Monday, January 17, 2011

ဟာသပဒေသာ (၁၂)














သတိပေးနေလို့

‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’ တဲ့။


တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ

ကိုချူချာတိုက်ခန်းသစ်ရသည်။ နယ်မှရောက်လာသော ဆွေမျိုးများကိုလိုက်ပြသည်။ကြွားသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´ ``ကျွန်တော်လည်းမသိဘူး၊ဟောဒီကြိုးကိုဆွဲလိုက်ရင်ရေကျလာတယ်။လက်ဆေးဖို့အချိန်ရတယ်၊
အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´


“ရှက်လို့“

``ခင်ဗျားလက် ကျုပ်အိတ်ထောင်ထဲ ဘာလုပ်နေတာလဲ´´
``မီးခြစ်ရှာနေတာပါ။´´
``တောင်းရင်ပေးမှာပေါ့ဗျ။´´
``တောင်းရမှာရှက်လို့ဗျ။´´


“ခွေးမဟုတ်ပါ“

ပီတာတို့မိသားစု ညစာစားနေကြသည်။သုံးဦးစလုံးငြိမ်သက်စွာစားနေကြသည်။
ရုတ်တရက်ပီတာ့အမေကပြောသည်။
``သားအရိုးကိုကိုက်မနေနဲ့လေ၊သားဟာခွေးမဟုတ်ဘူးကွဲ့၊ဖေဖေ့ကိုပေးလိုက်။´´
“ရှက်စရာမလိုပါဘူး“

ဝလွန်းသဖြင့် ဘယ်ကိုမှမထွက်ရဲအောင်ဖြစ်နေရသော မိမိ၏ဒုက္ခကို မေရီက
မိမိ၏ သူငယ်ချင်းဖြစ်သူစန္ဒာကိုပြောသည်။
``အိုင်လေ ရေတောင်သွားမကူးရဲဘူး။လူတွေဝိုင်းရယ်မှာစိုးလို့´´
သူငယ်ချင်းကနှစ်သိမ့်သည်။
``ဂရုမစိုက်စမ်းပါနဲ့။ဘာလဲ ဝေလငါးက ယူ့ထက်ပိုပိန်လို့လား...ဟင်း´´

မ၀ယ်မနေရ

``ဟေ့လူ ကျုပ်ဆီက ခြောက်လုံးပြူးကိုဝယ်ပါ။´´
``ဟာ ခြောက်လုံးပြူးကို ကျွန်တော်ဘာလုပ်ရမှာလဲ။´´
``၀ယ်စမ်းပါ၊ ဒါရှိသင့်တဲ့ပစ္စည်း ပြီးတော့အသစ်ကြီး ကျုပ်နှစ်ခါပဲပစ်ရသေးတယ် ဒုတိယတစ်ခါကလဲ သေချာအောင်ထပ်ပစ်ခဲ့ရတာ ၀ယ်ပါ၊ခင်ဗျားကိုကျုပ်အကောင်းပြောတာ´´
``ဟာ မ၀ယ်ချင်ပါဘူးဗျာ၊သေနတ်ရှိနေရင်ပစ်ချင်တဲ့စိတ်ပေါ်တတ်တယ်ဗျ။´´
``၀ယ်ပါလို့ကျုပ် ခင်ဗျားကိုထပ်ပြီးအကြံပေးတယ်။နို့မဟုတ်ရင်ကျုပ်တတိယအကြိမ်ပစ်မိလိမ့်မယ်၊ သိလား။´´

********************************************************************************************

No comments:

Post a Comment