Showing posts with label စိတ်ဓာတ်ခွန်အား စကားစုများ. Show all posts
Showing posts with label စိတ်ဓာတ်ခွန်အား စကားစုများ. Show all posts

Monday, November 5, 2012

Happy Myanmar Traffic Police

တာဝန်သိခြင်းဆိုတာ ဘာလဲ သိသာတဲ့ ဗွီဒီယို ဖိုင်လေး တစ်ခုပေါ့ဗျာ။
သူရရှိမဲ့ လစာလေး၊ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်၊ ဒီလို စံပြလူမျိုးတွေ အများကြီးရှိသေးတာ မမေ့စေချင်ဘူးဗျာ။ အတုယူလေးစား မိပါတယ်။
နာဂစ်အပီးထူထောင်ရေးကာလမှာ တာဝန်သိစွာ ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ ဦးကြီးကို လေးစားစွာဖြင့်.. ပြန်လည်မျှဝေလိုက်ပါတယ်...



 credit to Zaw Lwin Win & uploader

Sunday, July 15, 2012

မှတ်သားစရာ သြ၀ါဒ

  • ဟုတ်မှန်ပေသိ၊ ကျိုးမရှိငှား၊ သူမကြားလို စကားကို ပြောဆိုမပြုရ။
  • မမှန်ပေသိ၊ အကျိုးရှိ၊ သူတည်းကြားလို၊ စကားကို ပြောဆိုမပြုရ။
  • မမှန်လွဲမှား၊ ကျိုးမဲ့ငြားလည်း၊ သူများနာလို စကားကို ပြောဆိုမပြုရ။
  • အမှန်မဲ့ငြား၊ ကျိုးမများ ၊ သူကားမလို စကားကို ပြောဆိုမပြုရ။
  • ဟုတ်တိုင်းမှန်ရာ၊ ကျိုးရှိပါလည်း၊ သူနာလိုငြား၊ ထိုစကား ပြောကြားအပ်သည်သာ။
  • ဟုတ်မှန်ပေငြား၊ အကျိုးများလို၊ သူကားမလို စကားကို ပြောဆိုအပ်သည်သာ။
  • ဟုတ်မှန်ကျိုးရ ပြောဆိုရလည်း ကာလဒေသ နှိုင်းချိန်မှ သုသာသိတ မင်္ဂလာ။ ။

Sunday, June 17, 2012

God keeps you going



တစ်ခါတုန်းက အရမ်းတော်တဲ့ တင်းနစ်ကစားသမားတစ်ဦးရှိတယ် ။ ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး သူဟာ ကမ္ဘာ့အတော်ဆုံးတင်းနစ်ကစားသမားလည်းဖြစ်ခဲ့တယ် ။ ဒါပေမယ့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ သူနေမကောင်းဖြစ်တာကိုကြုံခဲ့ရတယ် ။ အဲဒီအခါ သွေးအားနည်းပြီး သွေးသွင်းဖို့လိုတဲ့အတွက် သူ့သူငယ်ချင်းတစ်ယောက်ဆီကနေ သွေးလက်ခံခဲ့တယ်။ဆိုးရွားလွန်းတဲ့ကံကြမ္မာပါပဲ ။ သူလက်ခံခဲ့တဲ့ သွေးဟာ HIV ပိုးရှိနေခဲ့တဲ့အတွက် သူ့မှာပါ အဲဒီရောဂါပိုးကူးစက်ခံခဲ့ရတယ် ။ ဒီလိုနဲ့ မကြာခင်အချိန်အတွင်းမှာ AIDS ရောဂါဆိုးကြီးဖြစ်ပေါ်လာခဲ့ပြီး သူ့ဘ၀ရဲ့နေ၀င်ချိန်ကို ရောက်လာခဲ့ရပါတယ် ။

တစ်နေ့မှာတော့ သူ့ကို ချစ်ကြတဲ့ များစွာသော ပရိတ်သတ်တွေထဲကနေ စာတွေပို့တဲ့အထဲက စာတစ်စောင်ကို သူဖတ်လိုက်တယ် ။

