Wednesday, November 23, 2011

Okdo Document Converter Pro 4.4 Portable

Okdo Document Converter Pro 4.4 Portable

Okdo Document Converter Pro 4.4 Portable | 31.45 MB

Okdo Document Converter Pro software လေးပါ။ PDF documents တွေကနေ Word, Excel တွေကို သူ့နဂိုအတိုင်း  text, tables and charts, Power Point presentations, text, JPEG, TIFF, GIF,  icons, PCX စတာတွေကို တိတိကျကျပြောင်းပေးနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ ဒါ့အပြင် သူက  Adobe Acrobat ရှိမှ အလုပ်လုပ်တာမဟုတ်ပါဘူး ။ standalone လည်း လုပ်ပါတယ်။ quality ကောင်းကောင်းနဲ့ လျင်လျင်မြန်မြန်ပြောင်းပေးနိုင်တဲ့ Okdo Software လေးပါ။
Key Features:
- User-friendly interface.
- Support add the entire folder to convert.
- Extract the characters of PDF file to convert.
- Convert PDF to Word, Excel, PowerPoint, Text, Jpeg, Tiff, Gif, icon, pcx and so on with accurately preserving the original Text, Tables, Graphics & Layout.
- Save List: Save the converted files to a list
- Load List: Load the saved list files directly to convert.
- Precise control the output quality with user-defined parameters settings.
- Support convert Docx, Docm, Xlsx, Xlsm, Pptx, Pptm of office 2007.
- Support Win98/ME/NT/2000/XP/2003/Vista (x64)/Windows 7 platforms.

Download from Letitbit

Download from Vip-file

Thursday, November 17, 2011

Screensavers


Wild Felines Screensaver
Download Screensaver
Wild Felines Screensaver
Download Screensaver
Nature Screensaver





Download Screensaver

Super Sexy Girls Screensaver

ဒီ Screensavers လေးတွေကတော့ Run ရတာလည်း အဆင်ပြေတဲ့ အပြင် လူကြိုက်များတဲ့ ဟာလေးတွေ ဖြစ်လို့ ရှာဖွေမိတာလေးကို ပြန်တင်ပေးလိုက်တာပါ။ နောက်ခံ Music လည်း ပါရှိပါတယ်။ သူ့မူရင်း ဆိုဒ်ကိုလည်း ၀င်ရောက်သွားလေ့လာနိုင်ပါတယ်။ နောက်ထပ်ထပ်လိုချင်သေးရင်တော့ ကျွန်တော့မှာ ဒေါင်းထားတာတွေ ရှိပါသေးတယ်...

                                                                                                            အားလုံးကို အစဉ်လေးစားလျက်...

