Sunday, February 5, 2012

Cyber လုံခြုံရေး အကြောင်း သိကောင်းစရာ..

Cyber လုံခြုံရေး
Cyber လုံခြုံရေး ဆိုသည်မှာ အဖွဲ့အစည်းများနှင့် အသုံးပြုသူများ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် cyber လုံခြုံရေးဆိုင်ရာ Tool များ၊ ချမှတ်ရန်လိုအပ်သော cyber လုံခြုံရေး နည်းလမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများနှင့် လက်တွေ့ကျင့်သုံးရန် နည်းလမ်းကောင်းများ အသုံးပြုခြင်းကို ဆိုလိုပါသည်။ အဖွဲ့အစည်းများနှင့် အသုံးပြုသူများ၏ ပိုင်ဆိုင်မှုများဟု ဆိုရာတွင် အသုံးပြုရန် ချိတ်ဆက်ထားသော ကိရိယာများ၊ ၀န်ဆောင်မှုများ၊ ကွန်ယက်စနစ်များ၊ ဆက်သွယ်ရေးဆိုင်ရာ မီဒီယာများ၊ cyber အဖွဲ့အစည်းတွင် သိမ်းဆည်းမည့် သတင်းအချက်အလက်များနှင့် ပို့လွှတ်မည့် သတင်းအချက်အလက်များ ပါဝင်ပါသည်။


Cyber လုံခြုံမှု လုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်
Cyber လုံခြုံမှု လုပ်ဆောင်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ cyber အဖွဲ့အစည်းများ နှင့် ၄င်းအဖွဲ့အစည်းများအတွင်း အသုံးပြုသူများ၏ လျို့ဝှက် အပ်သော သတင်းအချက်အလက်များ နှင့် ပိုင်ဆိုင်မှုများကို လုံခြုံစိတ်ချစွာ ထိန်းသိမ်း နိုင်ရေး၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး၊ ညီညွတ်မှန်ကန်စွာ အသုံးပြုနိုင်ရေး၊ အပြန် အလှန်ယုံကြည်စွာ ဖလှယ်နိုင်ရေး၊ ဖြန့်ဝေနိုင်ရေး၊ အသုံးပြုနိုင်ရေးနှင့်ကွန်ယက် လုံခြုံရေး တို့ ပါဝင်ပါသည်။


Cyber လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များ
Cyber လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များဟု ဆိုရာတွင် cyber လုံခြုံရေးဆိုင်ရာ တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး လျှော့ချရန်အတွက် ကမ္ဘာနှင့်အ၀ှမ်း လက်တွေ့အသုံးပြု နေသော cyber လုံခြုံရေး နည်းလမ်းများနှင့် cyber လုံခြုံရေး စံသတ်မှတ်ချက်များကို ဆိုလိုပါသည်။ ထို စံသတ်မှတ်ချက်များတွင် ယေဘုယျ စံသတ်မှတ်ချက်များနှင့် cyber လုံခြုံရေး အကောင်အထည် ဖော်နိုင်ရန် အသေးစိတ် အချက်အလက်များ၊ အသုံးပြုမည့် နည်းဗျူဟာများနှင့် ၄င်းတို့ကို အကောင်အထည် ဖော်ရာတွင် အသုံးပြုရမည့် နည်းပညာများ ပါဝင်ပါသည်။ စံသတ်မှတ်နိုင်ရန် အခွင့်အာဏာရှိသော စံသတ်မှတ်ရေး အဖွဲ့အစည်းများ၏ ထောက်ခံချက် ရရှိပြီးမှသာလျှင် cyber လုံခြုံရေးစံအဖြစ် သတ်မှတ်နိုင်ပါသည်။
ဥပမာ စံ သတ်မှတ်ချက်အနေဖြင့်
• စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် ဆက်သွယ်ဆောင်ရွက်ချက်များ အတွက် နိုင်ငံတကာ စံသတ်မှတ်ချက်မှာ ISO 27031(FCD)။
• Cyber လုံခြုံရေး စီမံကိန်းများအတွက် နိုင်ငံတကာ စံသတ်မှတ်ချက်မှာ ISO 27031(CD)။
• ကွန်ယက်ဆိုင်ရာ လုံခြုံရေး စီမံကိန်းများအတွက် ISO 27031(FDIS)။
• အသုံးချရမည့် လုပ်ငန်းဆိုင်ရာ လုံခြုံရေးများအတွက် ISO 27031(CD)။
• သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ဖြစ်ပွားမှုများကို စီမံခန့်ခွဲပေးခြင်းများအတွက် ISO 27031(FCD) များဖြစ်ပါသည်။
• သတင်းအချက်အလက် လုံခြုံမှုစီမံခန့်ခွဲရေးအတွက် လမ်းညွှန်မှု စံသတ်မှတ်ချက် ISO IEC TR 13335(GMITS)။