“ ဘုရားသခင်က ခင်ဗျားကိုမှ ရွေးပြီးဘာကြောင့် ဒီရောဂါ ဆိုးကြီးဖြစ်စေရတာလဲ ” လို့ရေးထားတာကိုတွေ့လိုက်တယ် ။ ဒီတော့ သူက အဲဒီလူကို ပြန်စာပို့လိုက်တယ် ။ စာထဲမှာ သူရေးထားတာကတော့

“ ကမ္ဘာမြေကြီးမှာ သန်းပေါင်းငါးဆယ်သော ကလေးတွေဟာ တင်းနစ်စကစားနေကြပြီ၊ ငါးသန်းလောက်သော လူတွေက တင်းနစ်ကစားဖို့သင်ယူနေကြတယ် သန်းတစ်ဝက်လောက်ကတော့ ပရော်ဖက်ရှင်နယ်အဖြစ်သင်ယူကြတယ် အဲဒီမှာမှ တကယ့်တန်းဝင်ကစားဖြစ်တာက လူပေါင်းငါးသောင်းလောက်ပဲရှိတယ် ။ ငါးထောင်လောက်ကတော့ ပြိုင်ပွဲတွေဆီရောက်ပြီး ငါးဆယ်လောက်ကတော့ လက်ရွေးစင်တွေဖြစ်သွားကြတယ် ။ ၄ ယောက်လောက်သာ ဆီမီးဖိုင်နယ်တက်နိုင်ပြီး နောက်ဆုံး ၂ သာ ဖိုင်နယ်မှာတွေ့ကြတယ် ။ အဲဒီမှာမှ ကျွန်တော်ဟာ ဆုဖလားကိုင်မြှောက်ခွင့်ရတဲ့တစ်ဦးတည်းသောလူဖြစ်ခဲ့တယ် ။ အဲဒီတုန်းကတော့ ကျွန်တော်က ဘုရားသခင်ကို “ ဘာကြောင့်လဲ ” ဆိုတဲ့မေးခွန်းမမေးခဲ့ဘူး ။

အခု လည်း ဒီနေ့မှာ ကျွန်တော်ခံစားနေရတဲ့ ဝေဒနာတွေကို “ ဘာကြောင့်လဲ ” ဆိုတဲ့မေးခွန်း ဘုရားသခင်ကို မမေးသင့်ဘူးမဟုတ်လား ”

@@@@@@@@@@@@@@@@@@@@@

ပျော်ရွှင်မှုဟာ သင့်ကိုချိုမြိန်အောင်ပြုလုပ်ပေးတယ် ။ လေ့ကျင့်မှုတွေက သန်မာအောင်လုပ်ပေးပြီး ၀မ်းနည်းမှုတွေက သင့်ကို လူသားဆန်စေတယ် ။ ရှုံးနိမ့်မှုတွေက သင့်ကိုထောင်လွှားမှုမရှိအောင်ပြုလုပ်ပေးသလို အောင်မြင်မှုဆိုတာကလည်းသင့်ကို ပီတိကိုဖြစ်စေတယ် ။ ဒါပေမယ့်ဘုရားသခင်ကတော့ သင့်ကို “ သွားမြဲ သွားစေလျှက် - လျှောက်မြဲလျှောက်စေလျှက် ” ပါပဲ ။

အမြင့်ဆုံးအချိန်ကိုရောက်ပြီး ကောင်းမွန်တဲ့ကံကြမ္မာကိုလက်ခံပြီးပြီဆိုရင် အနိမ့်ဆုံးကိုရောက်ပြီး ဆိုးရွားတဲ့ကံကြမ္မာတွေကိုလည်းလက်ခံနိုင်စွမ်းရှိရမယ်မဟုတ်ပါလား ။

သက်တန့်ချို
God keeps you going အား ဘာသာပြန်ခံစားသည် ။

Arthur Ashe, the well known legend player of tennis was dying of AIDS. He got this disease in 1983 by infected blood transfusion during heart surgery. He received numerous letters from his fans all over the World.One of his fans wrote him in gloomy words “why god selected you for such a bad disease”? Arthur Ashe, replied his fan and wrote him in following words,“All over the world 5 crore children start playing tennis,Out of them 50 lacs learn to play tennis,Out of them 5 lac learn professional tennis,Out of them 50,000 come to the circuit,Out of them 5000 reach the grand slam,Out of them 50 reach Wimbledon,Out of them 4 reach to semifinal2 of them reach to the final match,When I was holding a cupI never asked my GOD" Why Me"?And today in pain, I should not be asking Him "Why me?Happiness keeps you SweetTrials keep you StrongSorrow keeps you humanFailure keeps you humbleSuccess keeps you glowingBut only GOD keeps you going and going>>>>>>

