Wednesday, January 5, 2011

English စာနှင့် ဆက်စပ်၍
ကျွန်တော် English စာ လေ့လာနေတဲ့သူတွေ အဆင်ပြေအောင်လို့ လိုက်လံရှာဖွေရင်းနဲ့  ကိုစေတနာရဲ့ site လေးထဲက တွေ့လို့ ကူးယူဖော်ပြပေးထားပါတယ်။ အပင်ပန်းခံပြီး ရှာဖွေရေးသားပေးထားတဲ့ ကိုစေတနာကို ကျေးဇူးတင်ကြပါခင်ဗျာ.........ကျွန်တော်ကတော့ တဆင့်ဖော်ပြခြင်းသားဖြစ်ပါတယ်။ ဒါလေးက English စာ လေ့လာနေတဲ့သူတွေ တော်တော်လေး အသုံးဝင်ပြီး အဆင်ပြေမယ် ထင်ပါတယ်.......
စကားလုံးတူတွေကို ဖော်ပြတဲ့ WordWeb ဆော့ဝဲလ်လေးပါ။ ဒီဆော့ဝဲလ်က အောက်အချက်တွေ သုံးလို့ရတာ တွေ့ရပါတယ်။

1) Nearest (နီးစပ်တဲ့ စကားလုံးတွေ ဖော်ပြတယ်)
2) Synonyms (ကြောင်းတူသံကွဲ) (ဥပမာ- look က appear နဲ့ အနက်တူတယ်)
3) Type of
4) Types
5) See also (ရှာဖွေတဲ့ စကားနဲ့ ဆက်စပ်သုံးလို့ရတာတွေ ဖော်ပြတယ်)

ဒီဆော့ဝဲလ်က မိမိတို့ ရှာဖွေတဲ့ စကားလုံးရဲ့ ၀ါကျတည်ဆောက်ပုံကိုလဲ ဖော်ပြပေးသေးတယ်။ ပြီးတော့ စကားလုံးတွေရဲ့ အသံထွက်ကိုလဲ နားထောင်လို့ ရတယ်။ ကဲ ဘယ်လောက် ကောင်းလဲ။ သုံးကြည့်လိုက်တော့ တော်တော်အားရ စရာကောင်းတယ်။ ပြီးတော့ Free ပေးထားတယ်။

မိမိ လက်ရှိနေတာ Dictionary နှစ်ခုရှိတယ်။ တစ်ခုက Babylon ။ နောက်တစ်ခုက ကိုစိုးမင်းတို့ လုပ်ထားတဲ့ WxpyDict လေးပါ။ နှစ်ခုတစ်လုံး အဆင်ပြေပါတယ်။ အခု ရလာတဲ့ WordWeb နဲ့ဆို တော်တော် ပြည့်စုံနေပြီ။

*************************************************************************









နောက်တစ်ခုကတော့ Speaking အသံထွက်လေးတွေအတွက် အဆင်ပြေတဲ့ Commend Prod လေးပါ။ မိမိတို့ ကြားချင်တဲ့ စကားလေးတွေကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ရင် ရွတ်ပြတော့တာပဲ။ သူက အင်စတော လုပ်စရာ မလိုဘူး။ .bat ဖိုင်လေး ဆိုတော့ သိတဲ့ အတိုင်းပဲ။ အဲဒါလေးက  ဒီမှာပါ။   အကယ်၍ စာဖတ်သူတွေက လိုအပ်တယ်ဆိုရင် ယူသုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment