ဒီတစ်ခါ သူငယ်ချင်းတစ်ယောက်ပြောပြလို့ ပြန်ပြီး ရှယ်ယာ ပေးလိုက်ပါတယ်ခင်ဗျာ။ Message free လို့ရတဲ့ ဆိုက်လေး တစ်ခုကို ညွှန်ပြချင်ပါတယ်။ တကယ်လည်း Message ရောက်ပါတယ် ။ ကျွန်တော်စမ်းပို့ကြည့်ပြီးပါပြီ။ ပြည်ပမှာနေတဲ့သူတွေအတွက် တော့ မိုက်တယ်ဗျ။ ဘာလို့လည်းဆိုရင် ဖုန်းဆက်ရင် အများကြီးကုန်မယ်လေ။ ဒီလိုလေး Free Message လေး ပို့လိုက်လည်း ဖြစ်တာပဲ ။ ဟုတ်တယ်ဟုတ်။ စာလုံးပေါင်း ၅၀၀ ထိ ရေးနိုင်ပါတယ်။ မြန်မာလိုလည်း ရိုက်လို့ရတယ်နော်။ လက်ခံမယ့်ဖုန်းမှာ မြန်မာဖောင့်ထည့်ထားဖို့တော့လိုတာပေါ့ဗျာ။ လုပ်ပုံလုပ်နည်းတော့ လွယ်လွယ်လေးပါ။ ပထမဆုံး Select Country မှာ ပို့ချင်တဲ့ နိုင်ငံကိုရွေးပါ။ ပြီးရင် ဖုန်းနံပါတ် ရိုက်ထည့်ပါ။ ဟိုးအောက်နားလေးမှာ Type The Message Below ဆိုတဲ့ box ထဲမှာ မိမိ ပို့ချင်သောအကြောင်းအရာကို ရိုက်ထည့်ပါ။ ပြီးရင် SEND NOW ဆိုတာကို နှိပ်လိုက်ပါ။ ပြီးပါပြီ။
အဆင်ပြေကြပါစေ....
Source: http://mhuthaw.blogspot.com
No comments:
Post a Comment