Sunday, January 8, 2012

How to archive and extract zip files

လုပ်ငန်းလိုအပ်ချက်အရ Data ကြီးကြီးမားမားတွေလွဲပေးရမဲ့ အခြေအနေမျိုး ကြုံလာခဲ့ရင် အဆင်ပြေစေရန်အတွက်ပါ။ သိပြီးသားသူငယ်ချင်းများအတွက်ကတော့ အရမ်းလွယ်ကူပါတယ်။

အဓိက ပြုလုပ်ပေးရမဲ့ အချက်ကတော့ Large Data ကို Split ခွဲခြမ်းစိတ်ပိုင်းလိုက်တဲ့ ပုံစံနဲ့ ဖိုင်သေးတွေ ရလာအောင် ပြုလုပ်ရ မှာ  ဖြစ်ပါတယ်။

အဲဒီအတွက် လိုအပ်တဲ့ ZIP, RAR Software တခုခုကို အသုံးပြုရပါမယ်။ ကျွန်တော်ကတော့ 7zip software နဲ့ အသုံးပြုပုံကို တင်ပြလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဖိုင်ဆိုဒ်ချုံ့တဲ့ နေရာမှာလည်း စွမ်းသလို Freeware အဖြစ် အွန်လိုင်းမှာ အခမဲ့ပေးထားလို့ပါ။

Download Link:7zip Freeware

1. 7zip ကို စက်တွင် Install လုပ်ပါ။

2. မိမိ၏ Large Data ပေါ်မှာ Right Click နှိပ်။ 7zip ထဲက Add to Archive ကိုရွေးပါ။




3. မိမိ၏ Large Data ကို zip, 7zip, rar ကြိုက်ရာ Extension ကိုရွေးချယ်၍ ချုံ့ပါ။ နောက်ပြီး Data ကို ဘယ်လောက်ဆိုဒ်စီ ခွဲထုတ်မလဲ ဆိုတာသတ်မှတ်ပါ။ ပုံတွင်လည်း အနီရောင် Block လုပ်ပြထားပါတယ်။ လေ့လာကြည့်ပါ။



4. ပြီးလျင် OK မှာ နှိပ်ပါ။ အခုဆို 187 MB ရှိသော Data တစ်ခုကို 10 MB စီ ခွဲခြမ်းပလိုက်တဲ့ zip ဖိုင်တွေကို တွေ့ရပါမယ်။


( မှတ်ချက် - စာဖတ်သူအနေဖြင့် 10 MB size ပမာဏသည် များသေးသည်ဟု
ထင်မြင်ပါက Split လုပ်စဉ်က 10 MB နေရာတွင် 1 MB အဖြစ် ခွဲခြမ်းနိုင်ပါသည်။ )



5. Split လုပ်လို့ရလာတဲ့ zip ဖိုင် Number series အတိုင်း အင်တာနက်ပေါ် Upload လုပ်ပြီး ကိုယ်သက်ဆိုင်ရာ သူစီကို အွန်လိုင်းမှ တဆင့် ပို့ပေးနိုင်ပါပြီ။


How to Extract .zip Files


1. Split ဖိုင်တွေကို လက်ခံမည့်သူအနေဖြင့် 7 zip Freeware ရှိဖို့လိုအပ်ပါသည်။


2. အင်တာနက်ပေါ်မှ Large Data တစ်ခုအတွက် Split လုပ်ထားတဲ့ zip ဖိုင်တွေကို အကုန် Download လုပ်ချပါ။ .zip ဖိုင်တွေ အကုန်စုံလင်ပြီဆိုမှ ပထမဦးဆုံးဖိုင်တွင် Pointer တင် Right Click နှိပ်ပါ။ 7zip ထဲက Extract Files or Extract Here ကိုရွေးပါ။


3. အခုဆိုရင် မိမိလိုအပ်နေသော Large Data ကို မူရင်းဖိုင်အဖြစ် ပေါင်းစီးသွားပါပြီ။


                                                                                                               အားလုံး အဆင်ပြေချောမွေ့ပါစေ...

No comments:

Post a Comment