Thursday, December 9, 2010

ပြုစုပျိုးထောင်တတ်ပါစေ.......

သူငယ်ချင်းတွေ ဟာနောင်အခါမှာမိဘနေရာကိုရောက်ရမှာဧကန်အမှန်ဖြစ်ပါတယ်......ဒါကြောင့်ကလေးတွေကိုဘယ်လိုပြုစုစောင့်ရှောက်ရမယ်
ဆိုတာကိုသိစေချင်လို့လမ်းညွှန်မှုလေးတွေကိုကျွန်တော်တင်ပြလိုက်ပါတယ်............

1။    သရော်လှောင်ပြောင်မှုများကိုခံယူကြီးပြင်းလာရသောကလေးသည်  သူရဲဘောကြောင်သူဖြစ်လာတတ်သည်။
2။    ဝေဖန်ပြစ်တင်မှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပြစ်တင်တတ်သူ၊ ရှုတ်ချတတ်သူ ဖြစ်လာရန်အလားအလာရှိသည်။
3။    မယုံသင်္ကာမှုများအကြားကြီးပြင်းလာရသောကလေးသည် ကောက်ကျစ်စဉ်းလဲသူဖြစ်လာတတ်သည်။
4။    မိမိအား ဆန့်ကျင်ဘက်ပြုခြင်းကိုခံယူကြီးပြင်းလာရသောကလေးသည် ရန်လိုသူဖြစ်လာတတ်သည်။
5။    ကြင်နာမှု၊ ယုယမှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပေါ်မေတ္တာထားရန်နားလည်သူ
ဖြစ်လာတတ်သည်။
6။    အားပေးထောက်ခံမှုများကိရရှိပြီးကြီးပြင်းလာရသောကလေးသည် မိမိကိုယ်ကိုမိမိယုံကြည်အားကိုစိတ်ရှိသူ
ဖြစ်လာတတ်သည်။
7။    သစ္စာတရားဖြင့်ဝန်းရံပြီးကြီးပြင်းလာရသောကလေးသည် အမှန်အကန်ကိုသာပြုလုပ်တက်သူဖြစ်လာတတ်သည်။
8။    ချီးမွမ်းမှုများကိုခံယူကြီးပြင်းလာရသောကလေးသည် အရာရာတွင်ကောင်းစွာနားလည်သဘောပေါက်သူ
ဖြစ်လာတတ်သည်။
9။    သာတူညီမျှဝေခြမ်းမှုကိုခံယူကြီးပြင်းလာရသောကလေးသည် အမှားကိုစာနာတတ်သူဖြစ်လာတတ်သည်။
10။    ကိုယ်စိတ်နှလုံးစောင့်ထိန်းသောပတ်ဝန်ကျကြီးပြင်းလာရသောကလေးသည် သီးခံစိတ်မွေးမြူလာသည်။
11။    စိတ်ပျော်ရွှင်မှုဖြင့်ဝန်းရံကြီးပြင်းလာရသောကလေးသည်မေတ္တာနှင့်နှစ်လိုဖွယ်ရာအလှများကိုခံယူတတ်သူ
ဖြစ်လာတတ်သည်.............

( " ကလေးသူငယ်များနှင့်ကလေးသူငယ်များအားကာကွယ်ရေးအပေါ်လူကြီးများ၏
အမြင် '' ခေါင်းစဉ်ဖြင့်ဟောပြောမှုမှကောက်နုတ်တင်ပြသည်။)

သင်ကော မိဘအရာရောက်ရင်ဘယ်လိုစိတ်ကူးပါလဲ?
ဖြစ်ပေါ်လာမဲ့အနာဂတ်မျိုးဆက်သစ်ကလေးတွေကိုနွေးထွေးသောမိဘရင်ခွင်မှာပျော်ရွှင်သာယာချမ်းမြေ့မှုကိုပေး နိုင်သော မိဘတစ်ဦးအဖြစ်ရပ်တည်နိုင်ပါစေလို့ဆုတောင်းလျှက် 
                                     (foreverfriend.ning.comမှဖြစ်ပါသည်)

No comments:

Post a Comment