Friday, December 3, 2010

Amizing Photos

သစ်ပင်လား လူလား...

ဘယ်သူနေချင်လဲ ဒီအပေါ်မှာ...

အသည်းယားစရာပါ...

ရေအတူချိုးမယ်...

ဘယ်လိုလုပ်နေတာလဲ

လက်အုပ်ချီတာများဗျာ...

နားပေါက်နေတာလား...

ခိုင်ရဲ့လားမသိဘူးနော်...

Thursday, December 2, 2010

ယောင်္ကျားလေးများ စဉ်းစားရန်ပါ........

လက်မထပ်ခင်နှင့် လက်ထပ်ပြီးကာလ

သူသည် အလွန် လွမ်းမိုးမှု အားကောင်းသူတစ်ဦးဖြစ်သည့်တွက်သူမကသူ့ကိုရွေးချယ်လက်ထပ်ခဲ့ပါသည်။  သို့သော် နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့် လက်တွဲဖြုတ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် အရာရာကို လွမ်းမိုးချုပ်ကိုင်တတ်သူတစ်ဦး ဖြစ်သောကြောင့်ဖြစ်ပါသည် ။

သူသည် သူမကို သနားစရာကောင်းလွန်းသည့် အတွက် အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခဲ့ပါသည် ။ သို.သော် နောက်ပိုင်းတွင် အကူအညီမရ၊ အစစအရာရာ အားနည်းသည်ဟုပြောပြီးကွားရှင်းပြတ်စဲခဲ့ပါသည်။

သူမ သည် သူ.ကို လက်ထပ်ခဲ့ပါသည် ။ အဘယ်ကြောင့် ဆိုသော် သူသည် အိမ်ထောင်တစ်ခုကို ကောင်းစွာ ရပ်တည် နိုင်ဖို. အတွက် ၀င်ငွေအပြည့်အ၀ရအောင် ရှာနိုင်သောကြောင့် ဖြစ်ပါသည် ။ နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့် ကွာရှင်းပြတ်စဲခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုလူသည် ၀င်ငွေရရေး သူ့အလုပ်မှလွဲလို့ဘာမှစိတ်မ၀င်စားသောကြောင့်ဖြစ်သည်ဟု အကြောင်းပြခဲ့ပါသည် ။

သူသည် သူမကို လက်ထပ်ခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် သူမသည် သူ၏ မိခင်ကို သတိရစေသောကြောင့်ဖြစ်ပါသည် ။သို့သော် နောက်ပိုင်းတွင် ကွာရှင်းခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် သူမသည် နောက်ပိုင်းတွင် သူ့မိခင်နှင့် နေ့စဉ်နှင့်အမျှ ပိုတူလာသောကြောင့်ဟု အကြောင်းပြခဲ့ပါသည်။

သူမသည် သူ့ကို လက်ထပ်ခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကြော့ကြော့လေး နေတတ်ပြီး ချစ်တတ်သောကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့်ကွာရှင်းပြတ်ဆဲခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ပေါ့ပေါ့နေပြီး အချစ် စိတ်ကူးယဉ်လွန်းသောကြောင့်ဟု အကြောင်းပြပါသည် ။

သူသည် သူမကို လက်ထပ်ခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် သူမသည် တည်ငြိမ်ရင့်ကျက်ပြီး
ကျိုးကြောင်းညီညွတ်စွာ နေထိုင်တတ်သောကြောင့်ဖြစ်ပါသည် ။ နောက်ပိုင်းတွင် သူသည် သူမကို ကွာရှင်းပြတ်ဆဲခဲ့ပါသည် ။
အဘယ့်ကြောင့်ဆိုသော် သူမ နှင့်နေရသည်မှာ ပျင်းစရာ ကောင်းသောကြောင့်ဖြစ်သည်ဟု အကြောင်းပြခဲ့ပါသည် ။   ။

နည်းနည်းထူးထူးဆန်းဆန်းလေးတွေပါ....

Top 20 liberal pick up line

This one will blow your mind
Exotic Car Painting Art
90 degree can change everything

သူတို့တွေကျတော့ ချော့တတ်တယ်နော်.....

လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊
> စိတ်ကောက်တတ်တုန်း....
>
> တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က
> ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး
> သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့
> သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို
> သူလှည့်ပြန်လာခဲ့တယ်။
>
> တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့
> တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့
> မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားခဲ့တယ်။
>
> ည(၁၁)နာရီ သူမအိပ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံး အမှောင်ချထားဆဲပါ။
> သူ အိပ်ပျော်နေပြီလား? သူ ပြန်မလာသေးဘူးလား?
> လူခေါ်ဘဲလ်ကို မနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့ သူမပြင်တော့ တံခါးရွက်မှာ
> စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။ "ငါ့ကို နင်တောင်းပန်သင့်တယ်" လို့
> စာရွက်ပေါ် ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။
>
> အိမ်ထဲဝင်ပြီး မီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို
> သူမတွေ့ပြန်တယ်။ "မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင်
> တိုက်ပေးလည်းရတယ်" လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး
> "တိုက်စရာလား" လို့ အော်မိတယ်။
>
> ဖိနပ်ချွတ်ပြီး ဖိနပ်ကို စင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။
> "တိုက်စရာလား" လို့ ရေးထားတဲ့ စာတိုလေးကို ကြည့်ပြီး သူမပြုံးမိတယ်။
> စိတ်ထဲမှာလည်း "တောင်းပန်ရမယ် ဟုတ်လား? တစ်ပတ်လောက် ဂရုမစိုက်ဘဲ
> ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ..." လို့ တစ်ဆက်တည်း တွေးလိုက်မိတယ်။
>
> ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ သူမဝင်တော့ မှန်ပေါ်မှာ ကပ်ထားတဲ့
> စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ "ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင်
> စာအုပ်စင်ပေါ်က
> စာအုပ်မှာ သဲလွန်စရှိတယ်" လို့ ရေးထားတဲ့ စာကို တွေ့ပြန်တယ်။
>
> သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့
> ဖိထားတဲ့
> စာရွက်တစ်ရွက်ကို သူမ ယူကြည့်လိုက်တယ်။ "နောက်ကျောက စာနှစ်ကြောင်းကို
> အသံထွက်ပြီး ရွတ်ပြပါ" လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ
> လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို
> သူမတွေ့လိုက်တယ်။
>
> "လတိုင်း စိတ်ညစ်ရတဲ့ ရက်တွေရှိတာ မိန်းမသားတို့ သဘာဝပါ"
>
>
> ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး
> မခေါ်ဘဲပစ်ထားမယ်လို့ တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။
>
> ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်လိုက်တယ်။ တစ်ဖက်လှည့်ပြီး
> အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင်
> စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။
> စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။
>
>
> "နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ
> ချင့်ချိန်သင့်တယ်။ ငါ့ကိုနင် အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ
> ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကို မယားကြောက်ဆိုပြီး စဖို့ သူတို့က
> လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။
> ယောက်ျားပဲကွာ... အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊
> ဘယ်လောက်ပဲကြောက်ကြောက်
> အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို
> ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ"
>
>
> စာဖတ်ပြီး သူမ မှားသွားမှန်း သိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း
> တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့ စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကို
> ဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို
> တွေ့လိုက်ပြန်တယ်။
>
> စာရွက်ပေါ်မှာက "ငါ့ကို နမ်းပါ" တဲ့......
>

ဟာသပဒေသာ (၅)

အမေ့သား(၁)
ကိုချူချာ ဓါတ်ပုံဆရာကို ပြောသည် ။
” ဟိုမှာ အင်မတန်လှတဲ့ သစ်ပင်ကို တွေ.တယ်မဟုတ်လား ။
အဲ ..ကျနော့်ကို အဲဒီသစ်ပင်နဲ့ အတူတူ ဓါတ်ပုံ တစ်ပုံ ရိုက်ပေးစမ်းပါ ။”
“သစ်ပင်ဘေးမှာ ရပ်ပြီး ရိုက်မှာလား ။ ဒါမှမဟုတ် သစ်ပင်ပေါ်တက်ထိုင်နေတဲ့ပုံကို
ရိုက်ပေးရမှာလား ။”
“နိုး ..နိုး ..ကျနော် သစ်ပင်နောက်မှာ ပုန်းနေမယ် ။ရိုက်သာ ရိုက်လိုက် ။
အဲဒီ ဓါတ်ပုံ ကို
အမေ့ဆီ ပို.လိုက်မယ် ။ ဓါတ်ပုံကို ကြည့်ပြီး ဟဲ့ ..ငါ့ သားဘယ်မှာပါလိမ့်
လို. သူမေးလိမ့်မယ် ။
အဲဒီ အခါမှာ ကျနော် သစ်ပင်နောက်က ထွက်လာပြီး ဂွတ်မော်နင်း မေမေ လို.
နှုတ်ဆက်လိုမယ် ။
ဟဲ ..ဟဲ ။”
********************

