Tuesday, January 10, 2012

Every one should respect other's love

A poor boy loved a rich girl.
One day the boy proposed her. Then the girl said, "listen! your monthly salary is my daily hand expenses. Should I be involved with you? How could you thought that? I will never love you. So, forget me 'n get engaged with someone else of your level."

But somehow the boy could not forget her so easily.

10 years later.

One day they became face to face in a shopping center. The lady said, "Hey! you! How are you? Now I'm married. Do you know how much is my husband's salary? Rs. 2 lac per month! Can you imagine? 'n he is also very smart."

The guy's eyes got wet with tear by hearing those words.

After few minutes her husband came before the lady could say something to the guy, her husband started to say by seeing the guy.

"Sir! You here? Meet my wife." Then he said to her wife, "I'm going to assist a project of sir, which is of Rs. 200 crore. 'n do u know a fact? Sir loved a girl but he didn't get her. That's why still he is unmarried. How much lucky the girl was. Isn't it? Now a days who can love like that way?"

Moral: Life is not so short. So, don't be so proud of yourself and damn others. Situations change with time. Every one should respect other's love.

By: Anup Muhammed

Sunday, January 8, 2012

How to archive and extract zip files

လုပ်ငန်းလိုအပ်ချက်အရ Data ကြီးကြီးမားမားတွေလွဲပေးရမဲ့ အခြေအနေမျိုး ကြုံလာခဲ့ရင် အဆင်ပြေစေရန်အတွက်ပါ။ သိပြီးသားသူငယ်ချင်းများအတွက်ကတော့ အရမ်းလွယ်ကူပါတယ်။

အဓိက ပြုလုပ်ပေးရမဲ့ အချက်ကတော့ Large Data ကို Split ခွဲခြမ်းစိတ်ပိုင်းလိုက်တဲ့ ပုံစံနဲ့ ဖိုင်သေးတွေ ရလာအောင် ပြုလုပ်ရ မှာ  ဖြစ်ပါတယ်။

အဲဒီအတွက် လိုအပ်တဲ့ ZIP, RAR Software တခုခုကို အသုံးပြုရပါမယ်။ ကျွန်တော်ကတော့ 7zip software နဲ့ အသုံးပြုပုံကို တင်ပြလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဖိုင်ဆိုဒ်ချုံ့တဲ့ နေရာမှာလည်း စွမ်းသလို Freeware အဖြစ် အွန်လိုင်းမှာ အခမဲ့ပေးထားလို့ပါ။

Download Link:7zip Freeware

1. 7zip ကို စက်တွင် Install လုပ်ပါ။

2. မိမိ၏ Large Data ပေါ်မှာ Right Click နှိပ်။ 7zip ထဲက Add to Archive ကိုရွေးပါ။




3. မိမိ၏ Large Data ကို zip, 7zip, rar ကြိုက်ရာ Extension ကိုရွေးချယ်၍ ချုံ့ပါ။ နောက်ပြီး Data ကို ဘယ်လောက်ဆိုဒ်စီ ခွဲထုတ်မလဲ ဆိုတာသတ်မှတ်ပါ။ ပုံတွင်လည်း အနီရောင် Block လုပ်ပြထားပါတယ်။ လေ့လာကြည့်ပါ။



4. ပြီးလျင် OK မှာ နှိပ်ပါ။ အခုဆို 187 MB ရှိသော Data တစ်ခုကို 10 MB စီ ခွဲခြမ်းပလိုက်တဲ့ zip ဖိုင်တွေကို တွေ့ရပါမယ်။


( မှတ်ချက် - စာဖတ်သူအနေဖြင့် 10 MB size ပမာဏသည် များသေးသည်ဟု
ထင်မြင်ပါက Split လုပ်စဉ်က 10 MB နေရာတွင် 1 MB အဖြစ် ခွဲခြမ်းနိုင်ပါသည်။ )



5. Split လုပ်လို့ရလာတဲ့ zip ဖိုင် Number series အတိုင်း အင်တာနက်ပေါ် Upload လုပ်ပြီး ကိုယ်သက်ဆိုင်ရာ သူစီကို အွန်လိုင်းမှ တဆင့် ပို့ပေးနိုင်ပါပြီ။


