Thursday, December 9, 2010

For Virus...


Antivirus တင်ထားရပါမယ်
ဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် မရှိမဖြစ် ရှိရမယ့်ဟာကတော့ Antivirus ပါပဲ။ ဘယ် Antivirus ကပိုကောင်းတယ်ဆိုပြီး အမျိုးမျိုး ပြောနေကြတာလည်း ကြားဖူးကြမှာပါ။ ကျွန်တော့်အနေနဲ့ recommended လုပ်ချင်တာကတော့ Kaspersky Antivirus 7.0 ပါ။ ဘာဖြစ်လို့ ညွှန်းတာလဲဆိုတော့ 2006 နဲ့ 2007 အတွက် အကောင်းဆုံးဆု ရထားလို့ပါ။ ဒါပေမဲ့ Kaspersky က Blacklist လည်း ခဏခဏ ပေါ်တယ်။ Update လည်း မလုပ်တတ်ဘူး ဘာညာစသည်ဖြင့် ညည်းတာတွေကိုလည်း ပြန်ကြားရပါတယ်။ Blacklist မဖြစ်အောင်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂရုစိုက်ရပါမယ်။ Kaspersky ရဲ့ သဘောက Update လုပ်လိုက်ရင် ရှိပြီးသား Key လေးတွေ Blacklist ဖြစ်ဖြစ် သွားတတ်ပါတယ်။ အဲဒီအခါမှာ [URL]http://www.kavkiskey.com/[/URL] ကိုသွားပြီး Key တော်တော်များများကို download ဆွဲချရပါတယ်။ ပြီးတော့မှ တစ်ခုချင်း ထည့်စမ်းကြည့်ရပါတယ်။ Blacklist မဖြစ်တဲ့ Key ကတော့ အမြဲတမ်းပါလာလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနည်းကို သုံးနေပါတယ်။

တပတ်တစ်ခါ Update လုပ်ပါ
Antivirus တင်ပြီးပြီဆိုပြီး ပေါ့နေလို့လည်း မရသေးပါဘူး။ ဗိုင်းရပ်စ်တွေကို အထင်မသေးပါနဲ့။ အချိန်တိုင်း အသစ်တွေ ပေါ်နေပါတယ်။ ကိုယ့် Antivirus က 1 ရက်နေ့ Update ဆိုရင် 2 ရက်နေ့မှာ ထွက်လာတဲ့ ဗိုင်းရပ်စ်ကို ယောင်လို့တောင် သိမှာမဟုတ်ပါဘူး။ ဒါကြောင့် Antivirus ရဲ့ database ကို တပတ်တခါ update လုပ်ပေးရပါ့မယ်။ Kaspersky အတွက်တော့ [URL]http://www.kaspeskylab.com/[/URL] မှာ ရနိုင်ပါတယ်။ သူပေးထားတဲ့ Update ဖိုင် သုံးမျိုးထဲက av-i386-cumul.zip ကို download ဆွဲချရင် ရပါတယ်။ မပျက်မကွက်ပဲ တပတ်တခါ update လုပ်နိုင်ရင်တော့ av-i386-weekly.zip ဖိုင်ကို download လုပ်ရင် ရပါတယ်။ weekly က cumulative ထက်စာရင် File size သေးတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ပျက်ကွက်ခဲ့ရင်တော့ မရပါဘူး။

Full Scan လုပ်ပါ
Update လုပ်ပြီးတိုင်း Computer ကို Full Scan လုပ်ပါ။ အချိန်ပေးရတယ်လို့ထင်ရင် ညအိပ်ရာဝင်ခါနီးမှာ command ပေးပြီး ပစ်ထားလို့ ရပါတယ်။