စာဖတ်ရန်မမေ့ကြပါနှင့်

ယနေ့ ခေတ်မှာ မီဒီယာတွေရဲ့တိုးပွားမှု (Media Population) က များသည်ထက် များလာသည်။ ယခင်က ပုံနှိပ် မီဒီယာ (Press Media) TV, Audio Media တို့ လောက်သာ ရှိခဲ့ရာမှ ယနေ့တွင် အွန်လိုင်းမီဒီယာ၊ ကြော်ငြာဘုတ်၊ ဆိုရှယ်နက်ဝက်ခ်များ၊ မိုဘိုင်းဖုန်းများ စသည်ဖြင့် Media မျိုးစုံအလျှိုလျှိုပေါ်ပေါက်လာကြသည်။
အထူးသဖြင့် မီဒီယာအေး (Cold Media) များဖြစ်သည့် စာအုပ်စာပေ Press Media များက Online, Internet ကဲ့သို့ သော Hot Media များနှင့်ယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းများ သိသိသာသာ ကျဆင်းလာကြသည်။ အထူးသဖြင့်  အင်တာနက် ကဲ့သို့သော Hot Media တို့ မှာ အသုံးပြုသူများ သိရှိလိုသည့် သတင်း အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေပေးနိုင်ခြင်း ၊ အရုပ်အသံ စသည့် Media စုံ ကြည့်ရှုခံစားနိုင်ခြင်း ၊ အသုံးပြုသူ user အချင်းချင်း Email ၊ ချက်တင် စသည်တို့ ဖြင့် ဆက်သွယ်နိုင်ခြင်း၊ စသည်တို့ ကြောင့် ကာလတို အတွင်းမှာ သုံးစွဲသူ အရေအတွက် အဆမတန် များပြားလာခဲ့သည်။ အချို့ သော ကမ္ဘာကျော် သတင်းစာကြီးများ သည်ပင်လျှင် ယင်းတို့ ၏ Offline ပုံနှိပ် ထုတ်ဝေနေမှုများကို ရပ်ဆိုင်းကာ Online Version တစ်ခုတည်းဖြင့် ပြောင်းလဲ ရပ်တည် လာရသည်အထိ Hot Media တို့ က အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။
စခရင်ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့Screen ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့
ICT ခေတ်ရဲ့ တိုးတက်မှုတွေကြားမှာ မွေးဖွားလာကြတဲ့ Cyber Citizen လူငယ်တွေဟာ ONLINE, INTERNET အရုပ်၊ အသံ လှုပ်ရှားမှုများတွေနဲ့ ပြည့်နှက်နေတဲ့ Multimedia ကမ္ဘာကြီး မှာပဲ သူတို့ ရဲ့ ဘ၀တွေကို မြှုပ်နှံ ထားချင်ကြပါတယ်။
သည်လိုဆိုရင် သူတို့ တစ်တွေအတွက် Cold Meida တွေဟာ မလိုအပ်တော့ဘူးလား။ Cold Media တွေရဲ့ကျဆုံးခန်းဟာ ကျွန်တော်တို့ ရဲ့ ကမ္ဘာကြီးမှာ စတင် နေပြီလား။
သည်လို မေးလာခဲ့ရင်တော့ စာရေးသူက မဟုတ်ပါ။ လုံးဝ မဟုတ်ပါဟု ပြတ်ပြတ်သားသား ပြန်ဖြေရပါမည်။ မကြာသေးမီက အင်္ဂလန် နိုင်ငံမှာ ပြုလုပ်ခဲ့သည် သုတေသန စစ်တမ်း တစ်ခုအရ Online, Internet, Hot Media များ အကြား မွေးဖွား ကြီးပြင်းလာသည့် လူငယ် လူရွယ်တို့ မှာ စာအုပ် ၊ စာပေ ၊ မဂ္ဂဇင်းစသည့် Cold Media များ အကြားမှာ မွေးဖွား ကြီးပြင်းလာသော လူငယ်လူရွယ်များထက် စဉ်းစား တွေးခေါ်နိုင်မှု ၊ ဥာဏ်ရည် ဥာဏ်သွေးတို့  နိမ့်ကျနေကြောင်း အသေအချာ တွေ့ ရှိရပါသည်။ Hot Media တို့ ၏ သဘောမှာ အရုပ်၊ အသံ၊ လှုပ်ရှားမှုသည်တို့ မှာ ခူးပြီးခပ်ပြီး အသင့်ပြင်ဆင် ထားပြီးဖြစ်သဖြင့် ဦးနှောက်၏အလုပ် မလိုအပ်ဘဲ နှလုံးသားနှင့် အသင့်ခံစားရုံဖြစ်သည်။Cold Media တို့ ၏သဘောမှာ Hot Media ၏ ပြောင်းပြန်ဖြစ်သည်။
အထူးသဖြင့် ယနေ့ ဖွံ့ ဖြိုးပြီးနိုင်ငံကြီးများ (Developed Country) တွင် Hot Media များနှင့် Cold Media များ၏ လွှမ်းမိုးမှုမှာ တန်းတူရည်တူမျှသာ ရှိလာသော်လည်း စာရေးသူတို့ ကဲ့သို့  ဖွံဖြိုးဆဲ နိုင်ငံများတွင် Hot Media များ၏ လွှမ်းမိုးမှုမှာ အဆမတန် အားကောင်းလာသည်ဖြစ်ရာ တွေးခေါ်မှု စွမ်းရည်များ၊ တီထွင်ဖန်တီးနိုင်မှုများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ ရှိရပါသည်။ သို့ ဖြစ်၍ လူငယ်လူရွယ်များ အနေဖြင့် Hot Media များတွင်သာ အချိန်ကုန် လုံးပမ်းမနေကြဘဲ Cold Media များဘက်သို့ လည်း တစ်လှည့်ပြန် လှည့်ကာ မိမိတို့ ၏ တွေးခေါ်မှုစွမ်းရည်များကို မြှင့်တင်ကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

"ကျေးဇူးပြု၍ ... စာဖတ်ရန်မမေ့ကြပါနှင့်"

