Monday, March 28, 2011

Word ကနေ pdf ဖိုင် ပြောင်းချင်သူများအတွက်...

Word ကနေ pdf ဖိုင် ပြောင်းချင်သူများအတွက် ဒီပို့စ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းကို လွယ်ကူသလို အဆင်လဲပြေပါတယ်။ အယ်လိုပြောင်းမယ်ဆိုရင် ဆော့ဝဲလ် တစ်ခုလိုပါတယ်။အယ်ဒီဆိုဒ်မှာ မြန်မာလိုလဲ ဖော်ပြထားတာမို့ အကျယ်တ၀င့် မရှင်းပြတော့ပါဘူး ဆော့ဝဲလ် Install လုပ်ပုံကိုပါ။ သူပြောထားတဲ့အတိုင်း လုပ်လိုက်မယ်ဆိုရင် အားလုံး အဆင်ပြေပါတယ်။ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။


ဒါမှမဟုတ် ဆော့ဝဲလ်ကို အသုံးမပြုဘဲ အွန်လိုင်းမှ တစ်ဆင့် ပြောင်းခိုင်းလို့လဲ ရပါသေးတယ်။ အင်တာနက်ဆိုင်မှာ သုံးတဲ့သူများအတွက် ပိုအဆင်ပြေတာပေါ့နော်။ လုပ်ချင်တယ်ဆိုရင် အောက်ကလင့်ကို သွားလိုက်ပါ …


ပြီးတော့ Step 1 မှာ ကိုယ်ပြောင်းချင်တဲ့ word ဖိုင်လေးကို ရွေးပေးပြီး … step 2 မှာ ကိုယ့်ရောက်စေချင်တဲ့ မေးလ်ကိုထည့်ပြီးတော့ Create Pdf

ကို ကလစ်လိုက်ပါ။ သူဘာသာ ပြောင်းလဲပေးပြီး တစ်အောင့်လောက်ကြာရင် ကိုယ့်ပို့ချင်တဲ့ မေးလ်ထဲကို pdf ဖိုင် လုပ်ပြီးသားလေး တစ်ခုရောက်

လာမှာဖြစ်ပါတယ်။

အဆင်ပြေကျပါစေ …

1 comment:

  1. အဆင်ပြေပါသည်...ကျေးဇူးအများကြီး အများကြီး တင်ပါကြောင်း ... :PPP

    ReplyDelete