* သခင်ရယ်
ချစ်စကားဆိုမယ်
အပြစ်များဆိုမလားကွယ်
ချစ်သလားလို့တော့မမေးလေနဲ့
ချစ်အားပိုခဲ့တာပါ
ဒီတော့...
သခင့်သဘောက
မေတ္တာတောမှာပျော်
သစ္စာတော်စူးစေတော့
ရူးအောင်ချစ်သတဲ့
မ ဘုရားရယ်...။
* သခင်ရယ်
အမြင်မလန်းပေမယ့် အသွင်ဆန်းနေတယ်
တမင်ဖြတ်သော်လည်း
အမျှင်မပြတ်သူ ကိုယ့်အဖြစ်က
တစစနဲ့ ငြိငင် တ..သ လျှက်ရှိချင်တယ်
သိစေချင် အကြင်များကိုလ
မသိသလို သခင်ဖယ်ရှားလိုက်တော့
လွမ်းပါလို့ ဖြေမရွှင်
ရွှေရင်က တကယ်မပြုံး
ချစ်ကျွမ်းသူ (တကယ်သာ) မုန်းလျှင်ဖြင့်
ရင်နင့်ကျန် အမူမျှသာဘူး
ဒီဘ၀ ဒီနွေမှာ
လွှင့်ကြွေချင်ကြွေ
ချွေချင်ရင် ချွေခဲ့ဦး...။
* သခင်ရဲ့
မာယာဗေဒနဲ့ လက်ခတ်သံ
စောင်းကြိုးညှိ (ကိုယ်က)
ပိုက်ကွန်မိတဲ့ ငါးကလေးပါကွယ်...
သခင့်ရဲ့
အမြင်ရှုထောင့်အသစ်မှာ
ခွဲစိပ်စမ်းသပ်ခံရင်း
အလွမ်းသီချင်းအလွတ်ကျက်
အချစ်ရှင်းတမ်းအတွက်
နှစ်သိမ့်ခြင်းခံရသူပါ
* သခင်ရယ်
ထားခဲ့ပါ ပြန်လမ်းခက်ရင်
ပြောခဲ့ပါ မညာတတ်ခဲ့ရင်
အချစ်ဝင်ရိုးစွန်း (ဟိုး.......)
တဖက်စွန်း အနားသတ်က
အိုအေစစ်မဲ့ ကန္တာရထဲ
အလွမ်းသီချင်းရဲ့ မျိုးဆက်တွေ
ကြဲပက်ခဲ့ပေါ့............။ ။ငှက်ခါး
No comments:
Post a Comment