Ref: www.newyorktime.com

Thursday, November 3, 2011

စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ကျော်လွှားခြင်း

မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။
မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ ဒီကနေ့ အဲဒါကို ကျွန်တော် ပြောချင်ပါတယ်။
ကျွန်တော်တို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ်၊ ကျွန်တော်တို့မှာ လိုချင်တာကို မရနိုင်အောင်လုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိကြပါတယ်။
အများအားဖြင့်တော့ အဲဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ အမှန်တကယ် အခြေအမြစ်မရှိပါဘူး။ အဲဒါတွေအများစုဟာ ကျွန်တော်တို့ ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊ ပညာရေး ဒါမှမဟုတ် ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတဲ့ အတားအဆီးတွေပါ။
ဒီအောက်က စာကြောင်းတွေကို စဉ်းစားကြည့်ပါဦး။
” ငါဟာ တက္ကသိုလ်တက်ရလောက်အောင် စာမတော်ဘူး ”
” ငါဟာ လူကြားသူကြားမှာ စကားပြောဖို့ သတ္တိမရှိဘူး ”
” ငါဟာ အဲဒီအားကစားကို ကစားဖို့ အရည်အချင်းမရှိဘူး ”
” ငါဟာ စီးပွားရေးလုပ်ငန်းမှာ မအောင်မြင်နိုင်ဘူး ”
” ငါ ဘယ်တော့မှ အဲဒီ ငွေကြေးအခြေအနေကို ရောက်မှာမဟုတ်ဘူး ”
” ငါ သူ့လို မအောင်မြင်နိုင်ဘူး ”
” ငါ့ရည်မှန်းချက်ဟာ ငါနဲ့ အလှမ်းဝေးနေတယ် ”
ဒါတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေပါပဲ။ အဲဒါတွေဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်လည်း မရှိပါဘူး။ သင့်မှာ အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ နောက်ထပ် ရှိချင်ရှိနေမှာပါ။ လေးမိနစ် တစ်မိုင် အတားအဆီး အကြောင်းကို စဉ်းစားကြည့်ရအောင်။ ၁၉၄၀ ပြည့်နှစ်တွေတုန်းက လူတစ်ယောက်ဟာ လေးမိနစ်အတွင်းမှာ တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ကြတယ်။ အပြေးသမားအများစုကော၊ လူထုကပါ အဲဒီလို ယုံကြည်ခဲ့ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာဝေးအပြေးသမားတွေကိုယ်တိုင်က လေးမိနစ်အတွင်း တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြလို့ပါပဲ။ အဲဒီယုံကြည်မှုဟာ ၁၉၅၄ ခုနှစ် မေလအထိပဲ ခံပါတယ်။
ရိုဂျာ ဘန်နီစတာ (Roger Bannister) က ၃မိနစ်နဲ့ ၅၉စက္ကန့်အတွင်းမှာ ပြေးပြနိုင်ခဲ့တယ်။
စိတ်ဝင်စားစရာ ကောင်းတာကတော့၊ နောက်ထပ် ရက်သတ္တပတ် ၆ ပတ်အကြာမှာ ဘန်နီစတာရဲ့ စံချိန်ဟာ ကျိုးသွားခဲ့တယ်လေ။ အဲဒီနောက်တော့ လေးမိနစ် တစ်မိုင်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။
သင်ဟာ သင့်ရဲ့ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက သင့်ကို သင်လိုချင်တာမရအောင် နောက်ပြန်ဆွဲနေလို့ပါပဲ။
၁။ သေသေချာချာ သတ်မှတ်ပါ
သင့်ကို နောက်ပြန်ဆွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကို ချရေးပါ။ အဲဒါရဲ့အောက်မှာ ဒီယုံကြည်မှုကြောင့် သင်ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေကို ချရေးပါ။
ဥပမာ-
“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”
ငါ စီးပွားရေးမှာ အောင်မြင်နိုင်မယ့်၊ အကျိုးအမြတ်ရနိုင်မယ့် စိတ်ကူးတချို့ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထိ သူများဆီမှာ အလုပ်လုပ်နေမိတုန်းပဲ။
၂။ သင့်ကိုယ်သင် အားပေးပါ
တခြား စာရွက်မှာလည်း အဲဒီ အတားအဆီးကို ချရေးပါ။ ပြီးတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကိုလည်း ချရေးပါ။ နောက်ဆုံးအနေနဲ့ (အဲဒါအရေးကြီးပါတယ်) အဲဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ခြစ်ပစ်လိုက်ပါ။
ဥပမာ-
“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”
“ငါဟာ စီးပွားရေးမှာ သိပ်ကိုအောင်မြင်မှာ သေချာတယ် ”