Arthur Ashe (49-years-old): July 10, 1943 – February 6, 1993Arthur Ashe won three Grand Slam titles, including a shock win over Jimmy Connors at Wimbledon in 1975, five years after his last win. He died of AIDS-related pneumonia in 1993 after contracting the disease via a blood transfusion.


Tuesday, May 15, 2012

စိတ်ဓာတ်ခွန်အား စကားစုများ (၃)

တရုတ်လူမျိုးတို့ ၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။
သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို့ သော် ယင်းတို့ သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။


၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။
 

၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့
၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။

၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။


၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။
 

၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို
  ကြည့်ပြီးမှပြောပါ။

၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီး မှ လက်ထပ်ပါ။
 


၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။

၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို  ဘယ်သောအခါမှပြက်ရယ်မပြုပါနှင့်။
      မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်  အများကြီးမအောင်မြင်နိုင်။

၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း
      အချစ်သည် ဘ၀မှာပိုပြီးပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်းမပြုပါနှင့်။

၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။

၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။

၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါပြုံးပြီးမေးလိုက်ပါ။ 
       “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။

၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာနက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်
       ကိုသတိရပါ။

၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။

၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကိုမထိခိုက်ပါစေနှင့်။

၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။

၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
       သင့်အသံထဲမှာ   ကြားရပါလိမ့်မယ်။

၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။


From FWD mail.

Monday, April 9, 2012

ဒေါသစိတ်ကို လေနဲ့အတူလွင့်ပါးပါစေ

တစ်ခါက လူတစ်ဦးရှိတယ်။ သူဟာ တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရလို့ ဒေါသထွက်တိုင်း အိမ်ကိုအမြန်ပြန်ပြေးပြီး နေအိမ်ကို ၃ပတ်ပတ်တတ်တယ်။ သူဟာ အလုပ်အရမ်းကြိုးစားသူဖြစ်တာကြောင့် နေအိမ်သေးလေးကနေ အိမ်ကြီး၊ ခြံမြေကြီးတွေကို ပိုင်ဆိုင်ခဲ့တယ်။ နေအိမ်ဘယ်လောက်ကြီးကြီး တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရတိုင်း သူဟာ နေအိမ်နဲ့ခြံမြေကို ၃ပတ်ပတ်တိုင်းဖြစ်တယ်။


ရန်ဖြစ်တိုင်း၊ ဒေါသထွက်တိုင်း နေအိမ်နဲ့ ခြံမြေတွေကို ၃ပတ်ပတ်တတ်တဲ့သူ့ကို မိတ်ဆွေတွေက နားမလည်ခဲ့ဘူး။ ဒါကို မိတ်ဆွေတွေက ဘယ်လိုမေးမေး သူပြန်မရှင်းပြခဲ့ဘူး။


နောက်တော့ အသက်ကြီးပြီး တဖြေးဖြေး သူအိုမင်းလာခဲ့တယ်။ ပိုင်ဆိုင်တဲ့ခြံမြေကလည်း ပိုပိုကျယ်လာခဲ့တယ်။ ဒါတောင် သူဟာ ဒေါသထွက်တိုင်း တုတ်ကောက်ကိုကိုင်ပြီး ခြံမြေကို ၃ပတ်ပတ်တုန်းဖြစ်တယ်။ ကျယ်ပြန့်တဲ့ခြံမြေကို သူပတ်ပြီးရင် နေလည်းဝင်ပါပြီ။