Autorun Killer သုံးပါ
မြန်မာပြည်မှာတော့ ဗိုင်းရပ်စ်အများစုဟာ Memory Stick တွေကနေ ပြန့်ပွားကြတာ များပါတယ်။ ကူးစက်တဲ့ဗိုင်းရပ်စ် တော်တော်များများကလည်း Memory Stick ကို ကွန်ပျူတာမှာတက်လိုက်တာနဲ့ ဗိုင်းရပ်စ်အလုပ်လုပ်အောင် autorun.inf ဖိုင်မှာ ၀င်ရေးထားတာ များပါတယ်။ အဲဒီ autorun.inf ကို အလုပ်မလုပ်နိုင်အောင်သာ တားနိုင်မယ်ဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်စ် မ၀င်နိုင်ပါဘူး။ အဲဒီအတွက် [URL]http://www.cpe17.com/[/URL] မှာ Free ရနိုင်တဲ့ CPE17 Autorun Killer ကို သုံးပါ။ သူက Removable Disk နဲ့ Drive မှန်သမျှမှာ ပါလာတဲ့ autorun.inf ကို အလုပ်မလုပ်နိုင်အောင် တားပေးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ autorun.inf မှာ အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ရဲ့ executable file တွေကို ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Memory Stick ကို လုံးဝမဖွင့်သေးခင် Antivirus နဲ့ Scan လုပ်ဖို့လည်း မမေ့ပါနဲ့။
Here is Autorun Killer Quick download link:
[URL]http://cpe17.com/yabb/Attachment/cpe17antiautorun1330.exe[/URL]

System Restore ကို ပိတ်ထားပါ
ကြုံတွေ့ရသလောက် ဗိုင်းရပ်စ်အများစုဟာ Windows Partition အောက်က Restore ဖိုလ်ဒါအောက်မှာ သွားအောင်းကြတာ များပါတယ်။ အဲဒီ ဖိုလ်ဒါဟာ Windows ရဲ့ Function တစ်ခုဖြစ်တဲ့ System Restore ကို enable လုပ်ထားလို့ ပေါ်နေတာပါ။ System Restore ဟာ Windows System ကို အမှားလုပ်မိရင် Recover ပြန်လုပ်နိုင်အောင် ထည့်ပေးထားတာပါ။ ဒါပေမဲ့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ System Restore ကို ပိတ်ထားလိုက်ပါ။ My Computer မှာ Right Click နှိပ် Properties ရွေးပြီး System Restore ကို နှိပ်၊ Turn off System Restore ကို ရွေးလိုက်ရင် ပိတ်သွားပါပြီ။

ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားပါ
ဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားရပါ့မယ်။ ဘယ်ဗိုင်းရပ်စ်အသစ်ထွက်လာသလဲ ဆိုတာ အမြဲနားစွင့်နေပါ။ အဲဒီ ဗိုင်းရပ်စ်က System ကို ဘာလုပ်ပစ်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလည်း စတာတွေကို လက်လှမ်းမီသလောက် လေ့လာပါ။ ကျွမ်းကျင်သူများဆိုရင် ကူးစက်ခံရတာနဲ့ အဲဒီ ဘာဗိုင်းရပ်စ်ဆိုပြီး ဒက်ကနဲ ပြောနိုင်ကြပါတယ်။

Spyware လည်း ကာကွယ်ရမယ်
Spyware တွေဟာလည်း သောင်းကျန်းတာပါပဲ။ အဲဒီအတွက် Spy Sweeper ဆိုတဲ့ Anti-Spyware Program ကို တင်ထားရပါမယ်။

Firefox ကိုသာသုံးပါ
ကိုယ့်ကွန်ပျူတာက အင်တာနက်ချိတ်ဆတ်ထားတယ်ဆိုရင် အင်တာနက်သုံးတဲ့အခါ Firefox ကိုပဲ သုံးပါ။ IE မှာ လုံခြုံရေးယိုပေါက်တွေ မြောက်မြားစွာ ရှိလို့ပါ။

Free ဆိုတိုင်း မယူပါနဲ့
အင်တာနက်သုံးပြီး Free တိုင်း မယူပါနဲ့။ Website တော်တော်များများက Free ထဲမှာ Adware တွေ၊ Malware တွေ ထည့်လွှတ်ကြတာ များပါတယ်။ နာမည်ကြီး Website တွေဆီကပဲ download လုပ်ပါ။ ပိုသေချာချင်တယ်ဆိုရင်တော့ McAfee Site Advisor ကို သုံးပါ။

No comments:

Post a Comment