၃။ သင့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုပါ
သင့်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကို မြင်သာတဲ့ နေရာတစ်ခုခုမှာ ရေးထားလိုက်ပါ။ ပြီးတော့ နေ့စဉ်နေ့တိုင်း အဲဒီစာကြောင်းကို စွမ်းအင်အပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ အသံကျယ်ကျယ် ဖတ်ပါ။ ကျနော် ဒီနည်းကို သုံးကြည့်ပြီးပါပြီ။ တကယ် အလုပ်ဖြစ်ပါတယ်။
တကယ်တော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ ဆင်တစ်ကောင်မှာ ခတ်ထားတဲ့ သံခြေကျင်းနဲ့ တူပါတယ်။ မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။
မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကြောင့်ပါပဲ။
အဲဒီဆင်ကြီးကို ငယ်စဉ်က အဲဒီလို သံခြေကျင်းခတ်ထားတယ်။ သူက ရုန်းတယ်။ ငယ်ငယ်လေးဆိုတော့ မရုန်းနိုင်ဘူးပေါ့။ သူ ရုန်းလေ၊ သံခြေကျင်းက သူ့ခြေထောက်ထဲကို နစ်ဝင်ပြီး နာကျင်လေ။ အဲဒီနောက်တော့ နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူရုန်းနေတာကို ရပ်လိုက်တော့တယ်။ ပြီးတော့ သူဟာ သံခြေကျင်းကို ပြုတ်ထွက်အောင် မရုန်းနိုင်ဘူး။ ရုန်းလိုက်ရင် နာမှာပဲဆိုတဲ့ အသိကလည်း သူ့စိတ်ထဲမှာ စွဲနစ်သွားတော့တယ်။
ဒီလိုနဲ့ သူဟာ ဆင်ကြီးတစ်ကောင်ဖြစ်လာတယ်။ အင်အားအပြည့်၊ ခွန်အားအပြည့်နဲ့ပေါ့။ ဒါပေမဲ့ သူ့မှာ ငယ်ငယ်ကတည်းက စွဲလာတဲ့ ” သံခြေကျင်းကို ပြုတ်အောင် မရုန်းနိုင်ဘူး၊ ရုန်းရင် နာလိမ့်မယ် ” ဆိုတဲ့ အသိက မပျောက်တော့ဘူး။ ဒီတော့ သူမရုန်းဘူး။ သူ့ရဲ့ ခွန်အားနဲ့ ရုန်းလိုက်ရင် အသာလေးပြုတ်ထွက်မယ့် သံခြေကျင်းကို သူမရုန်းဘဲ နေတော့တယ်။
သင့်မှာလည်း အဲဒီဆင်ကြီးလိုပဲ ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ရှိချင်ရှိလိမ့်မယ်။ အဲဒါကို ဆုပ်ကိုင်မထားပါနဲ့။ အခု သင်ဟာ ခွန်အားအပြည့်နဲ့ ဆင်ကြီးတစ်ကောင်ဖြစ်နေပြီ။ သင့်ရဲ့ ခွန်အားတွေနဲ့ စွမ်းအင်တွေနဲ့ ရုန်းလိုက်စမ်းပါ။ အဲဒီ သံခြေကျင်းကို ပြုတ်ထွက်သွားအောင် ရုန်းပစ်လိုက်စမ်းပါ။ သင် လုပ်နိုင်ပါတယ်။

Ref: Lifestyle Tip #14: Mental Barriers by Oli Hille , Assumed Constraints by Morning Coach

Sunday, October 30, 2011

စိတ်ဓာတ်ခွန်အား စကားစုများ (၂)

၁။ လူတစ်ယောက်ဟာအလုပ်ပိုလုပ်လေလေ နောက်ထပ်ပိုလုပ်ချင်လာလေလေဖြစ်တယ်။
     The more one works, the more willing one is to work.

၂။ အလုပ်ဟာလူသားများအတွက်စည်ပင်သာယာရေးအတွက်ရေသောက်မြစ်ဖြစ်တယ်။
     လူ့ဘဝရဲ့အခြေခံဖြစ်သောအလုပ်ကိုရှောင်လွဲလို့မဖြစ်နိုင်ပါ။
     Work is the inevitable condition of human life, the true source of human welfere.