တစ်နေ့မှာ မြေးဖြစ်သူက သူ့ကို မေးတယ်။


"ဘိုးဘိုး အသက်ကြီးပြီ။ ဒီပတ်ဝန်းကျင်မှာ အဘိုးပိုင်တဲ့ခြံမြေက အကျယ်ဆုံးပဲ။ ဒါကြောင့် အရင်ကလို ဒေါသထွက်တိုင်း အဘိုးခြံတွေကို မပတ်သင့်တော့ဘူး။ အဘိုးဘာဖြစ်လို့ စိတ်တိုဒေါသထွက်တိုင်း နေအိမ် ခြံတွေကို ၃ပတ်ပတ်ရတာလဲ? မြေးကို ပြောပြပါ"


မြေးရဲ့တောင်းဆိုမှုကြောင့် နှစ်လကြာ ရင်ထဲထည့်သိမ်းထားတဲ့ လျှို့ဝှက်ချက်ကို သူပြောပြလိုက်တယ်။


"အဘိုး ငယ်ရွယ်စဉ်တုန်းက တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်တိုင်း နေအိမ်ကို ၃ပတ်ပတ်တယ်။ ပတ်နေတုန်းမှာ စဉ်းစားတယ်။ ငါ့အိမ် ဒီလောက်ငယ်တာ၊ ပိုင်တဲ့မြေ ဒီလောက်နည်းတာ တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်ဖို့ ဘယ်မှာအချိန်၊ ဘယ်မှာအရည်အချင်းရှိလိမ့်မလဲ? ဒီလိုစဉ်းစားလိုက်ရင် ဒေါသစိတ်ကပြေသွားတယ်။ ကျန်ရှိနေတဲ့အချိန်နဲ့ အလုပ်ကို ပိုကြီးစားလုပ်လိုက်တယ်"


"ဒါပေမယ့် အခု ဘိုးဘိုးအသက်ကြီးပြီ ပိုင်ဆိုင်တဲ့ခြံမြေတွေလည်း ကျယ်သထက်ကျယ်လာခဲ့ပြီ။ ဒါတောင် ဘိုးဘိုးက စိတ်တိုတိုင်း ခြံမြေတွေကို ပတ်တုန်းပဲ။ ဘာဖြစ်လို့လဲ?"


"ဒီအရွယ်ရောက်လည်း ဘိုးဘိုးစိတ်တို ဒေါသထွက်တတ်တုန်းပဲ။ စိတ်တိုလို့ အိမ်ခြံကို ၃ပတ်ပတ်တိုင်း ဘိုးဘိုးစဉ်းစားတယ်။ ငါ့အိမ်ဒီလောက်ကြီးတာ၊ ငါ့ခြံဒီလောက်ကျယ်တာ တခြားလူနဲ့ မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်နေဦးမလဲပေါ့။ အဲဒီလို စဉ်းစားလိုက်ရင် ဒေါသစိတ်က ပြယ်သွားတယ်"


အဘိုးအိုဟာ ဘဝကိုနားလည်တဲ့ အသိဉာဏ်ရှိသူဖြစ်တယ်။ ဒေါသစိတ်ကို ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာကို သိသူဖြစ်တယ်။


လူတွေဟာ စိတ်တိုဒေါသထွက်နေချိန်မှာ မကောင်းတဲ့စိတ်ခံစားချက်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဟိုမုန်း ဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကို ထုတ်လွတ်တတ်တယ်။ ဒါတွေက ခန္ဓာကိုယ်ကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။ စိတ်ပညာရှင်တစ်ဦးက ရေခဲရေဖန်ခွက်ထဲ ဖန်ပိုက်တစ်ချောင်းထိုးထည့်ပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ အစမ်းသပ်ခံသူက ဖန်ပိုက်ထဲ အသက်ရှုထုတ်လိုက်တယ်။ ရှုသွင်းလိုက်တဲ့လေက ရေခဲပိုက်ထဲ အစိုင်အခဲအဖြစ် စုထွေးသွားတယ်။ သာမန်စိတ်နဲ့လူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲက ကြည်လင်ပြီး အရောင်၊ အဆိပ်မရှိဘူး။ စိတ်တိုဒေါသထွက်နေသူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲမှာတော့ အဆိပ်တွေရှိနေတာကို တွေ့ရတယ်။ တစ်နာရီလောက် ရှုထုတ်တဲ့အစိုင်အခဲက လူကိုတောင် သေစေနိုင်တယ်လို့ ဆိုပါတယ်။