Cyber လုံခြုံရေး တိုက်ခိုက်မှု အမျိုးအစားများ
Cyber လုံခြုံရေး တိုက်ခိုက်မှု အမျိုးအစားများမှာ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။
(က) HACKING ( သက်ဆိုင်သူ တစ်ဦးတစ်ရောက်၏ ခွင့်ပြုချက်မရှိဘဲ မသမာသော လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊ ဥပမာ- သတင်းအချက် အလက် များ ခိုးယူခြင်း)
(ခ) DENIAL OF SERVICE ATTACK (အသုံးပြုရမည့်သူများ အသုံးမပြုနိုင်ရန် လုပ်ဆောင်ခြင်း)
(ဂ) VIRUS DISSEMINATION (ကွန်ပျူတာ virus များ ပြန့်ပွားစေခြင်း)
(ဃ) SOFTWARE PRIVACY (ခွင့်ပြုချက်လိုင်စင်မရှိဘဲ အသုံးပြုခြင်း)
(င) IRC CRIME (Internet Chat Room များမှ မသမာမှုများ ပြုလုပ်ခြင်း)
(စ) CREDIT CARD FRAUD (Credit Card Number များကို ပိုင်ရှင်မသိဘဲ ခိုးယူခြင်း)
(ဆ) NET EXTORTION (Internet ကို အသုံးပြု၍ မသမာမှုများ ပြုလုပ်ခြင်း)
(ဇ) PHISHING (အရေးကြီး စီးပွားရေးဆိုင်ရာ အချက်အလက်များကို ခိုးယူခြင်း)
(ဈ) SPOOFING (အခြားသူများ၏ IP Address များကို ခိုးယူသုံးစွဲခြင်း)
(ည) CYBER STALKING (Internet ၊ Email အစရှိသည့် မီဒီယာများကို အသုံးပြု၍ နောက်ယောင်ခံလိုက်ခြင်း)
(ဋ) CYBER DEFAMATION (Internet ၊ Email အစရှိသည့် မီဒီယာများကို အသုံးပြု၍ မကောင်းသတင်းလွှင့် တိုက်ခိုက်ခြင်း)
(ဌ) THREATENING (Internet ၊ Email အစရှိသည့် မီဒီယာများကို အသုံးပြု၍ ခြိမ်းခြောက်ခြင်း)
(ဍ) SALAMI ATTACK ( Bank Server တွင် သုံးစွဲသူများ၏ ငွေ Account များမှ မသိမသာ ထုတ်ယူနိုင်သော software များထည့်သွင်းထားခြင်း) တို့ ပါဝင်ပါသည်။


