Showing posts with label players and skins. Show all posts
Showing posts with label players and skins. Show all posts

Thursday, September 15, 2011

Lyrics plug-in, to control volume

Window XP, Vista & 7 မှာအကုန်ရပါတယ်..Window media player , Winamp , itunes player တွေမှာပေါ်ပါတယ်.သီချင်းစာသားတွေကို..ဖော်ပြပေးပါတယ်..
မြန်မာသီချင်းတချို့ လဲပေါ်ပါတယ်။

Download links
 
ကွန်ပြူတာထဲကို ဟိုကကူး ဒီကဒေါင်း နဲ့ Mp3 သီချင်း ဖိုင်တွင် အများကြီး ဖြစ်နေကြမှာပါ။

နားထောင်ချင်တဲ့ အခါ အားလုံးစုဖွင့် တဲ့အခါ သီချင်းတပုဒ်ကအသံတိုးနေလို့ နည်းနည်းကပြန်တိုးထားလိုက်ရော ခဏ နေနောက် တစ်ပုဒ်လာပြန်တော့ အသံကပြန်ကျယ်သွားရော ဒါနဲ့ပြန်တိုးရကော။ ကဲခုတော့ ဒီ Mp3gain software  လေးကစက်ထဲမှာ နားထောင်ချင် ရင်ဘဲဖြစ်ဖြစ်  စီဒီဘမ်းပြီးဖွင့်ဖွင့်  Mp3သီချင်းတွေကို  အသံအတိုးအကျယ်တူသွားစေရမယ်ဗျာ။

ကိုယ်ကြိုက်တဲ့  level /gain  ကိုရောက်အောင်ပြောင်းထားလိုက်တော့ ။

mp3gain-win-1_2_5.exe     ဆိုတာကိုဒေါင်းလိုက်တော့။   XP ,7 အကုန်ရပါတယ်။ 
http://sourceforge.net/projects/mp3gain/files/MP3Gain-Windows%20%28...

ဝင်ပြီး ခဏစောင့်ပါ။

ကဲဒေါင်းလိုက်တော့ Free ပဲနော် ။ ဖွင့်လိုက် ပါ။ပြီးရင် ကိုယ်ပြောင်းချင်တဲ့ သီချင်းတွေကို ထည့် ဖိုင်အလိုက် ထည့်မယ်ဆိုadd folder ဆိုတာကိုနိုပ်ပါ။ပါ။ဖိုင်လိုက်ဆို add file ကိုရွေးပါ။



ကဲဒီအဆင့်မှာကတော့   Target Volume level ဆိုတာကိုယ်ထားချင်တာကိုထည့်ပေး၇ပါမယ်။ The default is 89dB။  အတိုးအကျယ် ချိန်တာဒီမှာချိန်ရမှာနော် ပြီးမှအ၇မ်းတိုးနေလို့ ပြန်ကျယ်ချင်လဲရတယ်။လက်ရှိအသံအနေအထားကိုသိရအောင် Album Analysis ကိုနိုပ်လိုက်ပါ။



ပြီးရင်ခဏစောင့်ပါ။

 

ပြီးရင်သီချင်းတစ်ပုဒ်ခြင်းရဲ့ result ကိုကြည့်လို့၇ပါပြီ။



ကဲခုဆိုအားလုံးကို ကိုယ်ထားခဲ့တဲ့ Target Volume level အတိုင်း တစ်သားထဲဖြစ်သွားအောင် Album Gain  ဆိုတာလေးကိုနိုပ်လိုက် ပါတော့ ။