စိတ်တိုဒေါသထွက်ရင် တခြားသူနဲ့ အလွယ်တကူ ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူကြောင့်ဖြစ်ဖြစ် အလွယ်တကူ ဒေါသမထွက်သင့်ပါဘူး။


ဒေါသစိတ်ကို ဖြေလျော့နည်းတချို့က...
(၁) စိတ်တိုဒေါသထွက်ရတဲ့ ရင်းမြစ်ကို အရင်ဆန်းစစ်ပါ။ ရည်ရွယ်ချက်ဖြစ်မြောက်ချင်ရင် တခြားနည်းကို စိတ်အေးအေးနဲ့ တွေးတောပါ။


(၂) ရေတွက်တာဖြစ်ဖြစ်၊ အနှေးပြေးဖြစ်ဖြစ်၊ လူမရှိတဲ့အရပ်မှာ အသံကုန်အော်ဟစ်တာမျိုးဖြစ်ဖြစ် စိတ်ထွက်ပေါက်ကိုရှာပါ။ ကိုယ့်ကိုယ်ကို စိတ်ဖိအားအရမ်းမပေးပါနဲ့။


(၃) သူ့ဖက်ကနေပြီး ပြဿနာကို တွေးတောကြည့်ပါ။


(၄) မေတ္တာရနိုင်တဲ့ နည်းမျိုးကိုရှာပါ။


(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ရင်ဘတ်ကျယ်ကျယ် ထားပါ။


(၆) မကျေနပ်တာကို အမှန်အတိုင်း ရိုးသားမှုအပြည့်နဲ့ တာဝန်သိသိပြောပါ။ စိတ်တိုဒေါသထွက်တဲ့နည်းကို အသုံးမပြုပါနဲ့။


(၇) ကိစ္စရပ်ကို ဖြေရှင်းပါ။ ပုဂ္ဂိုလ်ရေးကို မထိခိုက်ပါနဲ့


(၈) အတွေ့အကြုံ သင်ခန်းစာကို ရယူပါ။ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။


စိတ်တိုဒေါသစိတ်တွေ လေနဲ့အတူ လွင့်ပါးခွင့်ပေးလိုက်ပါ....




မူရင်း-- Hu Bao Lin (胡寶林)ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက ဖြစ်ပါတယ်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Saturday, February 18, 2012

Harvard University




ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် (၃၃)ဦး၊ အမေရိကန်သမ္မတ (၇)ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ့ မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက်    အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

By: Hao Zane

Sunday, October 30, 2011

စိတ်ဓာတ်ခွန်အား စကားစုများ (၂)

၁။ လူတစ်ယောက်ဟာအလုပ်ပိုလုပ်လေလေ နောက်ထပ်ပိုလုပ်ချင်လာလေလေဖြစ်တယ်။
     The more one works, the more willing one is to work.

၂။ အလုပ်ဟာလူသားများအတွက်စည်ပင်သာယာရေးအတွက်ရေသောက်မြစ်ဖြစ်တယ်။
     လူ့ဘဝရဲ့အခြေခံဖြစ်သောအလုပ်ကိုရှောင်လွဲလို့မဖြစ်နိုင်ပါ။
     Work is the inevitable condition of human life, the true source of human welfere.

၃။ ဘုရားရှင်ဟာငှက်သတ္တဝါတိုင်းကိုအစာပေးတယ်။သို့သော်ငှက်သိုက်အတွင်းသို့ အစာကိုပစ်မသွင်းပေးပါ။
God gives every bird its food, but he does not throw it into the nest.

၎။ အလုပ်လုပ်ခြင်းသည်ရှက်ဖွယ်မဟုတ်။ပျင်းရိထိုင်းမှိုင်းခြင်းသာရှက်ဖွယ်ရာဖြစ်တော့တယ်။
Work is no disgrace, it is idleness which is a disgrace.

၅။ ဘာမှမလုပ်ပဲအားနေခြင်းစာအသိဥာဏ်ကိုသံချေးတက်စေတယ်။
Idleness makes the wit rust.