Cyber သုံးစွဲသူများ သတိပြုလိုက်နာရမည့် အချက်များ
Cyber သုံးစွဲသူများ သတိပြုလိုက်နာရမည့် အချက်များမှာ-
• မိမိသုံးစွဲသော ကွန်ပျူတာကို နောက်ဆုံးပေါ် virus ကာကွယ်ပေးသော software များကို သုံးစွဲသင့်ပါသည်။ ၄င်း software များကိုလည်း အမြဲ Update လုပ်ပေးရပါသည်။
• မိမိတို့၏ သတင်းအလက်များ လုံခြုံစေရန်အတွက် သူတစ်ပါး အလွယ်တကူ မခန့်မှန်းနိုင်သော မိမိ၏ စနစ်တွင်းသို့ ၀င်မည့် Password များကို အသေအချာ ပေးသင့်ပါသည်။
• အနည်းဆုံးရက် ၉၀ လျှင် တစ်ကြိမ် အသစ်ပြန်လည် ပြောင်းသင့်ပါသည်။ Password များပေးလျှင်လည်း မိမိတို့ ကိုယ်ရေး ကိုယ်တာများနှင့် သက်ဆိုင်သော အမည်များ၊ တယ်လီဖုန်း နံပါတ်များ၊ မွေးနေ့ ရက်စွဲများ၊ Credit Card နံပါတ်များ၊ လိပ်စာများ စသည်ဖြင့် မပေးသင့်ပါ။
• သင်္ကေတများ၊ ဂဏန်းများ၊ အက္ခရာ အကြီးအသေးများ ပေါင်းစပ်၍ မိမိတို့၏ Password များကို ပေးသင့်ပါသည်။
• မိမိကွန်ပျူတာတွင် အခြား Device များကို မသုံးစွဲမီ ထိုပစ္စည်းများ virus ကင်းစင် စေရန်လည်း ပြုလုပ်ရပါမည်။
• အကယ်၍ virus တွေ့ရှိခဲ့လျှင်လည်း စနစ်ထိန်းချုပ် ကွပ်ကဲသူသို့ ချက်ချင်းအကြောင်းကြားသင့်ပါသည်။
• Cyber လုံခြုံရေး ထိခိုက်နိုင်သည့် ဖြစ်စဉ်များ ဖြစ်ပွားပါက သက်ဆိုင်ရာ cyber လုံခြုံရေး အဖွဲ့ကို ချက်ချင်း အကြောင်းကြားရန်။
• မိမိကွန်ပျူတာမှ အဝေးသို့ အထွက်ခွာမီ မိမိအကောင့်မှ ထွက်ခဲ့ရန်။
အပြင်သို့မထွက်ခွာမီ မိမိကွန်ပျူတာကို ပိတ်ထားခဲ့ရမည်။


source: http://www.mmcert.org.mm

Friday, February 3, 2012

Access point

What is access point ?
ရှင်းပါတယ်.. သူရေးထားသလိုပဲပေါ့ဗျာ။ Access လုပ်ပေးနိုင်တဲ့ point ( ပစ္စည်း ) တခုပဲပေါ့။ သူက transmit ရော recieve ပါ တစ်ခါတည်းလုပ်ပေးတဲ့ ပစ္စည်းမို့လို့ transceiver လို့လည်း သတ်မှတ်နိုင်ပါတယ်။ အဓိကလုပ်ဆောင်ချက်ကတော့ user to user ကို ချိတ်ဆက်ပေးသလို နောက်တစ်ခုကတော့ WLAN ( wireless local area network ) ကို wired network တစ်နဲ့ ချိတ်ဆက်ပေးဖို့ အသုံးပြုပါတယ်။ သာမန် WLAN ခပ်သေးသေး တစ်ခုအတွက်တော့ Access point တစ်ခုနဲ့တင် user များကို ထိန်းထားနိုင်ပါတယ်။ Point ဘယ်နှစ်ခုလိုတာလဲ ဆိုတာတော့ User အရေအတွက်ပေါ်မူတည်ပြီး တွက်ချက်အသုံးပြုရမှာ ဖြစ်ပါတယ်။ Access point ( or wireless access point WAP ) ကို ရုံးတွေ ဌာနတွေ ကျောင်းတွေမှာ wired network တစ်ခုကနေ wireless LAN တစ်ခုတည်ဆောက်ဖို့အတွက် အသုံးပြုကြပါတယ်။ 


အောက်က လင့်လေးကတော့ WAP access လုပ်ပုံလုပ်နည်း Youtube က ဗီဒီယို လင့်လေးပါ။ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ WAP အကြောင်း ပိုပြည့်ပြည့်စုံစုံ သိချင်သေးရင်တော့ ဒီမှာ ၀င်ရောက် ဖတ်နိုင်ပါသေးတယ်။