အမေ့သား(၂)
အမျိုးသမီးတစ်ဦး သူမဧ။် ကျောင်းနေဘက်သူငယ်ချင်းကို ပြောပြနေသည် ။
“အိုင့်ယောက်ျားလေ အင်မတန်ကို စိတ်ညစ်စရာ ကောင်းတဲ့လူ သိလား ။ တစ်ချိန်လုံး
သူ. အမေအကြောင်းကိုပဲ သတိတရ ပြောနေတယ် ။ မေမေ ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ဘူး ။
မေမေ မြင်စမ်းချင်တယ် ။ မေမေဆို ကြိုက်မှာ မဟုတ်ဘူး ဆိုတဲ့ စကားပဲ
ကြားနေရတယ် ။ အမေကို
ရှေ.တန်းတင်လွန်းတယ် ။ အိုင့်ကို လုံးဝ ဂရုမစိုက်ဘူး ။အိုင် စိတ်ညစ်လှပြီ ။”
” မိန်းမ တစ်ယောက်အနေနဲ့ ယူ.ကို သူစိတ်ဝင်စားလာအောင် လုပ်ဖို.လိုတယ် ။ အဲဒါဆိုရင်
သူ.အမေကို သူ သတိရတော့မှာ မဟုတ်တော့ဘူး။ ညနေ သူရုံးကပြန်လာတဲ့အချိန်
သူ.ကို ဆွဲဆောင်နိုင်တဲ့
အ၀တ်အစားဝတ်ပြီး ကြိုကြည့်စမ်းပါ ။”
သူငယ်ချင်း အကြံပေးသည့် အတိုင်း တညနေတွင် အမည်းရောင် ဘရာဇီယာ ၊
အမည်းရောင် ခြေအိတ်နှင့်
အမည်းရောင် ဇာလက်အိတ်တို.ကိုဝတ်ပြီး ယောက်ျားကို ခရာတာတာ အမူအရာဖြင့်
ကြိုသည် ။ ယောက်ျားက သူ.ကို
မြင်မြင်ချင်း စိုးရိမ်တကြီး မေးသည် ။
“မင်း တစ်ကိုယ်လုံး အမည်းရောင်နဲ့ ပါလား ။ မေမေ ဘာဖြစ်လို.လဲကွ ဟေ ။”

*********************

အဖေ့ အမျိုး
ပီတာလေးက အမေ ကိုပြောသည် ။
” မေမေ .. ဖေဖေကပြောတယ် ။ လူဆိုတာ မျောက်ကနေဆင်းသက်လာတာတဲ့ ။
ဟုတ်သလား ဟင် ။”
” မသိဘူး သား ။ မင်း အဖေက မေမေ့ ကို သူ.မိဘတွေနဲ့ မိတ်မဆက်ပေးဖူးဘူးလေ ။”

ရုန်း ရင်း ကန် ရင်း

လေထန်တိုင်းသာ ပန်းကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မြေကြီး ကျန်မည်နည်း
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း
အမှောင်တ၀က် လင်းတ၀က်သည်
တစ်ရက်တစ်ခါကြုံမြဲသာတည်း
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ပူသောအေးသော နုသောကြမ်းသော
စောကြောစိတ်မှာ မနေသာပ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား....။   ။

ကဗျာဆရာ ကိုအေးငွေ
ငွေတာရီ မဂ္ဂဇင်း ၊ 1970 ပြည့် ဧပြီလထုတ်

Wednesday, December 1, 2010


စာဖတ်ခြင်းက ပြည့်ဝစေတယ်၊ ရေးသားခြင်းက တိကျစေတယ်၊ ဆွေးနွေခြင်းကအသင့်ဖြစ်စေတယ်။
Reading maketh a full man; conference a ready man; writing is an exact man.
( Francis Bancon-၁၆၂၅)


ကြိုက်နှစ်သက်ရာ စာအုပ်လေးတွေကို Download ယူနိုင်ပါတယ်... 


 တာယာမင်းဝေ

မနော်ဟရီ 

နီကိုရဲ 

မင်းလူ

မင်းခိုက်စိုးစံ

အကြည်တော်ဲ

မိုးဆက်လင်းထက် 

တက္ကသိုလ်ဘုန်းနိုင် 

ကွန်ပျူတာဆိုင်ရာ စာအုပ်များ 

ကျွန်တော် ဖတ်မိသမျှ စာအုပ်လေးတွေ

အောက်က Site များကတော့ အင်တာနက်ပေါ်က စာကြည့်တိုက်များပါ စာအုပ်ပေါင်းမြောက်များစွာကို အလွန်ကောင်းမွန်တဲ့ စေတနာနဲ့ အပင်ပန်းခံ စုဆောင်း မျှဝေပေးထားတဲ့ စေတနာရှင်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်များ တည်ထောင်ထားတဲ့ Online စာကြည့်တိုက်များပါ။ Site ထောင်ထားတဲ့ လူများရော ၀င်ရောက်ဖတ်ရှုမည့်သူများပါ ကျန်းမာစေကြောင်း ဆုမွန်ကောင်းတောင်းလျက် အောက်ပါ  စာကြည့်တိုက်များကို ၀င်ရောက်နိုင်ရန် ညွှန်းပေးလိုက်ပါတယ်.....