ကဲပြီးသွားရင်ကြည့်လိုက် ပါ ။အားလုံး 95 လောက် တွေပါပဲ။

 
ကဲခုဆို အားလုံးကို အသံအတိုးကျယ်တူညီစွာနဲ့ စိတ်ချလက်ချနားထောင်လို့ရပါပြီ။ မသေချာရင်ဒီတိုင်းကိုဘဲ တစ်ပုဒ်ခြင်းကို   r click ခေါက်ပြီး  နားထောင်ကြည့်  အားလုံးကအရမ်းတိုးနေကျယ်နေရင် ခုနကTarget Volume level ကို နောက်ထပ် ထပ်ပြောင်း ကြည့်ပါ။ လွယ်ပါတယ်။ ကဲ ဒါလဲမဟုတ်သေးဘူး original volumes ကိုဘဲကြိုက်တယ် ဟိုအရင်တိုင်းပြန်ထားချင်တယ်ဆိုရပါတယ်။

 
toolbar မှာ  click Modify Gain  ပြီးတော့ Undo Gain changes ဆို ရပါပြီ။

Source  blackprinc

Thursday, August 25, 2011

VLC Player Skins

VLC  Player ဆိုတာ media file တော်တော်များများကို ဖွင့်ပေးနိုင်တဲ့ Plyaer ကောင်းတစ်ခုပါ။ ဒါပေမယ့် သူ့ရဲ့ Default Skin အပြင် လှပ ဆန်းသစ်တဲ့ ဒီဇိုင်းလေးများကို လိုချင်သူများအတွက် ကျွန်တော် ရှာဖွေမိသမျှ Skin လေးတွေနဲ့ ဘယ်လိုတင်ရမယ်ဆိုတာလေးပါ ။ လွယ်လည်းလွယ်ပါတယ်။ ပိုပြီး တော့လည်း အမြင်ဆန်း သစ်သွားတာပေါ့ဗျာ။ 

အဆင့် (၁) ။ C --- Program file ထဲက VLC media player ( မတွေ့ရင် Video LAN )  ----Skin ကို အဆင့်
                    သွားလိုက်ပါ။ အဲမှာ .vlt ဆိုတဲ့ default skin file လေးကို တွေ့ပါလိမ့်မယ်။


အဆင့် (၂) ။ ပြီးရင်တော့ ဒေါင်းလုပ်ချထားတဲ့ .vlt skin file လေးတွေကို drag ဆွဲပဲ ထည့်ထည့် copy ပဲ ဖြစ်ဖြစ် ကူးထည့်လိုက်ဗျာ။


အဆင့် (၃)။ ပြီးရင် VLC ကို ဖွင့်ပြီး Tools --- Preferences . အဲဒီမှာ custom skin ကို ရွေးပြီး save ပေးလိုက်ပါ။   
                   VLC ကို Restart ပေးလိုက်ပါ ။ 


အခုဆိုရင် ကိုယ်ရွေးထားတဲ့ Skin နဲ့ လှလှ ပပ မြင်နိုင်ပါပြီ။ 
နောက်ထပ် Skin လေးတွေကို ပြောင်းချင်တယ်ဆိုရင်တော့ လွယ်သွားပါပြီ ။
Right click --- Interface ---Select Skin --- ဆိုပြီး ကြိုက်တာကို ရွေးနိုင်ပါတယ်။

                

         ဒါကတော့ ဆန်းသစ်မယ်ထင်တဲ့ Skin အချို့ပါ။ 

Alienware Darkstar

TRANSFORMERS vlc skin ( to download Zip file )

SilentVLC ( to download Zip file )
                                                                        
VLC Darkness

Glow Part 2

Inspired

ShiftieVLC

Crux

my_PSP-purple
Download link ပေးထားတဲ့ Skin လေးတွေက Zip ဖြေဖို့လိုပါတယ်။ တခြား Skin လေးတွေကတော့ အောက်က link ကနေ ဒေါင်းလိုက်ပါ ခင်ဗျာ။ 


ကိုယ်နှစ်သက်ရာ Skin ကို ထောက်ပြီး download လုပ်နိုင်သလို အားလုံးကိုလည်း လုပ်နိုင်ပါတယ်။ အောက်က ပုံလေးတွေမှာ ကြည့်နိုင်ပါတယ် ခင်ဗျာ။ 



                                                                                  အားလုံး အဆင်ပြေပါစေဟု ဆုမွန်တောင်းလျက်....