Part 1


Part 2


အားလုံးအဆင်ပြေ ချောမွေ့ပါစေ..။



Saturday, January 28, 2012

Hub,Switch and Router


Q: အကို networking ချိတ်တဲ့နေရာမှာ အသုံးပြုတဲ့ switch နဲ့ router တို့ကို အကို သိရင် အဲ့ဒီနှစ်ခုကို ဘယ်လိုသုံးလဲ ဘယ်လိုအမျိုးအစားတွေရှိလဲ ဘာကွာခြားနားလဲ ဆိုတာ ကိုကြီး သိရင် ညီလေးကိုကျေးဇူးပြုပြီး ပြောပြပေးပါ။

ညီလေး တစ်ယောက်က မေးလာလို့ပါ။ ကျွန်တော် ဖတ်မိသလောက်လေး ပြန်ပြောပြပေးပါ့မယ်။
အလွယ်ကူ အရှင်းဆုံးပြောရရင်တော့  Router, switch နဲ့ hub တွေဟာ network အသုံးပြုဖို့အတွက် သုံးတဲ့ ပစ္စည်းခြင်း အတူတူကြည့်ပါပဲ။ ဒါပေမယ့် Router က ကျန်တဲ့ နှစ်ခုထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ပိုမိုလုပ်ဆောင်နိုင်တဲ့ ပစ္စည်းလို့ အကြမ်းဖျင်း မှတ်ထားလို့ရပါတယ်။ switch နဲ့ hub ကတော့ ချိတ်ဆက်ပုံခြင်းက အစ အတူတူပါပဲ။ Hub က connection ပိုင်းညံ့တဲ့ အတွက် အခု နောက်ပိုင်း သိပ်မသုံးတော့တာပါ။

Hubs














Hub ကတော့ ဈေးအနည်းဆုံး၊ စွမ်းဆောင်ရည်အနည်းဆုံး၊ ရှုပ်ထွေးမှု အနည်းဆုံးပါ။ သူ့လုပ်ဆာင်ချက်ကတော့ အရမ်းရှင်းပါတယ်။ သူ့ဆီ ၀င်လာသမျှ အချက်အလက်မှန်သမျှကို ပြန်ထုတ်ပေးလိုက်တာပါပဲ။ ဥပမာ Hub ကနေ ကွန်ပျူတာ A,B, C ကို ဆက်ထားတယ်ဆိုရင် ထွက်လာတဲ့ အချက်အလက်တွေကို ကွန်ပျူတာ သုံးလုံးဆီကို ပို့ပါတယ်။ ကိုယ်က A ဆီကိုပဲ ပို့ချင်တာ ဆိုရင်တောင်ပေါ့။ အဲလိုပဲ A ကနေ Response တခုခု ပြန်လာရင် B, C ဆီကိုပါ ရောက်သွားပါတယ်။ အဲဒါကြောင့် Hub တခုထဲ ချိတ်ထားတဲ့ ကွန်ပျူတာ အချင်းချင်း ဘာပဲလုပ်လုပ် Network အတွင်းမှာရှိတဲ့ ဘယ်ကွန်ပျူတာကမဆို သိနေမှာ၊ အချက်အလက်တွေ ရနေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဓိကကတော့ connection နှေးတယ်ပေါ့ဗျာ။ဒါပေမယ့် အချိန်တော်တော်ကြာတဲ့ အထိတော့ သူ့ကိုပဲ သုံးစွဲခဲ့ ကြရတာပါ။

Switches









Switch ကလည်း Hub နဲ့ လုပ်ဆောင်တာ အတူတူလောက်နီးပါး ကြပါတယ်။ ပိုပြီး တိကျတဲ့ လုပ်ဆောင်ချက်ရှိတာ တခုတော့ ပိုတာပေါ့ဗျာ။ အဲဒါက စပြီး အချက်အလက်ကို ပို့ရင်တော့ အပေါ်က အတိုင်းပါပဲ သူကနေ A, B, C သုံးလုံးကို ပို့လိုက်ပါတယ်။ ဒါပေမယ့် A က ပဲ response ပြန်လာတယ်ဆိုရင် သူပို့ရမှာ A တခုထဲပဲ ဆိုတာ သိသွားပြီး  A  နဲ့ အလုပ်ဆက်လုပ်ပါတော့တယ်။ 
အဲအတွက် ပိုပြီး လုံခြုံမှုရှိလာသလို ဆက်သွယ်မှုအပိုင်းလည်း ပိုမြန်လာပါတယ်။ Hub နဲ့ အဓိက ကွာခြားတာကတော့ ဒါပါပဲ။


