Friday, August 17, 2012

Mozilla firefox မှာ မြန်မာလိုပေါ်အောင်...



Mozilla firefox မှာ မြန်မာမရတဲ့ ဘော်ဘော်တွေအတွက်

tools > option> contents > fonts & colours မှာ zawgyi-one ပြောင်းပြီးလို့ မရသေးရင် Advanced ကိုသွား ။

Character Encoding က Default character encoding မှာ Unicode( UTF-8) ကိုပြောင်း ။

သူ့အပေါ်က box လေးခုထဲက အလယ် ၂ ခု Serif နဲ့ Sans-serif မှာပါ zawgyi-one ပြောင်း ။ monospace ကတော့ မပြောင်းလဲ ရမယ်ထင်တယ်။ ကျွန်တော့်မှာ မပြောင်းထားဘူး ။

ဒါဆိုရင် firefox မှာ မြန်မာလိုရေးနိုင်ပါပြီ ။ google search box မှာ ရှာတာကအစ မြန်မာလိုရိုက်ပြီး ရှာနိုင်ပါပြီ

နောက်တနည်း.
xxxxxxxxxxxxxxx
Firefox ကိုဖွင့်လိုက်ပါ Address box မှာabout:config လို့ရိုက် ပါ Enter ခေါက်ဒါပြီးရင် Filter မှာ
font.name.serif.x-unicode လို့ရိုက်လိုက်ပါ
ပေါ်လာတဲ့ အဲ့ဒီစာတမ်းလေးကို Double Click လုပ်လိုက်ပါဗျာ။
Times New Roman ကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီမှာ သူ့ရှေ့ ကနေ
Zawgyi-One ဆိုတာလေးကို ဒါမျိုး ပုံစံလေးအတိုင်းရေးလိုက်ပါ။

Zawgyi-One,Time News Roman ပေါ့ ။နောက်တော့ အိုကေပေးပါ။

ဒါပြီးရင်

Filter မှာထပ်ပြီးတော့ font.name.sans-serif.x ရိုက်ပါ
ထုံးစံအတိုင်းပေါ်လာတဲ့ ဟာကို ကလစ် နှစ်ချက်ပေါ့ ။

တွေ့ရတဲ့ Arial ကို ခုနက အတိုင်း ရှေ့ ကနေ Zawgyi-one လေးထည့်ပေးလိုက်ပါဗျာ။
ပြီးရင်တော့ အိုကေပေါ့ဗျာ။

အဆင်ပြေသွားပါလိမ့်မယ်။

No comments:

Post a Comment