၃။ ဘုရားရှင်ဟာငှက်သတ္တဝါတိုင်းကိုအစာပေးတယ်။သို့သော်ငှက်သိုက်အတွင်းသို့ အစာကိုပစ်မသွင်းပေးပါ။
God gives every bird its food, but he does not throw it into the nest.

၎။ အလုပ်လုပ်ခြင်းသည်ရှက်ဖွယ်မဟုတ်။ပျင်းရိထိုင်းမှိုင်းခြင်းသာရှက်ဖွယ်ရာဖြစ်တော့တယ်။
Work is no disgrace, it is idleness which is a disgrace.

၅။ ဘာမှမလုပ်ပဲအားနေခြင်းစာအသိဥာဏ်ကိုသံချေးတက်စေတယ်။
Idleness makes the wit rust.

၆။ ပိုက်ဆံဟာနိဗာန်ပေါ်မှ ကျလာတာမဟုတ်။ကမ္ဘာမြေပေါ်တွင်အလုပ်လုပ်ပြီးမှရယူရတယ်။
Money does not come from heaven.It has to be earned here on earth.

၇။ကိုယ်ကြိုက်တာလုပ်ရလျှင် ပျော်ရွင်မှုကိုရနိုင်တယ်လို့ထင်ကြတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကိုကြိုက်လာမှတကယ့်ပျော်ရွင်မှုကိုရနိုင်တယ်။
Your happiness lies not in doing what you like but in liking what you have to do.

၈။ လုပ်စရာတွေအများကြီးရှိသူ။ လုပ်ချင်စိတ်လည်းရှိသူမှာ အချိန်အများဆုံးရှိတယ်။
Those who have most to do, and are willing to work,will find the most time.

၉။ ပျိုရွယ်ချိန်ဟာတစ်စုံတစ်ခုပြုလုပ်ရန်နှင့်တစ်စုံတစ်ဦးဖြစ်လာနိုင်စေရန်အခွင့်ကောင်းဖြစ်တယ်။
Youth is the opportunity to do something and to become somebody.

၁၀။ အစားကိုလည်းမြန်မြန်စား၊ အလုပ်ကိုလည်းမြန်မြန်လုပ်။
Quick at meat, quick at work.

၁၁။ပစ္စည်းဥစ္စာအသင့်အတင့်ရှိသူတွေကလောက်ကမှာအရေးကြီးဆုံးဟာချစ်ခြင်းမေတ္တာလို့မှတ်ယူကြတယ်။
မရှိဆင်းရဲတဲ့လူတွေကတော့ ငွေလို့ပဲသိထားကြတယ်လေ။
Those who have some mean think that the most important thing in the world is love. The poor know that it is money.

၁၂။အောင်မြင်မှုဆိုတာစောင့်ဆိုင်းရမည့်အရာမဟုတ်။ ဆောင်၇ွက်ရမည့်အရာသာဖြစ်တယ်။
Success is not something to wait for; it is something to work for.

၁၃။ အခြားလူများလုပ်ရန်ခက်ခဲ့သည့်အလုပ်ကိုလွယ်ကူစွာလုပ်နိုင်ခြင်းမှာ အထူးကျွမ်းကျင်မှုဖြစ်ပြီး မဖြစ်နိုင်သည့်အရာကိုလုပ်နိုင်ခြင်းမှာပါရမီသာဖြစ်တယ်။
Doing easily what others find difficult is talent; doing what is impossible for talent is genius.

၁၄။ လူသားတို့ဧ။်လုပ်ရပ်များသည် အတွေးအခေါ်များရဲ့အကောင်းဆုံးစကားပြန်များပဲဖြစ်တယ်။
The actions of man are the best interpreters of their thoughts.

၁၅။ အလွန်အလုပ်များသောသူဟာ ဆယ်ခါတစ်ခါ သူ့ရဲ့အယူအဆကိုပြောင်းတတ်တယ်။
A man who is very busy seldom changes his opinions.

၁၆။ ငွေဆိုတာလူတို့ရဲ့ဘ၀ကိုသရုပ်သကန်ဖော်ထုတ်ပေးနေတဲ့အရာတစ်ခုပါ။ ရလိုက် ၊ ဆုံးရှုံးလိုက် ၊လိုအပ်လိုက်၊ မြတ်နိုးလိုက် ၊
အသက်ပေးလိုက်နှင့်ပဲသံသရာလည်နေကြတာပါပဲ၊
Money is what life is all about getting it loosing it needing it loving it and dying for it.