Routers














နောက်ဆုံးတစ်ခုကတော့ Routers တွေပေါ့။ သူကတော့ အကောင်းဆုံး smart အဖြစ်ဆုံးနဲ့ လုပ်ဆောင်မှု အရှုပ်ထွေးဆုံးလို့လည်း ပြောနိုင်ပါတယ်။ Router များကို ပုံစံ၊ အရွယ်အစားအမျိုးမျိုးနဲ့ မြင်တွေ့နိုင်ပါတယ်။
အခုခောတ်မှာတော့ four -port boradband routers တွေက ခောတ်အစားဆုံးလောက်ရှိပါတယ်။ ကိုယ်တိုင် internet ကို ချိတ်ဆက်ပေးနိုင်ပါတယ်။ အလွယ်ဆုံးအနေနဲ့ ပြောရရင်တော့ Routers တွေဟာ ကွန်ပျူတာအသေးစားတစ်လုံးလိုပါပဲ။ switch လုပ်ပေးဖို့၊ computer location တွေတွက်ဖို့၊ routing traffic တွေကိုတွက်ဖို့ သူ့အထဲမှာ program ရေးပြီးသားပါ။ Router တစ်ခုမှာ အနည်းဆုံး Network card နှစ်ခုပါတယ်။ တစ်ခုက LAN လို့ ရေးထားပြီး တစ်ခုက WAN ပါ။ Router ကိုယ်တိုင်လည်း IP address ရှိပါတယ်။ အဲဒါကိုပဲ LAN IP address လို့ ခေါ်နိုင်ပါတယ်။ Router ကိုတော့ အဓိက မတူတဲ့ Network နှစ်ခုကို ချိတ်တဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းအဖြစ် အကြမ်းဖျင်းမှတ်နိုင်ပါတယ်။ wireless အတွက်ဆိုလည်း wireless အသုံးပြုမှုပါတဲ့ Router ကို ရွေးဝယ်လိုက်ရင် အသုံးပြုနိုင်ပါတယ်။

အခုလောက်ဆိုရင် Hub, Switch နဲ့ Router တို့ရဲ့ ကွာခြားချက်ကို အကြမ်းဖျင်းသိနိုင် လိမ့်မယ် လို့  မျှော်လင့်ပါတယ်။ အမျိုးအစားနဲ့ အသုံးပြုပုံတွေကိုလည်း နောက်တစ်ပို့စ်မှာ ဖော်ပြပေးနိုင်အောင် ကြိုးစားလိုက်အုံးမယ်ဗျာ..
                                                                                      အားလုံးအဆင်ပြေ ချောမွေ့ပါစေ...

Thursday, January 26, 2012

WOT - web of trust















ဒီတစ်ခါတော့ WOT အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ 
သူက ကိုယ်ဝင်တဲ့ ဆိုဒ်တစ်ခုဟာ ဘယ်လောက် ယုံကြည့်ရလည်း ဆိုတာလေးကို ပြပေးပါတယ်။
ယုံကြည့်ရမှု အဆင့်အတန်းကို အရောင်လေးတွေနဲ့ ဖော်ပြပေးထားပါတယ်။ 
အစိမ်းရောင်ကတော့ ယုံကြည်ရဆုံးပါ။ ဒါ့အပြင် ကိုယ်ကိုယ်တိုင်လည်း ဆိုဒ်တစ်ခုကို သိတယ်ဆိုရင် ဘယ်လောက်ယုံကြည်တယ်ဆိုတာကို အကြံပြုပေးနိုင်ပါတယ်။ Add on အနေနဲ့ ဆိုင်ရာ browser မှာ install လုပ်လိုက်ယုံပါပဲ။ အောက်က လင့်လေးကနေ သွားယူလိုက်ပါ။ ဘာပဲ ဖြစ်ဖြစ် စိတ်မချရတဲ့ ဆိုဒ်တွေ လင့်တွေဆို အလွယ်တကူ သိနိုင်သွားတာပေါ့ဗျာ။ 

