Sunday, June 19, 2011

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ....?

ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီးတစ်
ယောက်က ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း ၊ တံငါသည်တစ်
ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရ
လေသည် ။ သူ့ ပုံစံကိုကြည့်ကာ သူဌေးကြီးစိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။

`` မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း "

"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ ´´ တံငါသည်က ဖြေသည် ။

`` ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ´´

`` ဖမ်းပြီး ဘာလုပ်ရမှာလည်း ´´

`` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ် ၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ် ၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။ နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက်အမြောက်အမြားလဲဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ"

သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။

" အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊ "

" အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊ "

" သြော် ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ " ။     ။

Anehony DeMello ၏ How Much Is Enough

ဖေမြင့် ဘာသာပြန်သည် ။

No comments:

Post a Comment