကြတယ်လေ။

ဘ၀ရဲ့ တခြား ကဏ္ဍတွေမှာလိုပဲ၊ သင်ဟာ တစ်ဘက်က စရွေ့လျားတာကို အမြဲတမ်းတော့ စောင့်မနေနိုင်ပါဘူး။ လိုအပ်တဲ့အခါ၊ စကားဝိုင်းကို ကိုယ်က အရင် စဖွင့်ကိုပါ။

၁၀။ ပြောစရာ များများမရှိခြင်း

စကားပြောနေရင်းနဲ့ ပြောစရာမရှိတော့တာမျိုးကို ကြုံဖူးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာကို အမှန်တကယ် နားထောင်ပါ၊ စိတ်ဝင်စားပါ။ မေးခွန်းတွေမေးပါ။ ဆက်စပ်တဲ့အကြောင်းအရာတွေကို ပြောပါ။

သင့်ရဲ့ မျက်စိတွေကိုလည်း ဖွင့်ထားပါ။ သင့်ရဲ့ ပတ်ဝန်းကျင်လေ့လာမှုစွမ်းရည်ကို အားကောင်းအောင်လုပ်ပါ။ သင့်ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေပါ။ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေအပေါ် သင့်အမြင်ကို ဖြန့်ကျက်ထားခြင်းဖြင့် သင့်ရဲ့ကိုယ်ပိုင် ဗဟုသုတ ဘဏ်စာရင်းကို တိုးပွားအောင်လုပ်ပါ။ သတင်းဂျာနယ်တွေ ဖတ်ပါ။ လက်ရှိ လူကြိုက်များနေတဲ့အကြောင်းအရာတွေကိုလည်း သိပါစေ။

သင့်ရဲ့ ခန္ဓာကိုယ်ဘာသာစကား (body language) ကိုလည်း ပိုပြီးကောင်းမွန်အောင်လုပ်ပါ။

ဒါပေမဲ့ အေးအေးဆေးဆေး လုပ်ပါ။ ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်းမှာ လုပ်ဖို့မလိုအပ်ပါဘူး။ ဒီအချက်တွေထဲက သင့်ရဲ့ စကားပြောစွမ်းရည်နဲ့ပတ်သက်လို့ တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ထင်တဲ့ အရေးအကြီးဆုံး အချက်သုံးခုကို ရွေးပါ။ ပြီးရင် နေ့စဉ်နေ့တိုင်း ရက်သတ္တပတ် ၃-၄ပတ်လောက် လေ့ကျင့်သွားပါ။ ဘာတွေ ပြောင်းလဲလာသလဲဆိုတာကိုလည်း မှတ်သားထားပါ။ သိပ်မကြာခင်မှာပဲ သင် စကားပြောတဲ့အခါ သင့်ရဲ့ အလေ့အကျင့်အသစ်တွေဟာ အလိုလို စတင် ပေါ်ထွက်လာပါလိမ့်မယ်။

Ref: Do You Make These 10 Mistakes in a Conversation? by Henrik Edberg

Post Credit to Your Life Success Blog

by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့