နောက်တစ်မျိုးပြောချင်တာကတော့ trick လေးတစ်ခုပါ။ အင်တာနက်မှာ လိုက်လံ ရှာဖွေသူတွေ အဆင်ပိုပြေမဲ့ နည်းလေးပါ။ အဲဒါက ကျွန်တော်တို့ Application Software တစ်ခုခုကို ရှာမယ်ဆိုရင် crack နဲ့ Patch ဖိုင်လေးတွေပါ ရှာလို့ရအောင်ပါ။ ရှာဖို့ကတော့ Google.com ကနေ ကြိုက်တဲ့ software တခုခုကို ရိုက်လိုက်ပါ။ ဥပမာ “microsoft office” 94FBR လို့ ရိုက်လိုက်ပါ။ အဲဒါဆိုရင် crack file ပါတဲ့ လင့်တွေ ကျလာပါလိမ့်မယ်။ Microsoft office နေရာမှာ ကိုယ်ကြိုက်တာကို ထည့်ပြီး ရှာနိုင်ပါတယ်။ သတိထားရမှာ တစ်ခုက နက်က အလကားရတိုင်း တန်းပြီး လင့်တွေကို စွတ်မနှိပ်စေချင်ပါဘူး။  အပေါ်ကလို WOT မှာ ယုံကြည်မှု ကောင်းကောင်းရှိတဲ့ လင့်လား၊ Antivirus က လက်ခံတဲ့ လင့်လားဆိုတာမျိုးကို သေသေချာချာ စမ်းစစ်ပြီးတော့ အသုံးပြုစေချင်ပါတယ်။
crack/Serial ရှာချင်တယ်ဆိုရင်တော့ ဆိုဒ်လိပ်စာတွေရှိပါသေးတယ်။
    * www.serials.ws
    * www.keygen.in
    * www.smartserials.com
    * www.keygenguru.com - Popular site with hundreds of thousands of results.
    * www.serialkey.net
    * www.zcrack.com
    * www.subserials.net
    * www.serialportal.com
    * supercracks.net
    * www.serialcrackz.com
    * www.serials.be
    * www.cracktop.com
    * www.cracksfm.com
    * www.cracklib.net
    * www.crackdb.org
    * www.theserials.com

 

အဲ့ဆိုဒ် တွေထဲကရှာကြည့်ပါ  
                                                                     အားလုံးအဆင်ပြေ ချောမွေ့ပါစေ...

Monday, January 23, 2012

After You (ဦးဘုန်း-ဓာတု)



ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။သူဟာ အေးဆေးတည်ငြိမ်စွာပဲစာအုပ်တစ်အုပ်ကိုဖတ်နေတယ်။  လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
“After you”
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။
“After me”....
“After me”....
“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။
“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။
အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် “After you”။
ကိုယ်ကလည်း သူ့အပေါ် “After you”။
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့....
ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
ဦးဘုန်း(ဓာတု)
မန္တလေး

သစ်ထူးလွင် သတင်းမှကူးယူဖေါ်ပြသည်။

Saturday, January 14, 2012

Reset Password Windows 7 Login

အခု ကျွန်တော်ပြုလုပ်သွားမည့်နည်းက Windows 7, Vista, Windows xp,2003,2000,NT စသည် Windows တွေမှာ ပေးထားခဲ့သော User Login, Administrator Login Password တွေကို Reset လုပ်ပေးနိုင်ပါတယ်။Windows Login Password ကို Reset ချဖို့အတွက် HIREN'S BOOT CD 10.0 ခွေ လိုအပ်ပါတယ်။ မရှိရင် Softwar ခွေ အရောင်းဆိုင်မှာ ဝယ်နိုင်ပါတယ်။

၁။ HIREN'S BOOT CD ကို ကွန်ပျူတာတွင် ထည့်ပြီး Boot တက်လိုက်ပါ။

၂။ Start Boot CD ကိုရွေးလိုက်ပါ။

၃။ Password & Registry Tools ကို ရွေးပေးပါ။



၎။ Active Password Changer 3.0.420 ( NT, 2000, XP, 2003, Vista ) ဆိုသည့် စာကြောင်းကို ရွေးပြီး Enter ခေါက်လိုက်ပါ။


