Thursday, March 1, 2012

ခင်ပွန်းကြီး (၁၀) ပါး

၁။ ဘုရား

၂။ ပစ္စေကဗုဒ္ဓါ

၃။ ရဟန္တာ

၎။ အဂ္ဂသာဝက ရဟန္တာများ (လက်ယာရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲရံ ရှင်မောဂ္ဂလန်)

၅။ မိခင်

၆။ ဖခင်

၇။ ဆရာ (သင်ဆရာ ၊ မြင်ဆရာ၊ ကြားဆရာ)

၈။ တရားဟောသော ပုဂ္ဂိုလ် (လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမလမ်းညွှန်သော ပုဂ္ဂိုလ်)

၉။ အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ် (အနိမ့်ဆုံး ငါးပါးသီလနှင့် ပြည့်စုံသော သူတော်ကောင်း)

၁၀။ ကျွေးမွေးစောင့်ရှောက်သော ပုဂ္ဂိုလ် (မိမိ ဆင်းရဲ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ နေရာထိုင်ခင်း၊ အလုပ်အကိုင်၊ အစားအသောက်

ပေးကမ်းကျွေးမွေးစောင့်ရှောက်သော ပုဂ္ဂိုလ်)

ခင်ပွန်းကြီး (၁၀) ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် (၁၀) ပါး

၁။ ကြမ်းတမ်းစွာ ဦးခေါင်းနာ စသည် ကပ်ရောက်ခြင်း၊

၂။ စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်ပြားခြင်း၊

၃။ လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း၊

၎။ ဆေးကု၍မရသော ကြီးလေးသည့် ရောဂါ ကပ်ရောက်ခြင်း၊

၅။ ရူးသွပ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊

၆။ မင်းပြစ်မင်းဒဏ် သင့်ခြင်း၊

၇။ ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း၊

၈။ ဆွေမျိုး ပျက်စီးပြုန်းတီးခြင်း၊

၉။ စည်းစိမ်၊ အခြွေအရံ ပျက်စီးခြင်း၊

၁၀။ နေရာ၊ တိုက်၊ အိမ် မီးလောင်ပျက်စီးခြင်း။

ခင်ပွန်းကြီး (၁၀) ပါးအား ရိုသေစွာ ပူဇော်ခြင်း အကျိုး (၁၀) ပါး

၁။ မိမိ အရပ်ဒေသမှ အရပ်တစ်ပါးကို သွားသောအခါ အစားအစာ မရှားပါးခြင်း။

၂။ ရောက်ရာအရပ်မှာ အပူဇော်ခံရခြင်း။

၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ခြင်း။

၎။ မျက်နှာမြင် ချစ်ခင်ခြင်း။

၅။ လူပုံအလည်မှာ ရဲရင့်စေခြင်း။

၆။ မိမိ၏ ဂုဏ်သတင်း ပြန့်လွင့်စေခြင်း။

၇။ အခြံအရံ အမြဲမပြတ် ရှိခြင်း။

၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ သီးနှံပေါများကာ စီးပွားတိုးတက်ခြင်း။

၉။ မတော်တဆ ဘေးအန္တရာယ် ကျရောက်မှုမှ လွတ်ကင်းခြင်း၊ ကြုံခဲ့ရပါက ဆိုးရွားစွာ မခံစားရခြင်း။

၁၀။ သားသမီး၊ အခြွေအရံများနှင့် တင့်တင့်တယ်တယ် နေရခြင်း။

(ပစ္စုပ္ပန် ဘဝ၌ ထိုဒဏ် (၁၀) ပါး သင့်မည့်အပြင် သေလွန်သော အခါ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။) 

No comments:

Post a Comment