Friday, July 20, 2012

သူငယ်ချင်းရေ(၂)













ပြောစရာတော့ကြုံလာပြီ သူငယ်ချင်းရေ။
ဒီတစ်ခါတော့အောက်လမ်းကားစီးပြီးပြန်ခဲ့တယ်  ..အဲဒီမှာ စတွေ့တာပဲသူငယ်ချင်းရေ။
ထိုင်ခုံ အပြည့်ထိုင်စီးလာကြတော့ တမှတ်တိုင်တည်း တူတူတက်လာတဲ့ ကျွန်မအပါအ၀င် ခရီးသည်လေး ငါးယောက်လောက်တော့ မတ်တပ်ရပ် ရတာပေါ့။ ဒါပေမယ့် သူငယ်ချင်းရေ..... ကျွန်မ အကြောင်းသိတယ် မှတ်လား မျက်စိက လျှင်တယ်လေ။ နောက်ဆုံးခုံတန်းရှည်မရောက်ခင်.. ၃ခုံ အလိုလောက်မှာ အသက် ၄၅နှစ် နဲ့၅၀ကြားရှိမယ့်လူကြီးတစ်ယောက်ထိုင်နေတာတွေ့လိုက်တယ်။ သူက  နှစ်ယောက်ထိုင်ခုံကို တယောက်တည်းလွတ်လွတ်လပ်လပ်ကြီးကိုထိုင်နေတာ။ ဒါနဲ့... ကျွန်မလည်း ငါတော့နေရာ ရပြီဟေ့.... လို့ဆိုပြီးအားရ၀မ်းသာနဲ့ထိုလူကြီးနားကို မသိမသာတိုးကပ်သွားမိပါတယ်။ ကိုယ်နဲ့အတူယှဉ်ပြိုင်မယ့်လူ (နေရာလုမယ့်လူ) မရှိတော့ ခပ်အေးအေးပဲ သွားလိုက်တယ်။လူကြီးဘေးကို ကျွန်မရောက်သွားတဲ့ အခါ မှတော့  ...ကျွန်မရဲ့ မျှော်လင့်ချက်ကလေးဟာ........ ခဲလေသမျှပဲရေပွ ဖြစ်ခဲ့ ရတယ် သူငယ်ချင်းရယ်။ ဒီလိုပါ..   အဲလူကြီးကလေ လွတ်လပ်မှုကို မြတ်နိုးတယ်ထင်ပါရဲ့....။ နှစ်ယောက် စာထိုင်ခုံကို တစ်ယောက်တည်း  အပြည့်အ၀ကို ထိုင်နေတာလေ။ ကျွန်မကို နေရာမပေးချင်လို့ပဲလား .... အမှတ်တမဲ့မို့မမြင်တာပဲလားတော့ မသိပါဘူးရှင်......ထိုလူကြီးကကျွန်မအတွက်နေရာမပေးတဲ့အပြင် လှည့်တောင်မကြည့်ဘူး။ ကျွန်မ စိတ်တိုမိခဲ့တယ်..တကယ်ဆို ဘေးလွတ်နေတဲ့နေရာကို ထိုင်ဖို့လာတဲ့ လူ တစ်ယောက် ကိုမသိကျေးကျွန်လုပ်စရာမလိုဘူးလို့ ထင်တယ်။ ထိုလူကြီးလည်းတန်ရာတန်ကြေးပေးပြီး သွားနေသလို ကျွန်မလည်း သူ့လိုပဲ ခရီးသည်တစ်ယောက်ပါ။ ကျွန်မထက် အရင်ဂိတ်စမှစီးလာတဲ့ အတွက် (သို့)ရှေ့ဂိတ်  တခုခုမှလာတဲ့ အတွက်လည်းနေရာရထားတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ့်ဘေး ကနေရာလွတ်ကိုထိုင်ဖို့ ရောက်လာတဲ့လူ ရှိလာပြီဆိုရင်စေတနာမပါရင်တောင်မှ အားနာ သမှုနဲ့နေရာပေးသင့်တယ်လို့  ကျွန်မကတော့ ယူဆပါတယ်.. သူငယ်ချင်းတို့ဆိုရင်ရော..။ နောက်တခု စဉ်း စားပေးပါဦး သူငယ်ချင်းရေ........။.နေရာလွတ်မှာထိုင်တယ်မထိုင်ဘူးဆိုတာဘေးလူရဲ့ သဘောထားပဲဖြစ်
ရမယ် မဟုတ်လား။ ကိုယ့် ဘေးနား နေရာလွတ်ကို တစ်ပါးသူထိုင်နိုင်ဖို့  ကိုယ်အမူအရာအားဖြင့် သော် လည်းကောင်း (ဟိုဘက်နည်းနည်းရွှေ့ပေးတာမျိုးပေါ့)၊ မျက်လုံးနဲ့စကား ပြောတာမျိုးသော်လည်းကောင်း (လာထိုင်ပါ/ ထိုင်လို့ရပါတယ်) စသဖြင့်ပေါ့နော် အဲလို လူမှုရေး အသိစိတ်ကို ဖော်ပြပေးရမှာ ထိုလူကြီးရဲ့ တာဝန်လို့ ကျွန်မ ယူဆမိပါတယ်။  အဲတာဝန်ကို ထိုလူကြီးမသိတာပဲလား မတွေးမိတာပဲလား ဆိုတာကျွန်မ  မပြောပြ တတ်တော့ ပါဘူး။ ထိုလူကြီးလို လူမျိုးတွေ တော်တော်များများ တွေ့ရလေ့ရှိပါတယ်။ အများအကျိုးတွက် စွန့်လွှတ်အနစ်နာခံ မှုတွေကို လူသားတွေပြုလုပ် နေကြတဲ့အချိန်မှာ ဘာမှမကြီးကျယ်တဲ့ နေရာထိုင်ခင်း လေးတခုကို တောင် အခြားသူတွက် အခွင့်အရေးမပေးနိုင်တဲ့ လူမျိုးတွေ ကျွန်မတို့ ဆီမှာ ဘယ်လောက်တောင်များရှိနေပြီလဲ ဆိုတာတွေးမိတော့ ရင်လေးစွာနဲ့ပဲ အိမ်အပြန်ခရီးမှာ မတ်တပ်ရပ်ရင်း...................................................

No comments:

Post a Comment