၅။ အဲဒီမှာ စက်တွင် တပ်ဆင်ထားသော CD Drive or DVD Drive ကိုစစ်ဆေးပါမည်။ ပေါ်လာသမျှကို Enter တွေသာ ခေါက်ပေးလိုက်ပါ။ နောက်ဆုံး Active Password Changer ထဲကို ရောက်လာပါမယ်။

၆။ အဲဒီမှာ ရွေးချယ်စရာ သုံးမျိုးကို တွေ့နေပါမည်။ နံပါတ် ၁ က Choose Logical Drive သူက ကိုယ်ကိုတိုင် Drive Letter ကိုရွေးချယ်ပြီး ပြင်ဆင်မှု ပြုမှာ ဖြစ်ပါတယ်။ နံပါတ် ၂ က Search for MS SAM Database on all hard disks and logical drives လို့ပြောထားတဲ့အတွက် HardDisk Drive အားလုံးကို ရှာဖွေပြီးမှ ပြင်ဆင်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နံပါတ် ၃ က Exit ဆိုတော့ ပြန်ထွက်မယ်ပေါ့။ အဲဒီတော့ဆက်သွားဖို့အတွက် 1 ကိုရွေးပါ ( 1 မှာနှိပ်ပါ။ ) Enter ခေါက်ပါ။


၇။ နောက်တဆင့် အနေဖြင့် ဘယ် Partitin အပိုင်းကို ရွေးချယ်ပြီ စစ်မလဲဆိုတာပါ။ အဲဒီမှာ ကိုယ် တကယ် Windows တင်ထားတဲ့ အပိုင်းကို မှန်အောင်ရွေးပေးရပါမည်။ Windows 7 တင်ထားသူအတွက်တော့ 2
ကိုရွေးချယ်ပေးရပါမယ်။ Enter ခေါက်ပါ။


၈။ မိမိရွေးချယ်လိုက်သည့် အပိုင်းအား စတင်ပြီး MS SAM Database ဖိုင်ရှိမရှိစစ်ပါပြီ။ Windows တင်ထားသည့်အပိုင်းမှန်ကန်ခဲ့ပါက အောက်တွင်ဖော်ပြထားသော ပုံပါအတိုင်း တွေ့ရှိသည့် လမ်းကြောင်းကို
ဖော်ပြနေပါမည်။ Enter ခေါက်ပြီး ဆက်သွားပေးပါ။


၉။ နောက်တဆင့် အနေဖြင့် မိမိ Windows ရှိ Administrator account, User account နဲ့ Guest account တွေကို မြင်နေရပါပြီ။


၁၀။ မိမိ Reset Password လုပ်ချင်သော User Account ၏ နံပါတ်ကို မှန်အောင်ရွေးပါ။ ကျွန်တော်ကတော့ Spaceboy ဆိုသည့် Account နံပါတ် 1 ကိုရွေးပါ။ Enter ခေါက်ပါ။

၁၁။ ဤအဆင့်တွင်တော့ မိမိရွေးချယ်သည့် Account ကို ဘယ်လို Operation လုပ်မလဲဆိုတာပါ။ Default အနေဖြင့် Password Never Expires နှင့် Clear this User's Account ဆိုတာကို
ရွေးချယ်ပေးထားပါတယ်။


၁၂။ အထက်ပါ Setting အတိုင်းပဲ ထားပြီး ( Y ) ကို တစ်ချက်နှိပ်ပြီး Save လိုက်ပါ။ ပြီးလျင် Press any key to Continue လို့ပေါ်လာတဲ့ အတွက် Enter ခေါက်ပေးလိုက်ပါ။

၁၃။ Exit နဲ့ ပြန်ထွက်လို့ရပါပြီ။ ESCသုံးချက်လောက်နှိပ်လိုက်တာနဲ့ ရှေ့ဆုံးကို ပြန်လည် ရောက်ရှိသွားပါမယ်။
စက်ကို Restart ချပေးလိုက်ပါ။


                                                                                                            အားလုံးအဆင်ပြေပါစေ...