၁၇။ ဥစ္စာရင်လိုဥစ္စာရင်ခဲ။
Command your man and do it yourself.

၁၈။ အရက်သမားရဲ့ပိုက်ဆံအိတ်ကအရက်ပုလင်းဖြစ်တယ်။
A drunkard's purse is bottle.

၁၉။ ပေးရခြင်းထက်ပေးကမ်းခြင်းကသာလွန်ကောင်းမွန်တယ်။
Better give have to give.

Saturday, October 29, 2011

Gtalk Recovey

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 


ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..


အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..


Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..




ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..


ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 

မြန်မာပြည်မှ Phone Verification လုပ်ဖို့  အခက်အခဲ ရှိသူများ ကူညီပေးပါမယ် ..  ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. eagle156080@gmail.com သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် ..  ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် .. 

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်ကလင့်မှာ ယူလိုက်ပါ .. 



အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .

Ref:  http://www.nayminmaung.info/

Monday, October 24, 2011

Internet Download Manager 6.07 Build 12

Internet Download Manager နဲ့ အမြဲတမ်း ပြဿနာ တတ်နေကြတဲ့ သူငယ်ချင်းများအတွက် အင်စတောလ် လုပ်ပုံ လုပ်နည်းလေး ပြောပြချင်ပါတယ် ။ 
၁။ Internet Download Manager 6.07 Build 12 လေးကို   ဒီနေရာလေး  မှာ ဒေါင်းယူပါ ။
၂။ ဒေါင်းလို့ ရလာတဲ့    RAR  ဖိုင်လေးကို ဖြည်ပါ ။
၃။ ဖြည်လို့ ရလာတဲ့ဖိုင်လေးကို Double Click နဲ့ ဖွင့်လိုက်ပါ ။ ဖိုင် 4 ခု ထွက်လာပါလိမ့်မယ် Patch , Setup , Fake Serial Remover reg , Readme ဆိုတာတွေပါ ။
၎။ Fake Serial Remover reg ဆိုတာလေးကို ကလစ် လိုက်ပါ ပေါ်လာတဲ့ Box တိုင်းကို OK ပေးပါ ။
၅။ ပြီးရင် Setup ကို ကလစ်ပြီး IDM ကို အင်စတောလုပ်ပါ ။ သိကြတဲ့အတိုင်း Next , Next နဲ့ အဆင့်ဆင့် အင်စတောလ် လုပ်လိုက်ပါ ။
၆။ အင်စတောလ် လုပ်တာတော့ ပြီးသွားပါပြီ ။ 
၇။  ပြီးရင်  Start  ကနေ  IDM  ကို ဖွင့်လိုက်ပါ ။   Register   လုပ်ခိုင်းပါလိမ့်မယ်   OK   နှိပ်ပြီး   First Name , Last Name , Email    တွေမှာ ကိုယ်ကြိုက်တာ ရေးထည့်ပါ    Serial Key   နေရာမှာ   Readme ဆိုတဲ့    Notepad   ဖိုင်ထဲမှာ   Key   တွေထဲက

84PU3-FB2VH-11AP2-OQTOK
                                                        RHPB6-SGGW2-B1II3-HEFMR
                                                       0SJ6O-3XKWC-ATKY4-5SWQ4
                                                       BFJVV-B9R4B-88EWR-FFFBV
                                                       DAEVM-KMUIE-TKHJ1-4SVJC 
တစ်ခုခု ကို Copy ကူးပြီး ထဲ့ပေးလိုက်ပါ ပြီးရင်တော့ သိကြတဲ့အတိုင်း OK ပေါ့ဗျာ
ဒီလိုလေး Full Version လေးဖြစ်သွားပါပြီ
IDM ကို အင်စတောလ် လုပ်ပုံ လုပ်နည်းတွေက တစ်ခု နဲ့ တစ်ခု မတူပါဘူး Patch လုပ်တာတို့ Crack ချိုးတာတို့လဲ ရှိပါသေးတယ် အခု ကျနော်ပြောပြတဲ့ အင်စတောလ် လုပ်ပုံ လုပ်နည်းကတော့ အပေါ်ကတင်ပေးထားတဲ့ Internet Download Manager 6.07 Build 12 အတွက်ပဲဖြစ်ပါတယ် ။

Ref: ဝင်းကမ္ဘာကျော် (နည်းပညာ မှတ်တမ်း)