၆။ ပိုက်ဆံဟာနိဗာန်ပေါ်မှ ကျလာတာမဟုတ်။ကမ္ဘာမြေပေါ်တွင်အလုပ်လုပ်ပြီးမှရယူရတယ်။
Money does not come from heaven.It has to be earned here on earth.

၇။ကိုယ်ကြိုက်တာလုပ်ရလျှင် ပျော်ရွင်မှုကိုရနိုင်တယ်လို့ထင်ကြတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကိုကြိုက်လာမှတကယ့်ပျော်ရွင်မှုကိုရနိုင်တယ်။
Your happiness lies not in doing what you like but in liking what you have to do.

၈။ လုပ်စရာတွေအများကြီးရှိသူ။ လုပ်ချင်စိတ်လည်းရှိသူမှာ အချိန်အများဆုံးရှိတယ်။
Those who have most to do, and are willing to work,will find the most time.

၉။ ပျိုရွယ်ချိန်ဟာတစ်စုံတစ်ခုပြုလုပ်ရန်နှင့်တစ်စုံတစ်ဦးဖြစ်လာနိုင်စေရန်အခွင့်ကောင်းဖြစ်တယ်။
Youth is the opportunity to do something and to become somebody.

၁၀။ အစားကိုလည်းမြန်မြန်စား၊ အလုပ်ကိုလည်းမြန်မြန်လုပ်။
Quick at meat, quick at work.

၁၁။ပစ္စည်းဥစ္စာအသင့်အတင့်ရှိသူတွေကလောက်ကမှာအရေးကြီးဆုံးဟာချစ်ခြင်းမေတ္တာလို့မှတ်ယူကြတယ်။
မရှိဆင်းရဲတဲ့လူတွေကတော့ ငွေလို့ပဲသိထားကြတယ်လေ။
Those who have some mean think that the most important thing in the world is love. The poor know that it is money.

၁၂။အောင်မြင်မှုဆိုတာစောင့်ဆိုင်းရမည့်အရာမဟုတ်။ ဆောင်၇ွက်ရမည့်အရာသာဖြစ်တယ်။
Success is not something to wait for; it is something to work for.

၁၃။ အခြားလူများလုပ်ရန်ခက်ခဲ့သည့်အလုပ်ကိုလွယ်ကူစွာလုပ်နိုင်ခြင်းမှာ အထူးကျွမ်းကျင်မှုဖြစ်ပြီး မဖြစ်နိုင်သည့်အရာကိုလုပ်နိုင်ခြင်းမှာပါရမီသာဖြစ်တယ်။
Doing easily what others find difficult is talent; doing what is impossible for talent is genius.

၁၄။ လူသားတို့ဧ။်လုပ်ရပ်များသည် အတွေးအခေါ်များရဲ့အကောင်းဆုံးစကားပြန်များပဲဖြစ်တယ်။
The actions of man are the best interpreters of their thoughts.

၁၅။ အလွန်အလုပ်များသောသူဟာ ဆယ်ခါတစ်ခါ သူ့ရဲ့အယူအဆကိုပြောင်းတတ်တယ်။
A man who is very busy seldom changes his opinions.

၁၆။ ငွေဆိုတာလူတို့ရဲ့ဘ၀ကိုသရုပ်သကန်ဖော်ထုတ်ပေးနေတဲ့အရာတစ်ခုပါ။ ရလိုက် ၊ ဆုံးရှုံးလိုက် ၊လိုအပ်လိုက်၊ မြတ်နိုးလိုက် ၊
အသက်ပေးလိုက်နှင့်ပဲသံသရာလည်နေကြတာပါပဲ၊
Money is what life is all about getting it loosing it needing it loving it and dying for it.

၁၇။ ဥစ္စာရင်လိုဥစ္စာရင်ခဲ။
Command your man and do it yourself.

၁၈။ အရက်သမားရဲ့ပိုက်ဆံအိတ်ကအရက်ပုလင်းဖြစ်တယ်။
A drunkard's purse is bottle.

၁၉။ ပေးရခြင်းထက်ပေးကမ်းခြင်းကသာလွန်ကောင်းမွန်တယ်။
Better give have to give.

Wednesday, July 27, 2011

စိတ်ဓာတ်ခွန်အား စကားစုများ ...



သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည် ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။
(မာဇင်နီ )


လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။ 
( ဆာဗန်တီ )


တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ 
( ဒီဆိုင်ရပ်အီးရပ်မတ် )


ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။ ( အရစ်စတိုတယ် )


မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။
( နီကီတာခရုရှက် )


အကောင်းဆုံးသော သာယာချမ်းမြေ့မှုမှာ ကောင်းမွန်သည့်အလုပ်ကို လူမသိအောင်လုပ်ပြီး ထိုသို့လုပ်သည်ကို အမှတ်တမဲ့ သိသွားစေခြင်းပင်ဖြစ်တယ်။
( ကစ်ပလင်း )


လျှို့ဝှက်နက်နဲခြင်းက သင့်အား လှည့်ဖြားပေလိမ့်မယ်၊ ရိုးသားဖြောင့်မတ်တည်ကြည်ခြင်းက ဘယ်တော့မှ မလှည့်ဖြားပါ။ 
(အိုလီဗာခရွှန်းဝဲ )


ဥာဏ်ပညာရှိကြောင်း အသေချာဆုံးဖော်ပြသည့်အချက်မှာ အမြဲစိတ်ကြည်လင် ချမ်းမြေ့နေခြင်းပင် ဖြစ်တယ်။ 
( မစ်ချယ်ဒီမွန်တေဂျင် )


သန္နိဋ္ဌာန် ချရာ၌ နှေးပါ။ လုပ်ဆောင်ရန်၌ မြန်ပါ။
( ဂျွန်ဒရိုင်းဒန် )


ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးပဲ မိမိဘာသာမိမိ ရပ်တည်သောသူသာလျှင် အတော်ဆုံးလူဖြစ်တယ်။ ( ဟင်းရစ်အစ်ဆန် )


 လူယုတ်မာများသည် ကြောက်ခြင်းတရားအား နာခံကြ၍ လူကောင်းသူကောင်းများမှာ မေတ္တာတရားကို နာခံကြတယ်။ 
(အရစ်စတိုတယ် )


အမှန်တရားသည် ပြောသူအား ဘယ်တော့မှ ထိခိုက်နစ်နာစေခြင်းမရှိ။
(ရောဘတ်ဘရောင်းနင်း )


သင်သောကဖြစ်နေသောအရာအားလုံးကို ရေးချပြီးသောအခါ ခဲတံတစ်ချောင်းကိုယူ၍ အရေးမကြီးသော အရာများကို ဖျက်ပစ်ပါ။ ထိုအခါ တစ်ကယ်သောကဖြစ်စရာ အနည်းငယ်သာ ကျန်တော့တာ တွေ့ရပေမယ်။ 
( ဟားဗတ်အင်ကက်ဆင် )


လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာ အရေးကြီးတယ်။ 
( ဟိုးမား )


ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏ အကောင်းဆုံး ဆရာဝန်နှစ်ဦး ဖြစ်တယ်။ ( ဂျေ၊ဂျေ၊ ရူးဆိုး )


အချိန်နဲ့ ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကို ပေးတယ်။ (သောမတ်ဟောဘ် )


အမှန်တရား၌ သတ္တိရှိခြင်းဟာ တွေးခေါ်ခြင်းဆိုင်ရာ လေ့လာဆည်းပူးမှု၌ ဦးဆုံးလိုအပ်သော အရည်အသွေးဖြစ်တယ်။ 
( ဂေဟယ် )


သည်းခံခြင်းသည် အကောင်းဆုံး ဘာသာတရားပင်ဖြစ်တယ်။ 
( ဗစ်တာဟူဂို )



ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနှင့် ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။
( အယ်လင်နွာရုစဗဲ့ )



ပညာဖြင့် ဆုံးဖြတ်၍ သည်းခံခြင်းဖြင့် လုပ်ဆောင်ပါ။ 
( ရစ်ချယ်လူ )


 ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒ မရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့ အရာများကို လုံးဝမပြုလုပ်နိုင်ကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ပြောဆိုရပေမယ်။ 
( ဂေဟယ် )