How to Extract .zip Files


1. Split ဖိုင်တွေကို လက်ခံမည့်သူအနေဖြင့် 7 zip Freeware ရှိဖို့လိုအပ်ပါသည်။


2. အင်တာနက်ပေါ်မှ Large Data တစ်ခုအတွက် Split လုပ်ထားတဲ့ zip ဖိုင်တွေကို အကုန် Download လုပ်ချပါ။ .zip ဖိုင်တွေ အကုန်စုံလင်ပြီဆိုမှ ပထမဦးဆုံးဖိုင်တွင် Pointer တင် Right Click နှိပ်ပါ။ 7zip ထဲက Extract Files or Extract Here ကိုရွေးပါ။


3. အခုဆိုရင် မိမိလိုအပ်နေသော Large Data ကို မူရင်းဖိုင်အဖြစ် ပေါင်းစီးသွားပါပြီ။


                                                                                                               အားလုံး အဆင်ပြေချောမွေ့ပါစေ...

Tuesday, January 3, 2012

6 ways to open Windows Task Manager



ကျွန်တော် ဖတ်မိထားတဲ့ Task Manager ဖွင့်နည်းလေး ခြောက်ခုပါ။ 

၁။   လူတိုင်း ပုံမှန်နီးပါး အသုံးပြုနေတဲ့ Ctrl + Alt + Del ပါ။


၂။  Task bar ပေါ် Right click ထောက်ပြီး Start Task Manager ပါ။


၃။ Run command ကနေ taskmgr  ရိုက်ထည့်ပါ။


၎။  Ctrl + Shift + Esc ကို အသုံးပြုပြီးတော့လည်း ဖွင့်နိုင်ပါတယ်။


၅။ C:\ Window\System32 ထဲက taskmgr.exe ကို double Click နှိပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

၆။ နောက်ဆုံးတစ်ခုကတော့ C:\ Window\System32 ထဲက taskmgr.exe ကို Desktop ပေါ်ကို ဆွဲထုတ်ပြီး Shortcut လုပ်ပြီး ဖွင့်ချင်တဲ့ အချိန် ဖွင့်သုံးခြင်းဖြစ်ပါတယ်။ 

                                                           
                                                                                       အားလုံး အဆင်ပြေစေကြောင်း ဆုတောင်းလျက်...

Ref: howtogeek.com // 6 ways to open window task manager


Wednesday, December 28, 2011

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility



RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

Sunday, December 18, 2011

Game Booster 3.0 BETA Latest Version

















 ဒီကောင်လေးကတော့ Gamer များအတွက်ပါ။ သုံးနည်းကတော့လွယ်ပါတယ်။သူကဂိမ်းဆော့သူအတွက်ရော၊အင်တာနက်သုံးသူအတွက်ပါအကျိုးရှိပါတယ်။ Install ပြီးသွားတာနဲ့ အဲကောင်လေးကိုဖွင့်လိုက်ပါ။ ပြီးရင် Start Boot ကိုနှိပ်လိုက်ပါ ပြီးရင်ကွန်ပျူတာလုပ်နေတဲ့အလုပ်တွေအားလုံးနားပြီး Game ကြီးတာတွေဆော့တဲ့အခါပိုအကျိုးရှိပါတယ်။ ဆော့ပြီးသွားတာနဲ့ အပေါ်ကပုံလေးအတိုင်း Restore လုပ်ပေးလိုက်ပါ။ပုံမှန်အတိုင်းပြန်ဖြစ်သွားပါပြီ။

Download Here


Antimalware
 သူကတော့ ANTIVIRUS ဆောစ့်ဝဲလ်က မသိတဲ့ Spyware, Malware and Scareware တွေကို
ရှင်းပစ်တဲ့ ဆောစ့်ဝဲလ်လေးပါ ANTIVIRUS ပရိုဂရမ်နဲ့လည်းတွဲသုံးလို့ရပါတယ်။ သူကတော့ ကီးဂျင်နဲ့လိုင်စင်ကုတ်ယူရမှာဖြစ်ပါတယ်update လုပ်လို့လည်းရပါတယ်



































တစ်ခါလုပ်ပြီးရင်တစ်ခါ ကုတ်ထည့်ဖို့မမေ့ပါနဲ့  
                (or)http://minus.com/  
                                                                                                                          

Facebook တွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်

Facebook တွင်လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။

ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။

၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့
လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။
သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင်
တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့
ဖေ့ဘုတ်လ်အကောင့်အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။
သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profile information ဆီသွားပါ။
Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။
အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့်
privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကို ပြင်ဆင်ပါ။

၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန်
Account> Privacy settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only
friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။

၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့
ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။


သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့
ကောက်ကြောင်းပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက်
ဆက်သွယ်လာမှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။

ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings> Applications
and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့ အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။ ဘယ်ကြေငြာမှာမှ သင့် အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက
Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’
on ‘Allow ads on platform pages to show my information to’ နှင့် ‘Show
my social actions in Facebook ads to’ တခုကို ရွေးချယ်ပါ။

၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။
အဲဒီ feature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices
များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။
Account> Account settings > Account security သို့ သွားပါ။ ‘Would you like to receive
notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာ
အောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။
အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကို မေးနေပါလိမ့်မယ်။
အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့
သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင်
အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုး
ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကို
ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။

၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို
ခိုယူသူတွေအတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့
သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့် ဘဏ် သို့မဟုတ်
credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့
မွေးရက်သက္ကရာဇ် အပြည့်အစုံထည့်သွားပြီးခဲ့လျှင် ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information”  လုပ်ပါ။ အခြေခံ အကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ် ရက် ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။

၆။ သင်သူငယ်ချင်များမှ သင့်ကိုယ်သင် ကာကွယ်ပါ။

သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ
သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆအသုံးပြုလာနိုင်တယ်။
ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and websites >
What your friends can share about
you သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး save ပြန်လုပ်ပါ။

၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။

ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန်
အသေအချာ လုပ်ပါ။ 
                                                                                     အားလုံးအဆင်ပြေချောမွေ့ပါစေ...
        

Thursday, December 15, 2011

Fire fox ကို hack ခြင်းဖြင် speed မြှင့်တင်နိုင်














fire fox ကိုဖွင့်လိုက်ပါ add ဘားမှာabout:configကိုရိုက်ထည့်ပါ။ ပြီးရင် အောက်ဘားမှာ pip လို့ရိုက်ထည့်ပါ

network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်ပေးပါ

network.http.pipelining.maxrequests မှာ4ကို နှစ်ချက်နှိပ်ပြီ3း0ပြောင်းပေးပါ

network.http.proxy.pipeliningကိုလဲ trueပြောင်းပေးပါ

ဒါတွေကိုပြုလုပ်ခြင်းဖြင့် သူငယ်ချင်းတို့ရဲ့ fire fox ဟာပိုမိုမြန်ဆန်လာစေမှာပါ


WINDOW 7 User-

network IPv6-capable DNS serversတွင် IPv6 address
မှတောင်းဆိုချက်ရ IPv4 address ဆီသို့ပြန်လည်ကူးပြောင်း
သွားပါလိ့မ်မည်။ထိုသို့မှားယွင်းစွာပြုလုပ်ခြင်းအတွက် Filter
Search Box တွင် network.dns.disableIPv6 ရိုက်ထည့်ပြီး
ရှာဖွေပါ။တွေ့ကနှစ်ချက်နှိပ်၍ True ဖြစ်အောင်လုပ်ပါ။

Caution ;Window XP User is Not Need
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.interrupt.parsing ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက True ရွေးပေးပါ။
များစွာသော Access has been Denied အတွက်ပြင် ဆင်လိုက်ခြင်းဖြစ်သည်။

prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.max.tokenizing.time
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက2250000 ကိုရိုက်ထည့်ပေးပါ။
ထိုသို့အသစ်ပြင်ဆင်ပြောင်းလိုက်ခြင်းဖြင့် Download တွင်ပိုမိုမြန်ဆန်လာစေသည်။

prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.interval
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
content.notify.ontimer  ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက Ture ကိုရိုက်ထည့်ပေးပါ။
ထိုသို့ ပြုလုပ်ခြင်းဟာ သတင်းအချက်လက်ကိုမြန်ဆန်အောင် Timer ချခြင်းတစ်မျိုးပါဘဲ..

prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.backoffcount
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 5 ကိုရိုက်ထည့်ပေးပါ။
Back နှင့် Forward အတွက်ပြင်ဆင်ခြင်းဖြစ်သည်။

prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.switch.threshold
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
web pageမှရှိသော Switch အားလုံးအတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး  New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
nglayout.initialpaint.delay
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်လာပါက 0 ကိုရိုက်ထည့်ပေးပါ။
web page နှောင့်နှေးမှု အတွက်ပြင်ဆင်ခြင်းဖြစ်ပါတယ်။

Ref: http://mee-pya-tite.blogspot.com/