Thursday, January 12, 2012

ကလေးအတွေး

(၁)
အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။ “မေမေ…ဒီနေ့ ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သားတက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။ ဒါနဲ့ အန်တီကြီးက သားကိုချောကလက်တစ်ခု ထုတ်ကျွေးတယ်။ ”
“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”
“ဟင့်အင်း….သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်”
……………

(၂)
ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။ Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။
ကစားပွဲတွေမှာဆိုရင်
အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက်
နိမ့်ကျတဲ့ စွမ်းရည်ရှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို
သက်ညှာတဲ့
အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊ ဒါမှမဟုတ်………မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျှော့ကစားတာပါ။ ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး ။
လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့ လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့)
ပ စားပေးသက်ညှာထားတာတွေရှိပါတယ်။ ဒါပေမယ့် ခက်တာက သူတို့ထဲက တချို့လူတွေမှာ
တမင်သက်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။ ကလေးဆိုးကြီးတွေလိုပဲ။

ကိုယ့်ခြေထောက်ကိုတက်နင်းပြီး တောင်းပန်လို့ ကိုယ်ကသနားအားနာတာနဲ့
ချောကလက်တစ်ခု ထုတ်ကြွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို
ထပ်ပြီးနင်းကြပြန်ရော။ 

ကဲ…မခက်ဘူးလား။
တချို့ အိမ်တွေ၊ တချို့ဆိုင်တွေမှာ …..(အားနာလို့ လိုက်လျောတာ အတယ်လို့ မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့ “သြော်…သူတို့လည်း ခဏခဏ
ခြေထောက်နင်းခံရရှာတယ်ထင်ပါရဲ့” လို့ တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်လေ…။မကောင်းတတ်လို့ အလျော့ပေးနေရတာမှန်ပေမယ့် ခဏခဏဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလည်း။ အားလုံးက ပုတုဇဉ်တွေပဲ မဟုတ်လား။
…………….
 
(၃)
ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။ (အားနာလို့လိုက်လျောတာ “အတယ်” လို့ မထင်နဲ့တဲ့။)
သူကအဲဒီလိုဖတ်ပြီးတော့ ကျွန်တော့်ကို လာမေးနေတယ်။
“ဟေ့ကောင်…အတယ်ဆိုတာ တရုတ်လို အဖေကိုပြောတာ မဟုတ်လား…တဲ့။

သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပါယ်နဲ့ သူတော့မဆိုးပါဘူးလို့ တွေးမိသား။
ဟုတ်တယ်လေ………။
နောက်ထပ် ချောကလက် တစ်ခု ထပ်လိုချင်လို့အားမနာ၊ပါးမနာ သူများခြေထောက်
ထပ်နပ်နင်းတဲ့ သူရဲ့ အတွေးဟာ “ကလေးအတွေးပါ” ။
ကျွန်တော် ပြောခဲ့ပြီးသားပဲ။
အဲဒီလူတွေဟာ ကလေးတွေ၊ ကလေးဆန်တဲ့ လူတွေပါ ဆိုတာ။

သူတို့ကို ဘယ်သူက ရေရှည်မှာ သည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေ၊အမေပဲပေါ့။
ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့အမျှ စိတ်ပျက်လာမှာသေချာပါတယ်။

ဒါပေမယ့် ကလေးအတွေးဆိုတာ ခက်သားလား။ကိုယ့် အဖေ၊အမေအပေါ် ဆိုးချင်တိုင်း ဆိုးလို့ရရုံနဲ့
ကျန်တဲ့လူတွေအားလုံးအပေါ်မှာလည်း အဲသည်လို ဆိုးဖို့ “အခွင့်အရေး” ရမယ်လို့ ထင်နေတတ်တာမျိုး။

………………….
 
(၄)
အဲသည် ကလေးစိတ်၊ကလေးဥာဉ်မျိုးတွေ့ရင် အားလုံးဝိုင်းပြီးပြုပြင်ပေးကြဖို့လိုပါတယ်။အဲသည် အပြုပြင်ခံ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့လိုပါလိမ့်မယ်။ လောကမှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိအရှိအတိုင်းတည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်တတ်တဲ့ “သတိ” ရှိဖို့ပါပဲ……….။ ။

မင်းခိုက်စိုးစန်