မှတ်ဥာဏ်ကောင်းစေသောနည်းက အာရုံစိုက်ခြင်းပင်ဖြစ်တယ်။ ( ဟိုးမား )


အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်၊ သို့သော်မလုပ်တတ်ပဲနှင့် လုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလည်း ကောင်းလှတယ်။ 
( ပလူးတက် )



ကံဆိုးမှုများဟာ တစ်ခါတစ်ရံ၌ ထူးခြားသော အစွမ်းအစများ ဖြစ်ပေါ်စေတယ်။ 
( အိုဗစ်တပ်နိုဆော့ )


 စကားပြောမှာ စကားကို တိုတိုနဲ့ လိုရင်းပြောခြင်းဟာ စကားပြောကောင်းခြင်းရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုပင် ဖြစ်တယ်။ 
(စီဆာဂို )


လုပ်ငန်းအောင်မြင်၍ ငွေကြေးချမ်းသာလိုရင် ပူပန်သောက ပွားတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရပါမယ်၊ သောကဟာ စိတ်ဓါတ်နဲ့ အားမာန်ကို ထိခိုက်ပျက်ပြားစေနိုင်တယ်။               ( ဟားဗတ်အင်ကတ်ဆင် )


ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင် မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။
( အက်ဒွတ်ဂစ်ဘွန်း )


 ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်သည်။
( ဖရက်ဒရစ်ရှီလာ )


အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်။
( အာဒီ )


 ပူပန်ခြင်းသည် ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်။ ကြောက်ရွံ့ခြင်းဟူသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်ချည်းပင်၊ ကြောက်ရွံ့ခြင်းစိတ်ကို ပယ်ဖျောက်နိုင်သောသူအဖို့ နေ့စဉ်ဘ၀၌ ကြုံတွေ့နေရသော ပင်ပန်းနွမ်းနယ်မှု အများအပြား ပပျောက်သွားပေလိမ့်မည်။ 
(ဘာထရန်ရပ်ဆဲလ် )


လောကတွင် မိမိလုပ်လိုသော အလုပ်ကို အကောင်အထည်မဖော်လိုက်ရပဲ သေသွားသူလောက် စရာ ကောင်းသူမရှိပေ။ လူသည် ဒုက္ခကိုနိုင်နင်းသော စိတ်ထားရှိမှသာ အောင်မြင်မှုကို ရနိုင်ပေသည်။ 
( အမည်မသိစာဆို )


 ကျွန်ုပ်တို့သည် ဘာမဆိုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုကို လိုလားပါက ထိုစိတ်အတိုင်း အားကြိုး မာန်တက်လုပ်လိုက်ပါ။ ကျိန်းသေအောင်မြင်ရမည် မလွဲတည်း။ ( ဆင်မြူရယ်ခန်း )


မည်မျှပင် ပညာတွေတတ်တတ်၊ ပစ္စည်းတွေရှိရှိ အတွင်းစိတ်ဓါတ်မကြံ့ခိုင်လျှင် ကျဆုံးမည်ဖြစ်၏။ ပစ္စည်းမဲ့၍ ဥစ္စာနွမ်းပါးသူဖြစ်စေဦး၊ စိတ်ဓါတ်ကြံ့ခိုင် ဇွဲလုံလ၀ီရိယ ရှိလျှင် အောင်မြင်မည် အမှန်၊ အောင်မြင်ရေးလျှို့ဝှက်ချက်ဟူသည် လွယ်ကူရိုးထုံးစံမရှိ၊ ရရှိသောအခွင့်အရေးနှင့် အချိန်ကာလကို အရအမိယူနိုင်ခြင်းသာ အဓိကဖြစ်၏။ 
( xxx )


ရယ်မောပျော်ရွှင်၍ စိတ်ကြည်လင်နေလျှင် သင့်ကိုယ်တွင်းမှ   ရောဂါများ ပျောက်ကင်းသွားပေလိမ့် မည်။ လူသည်ဝမ်းသာခြင်းနှင့် ၀မ်းနည်းခြင်းကို တပြိုက်တည်း ထိတွေ့မခံစားနိုင်၊ တစ်ခုပြီးမှ တစ်ခုခံစား၍ရသည်။ ဤသည်မှာ စိတ်တို့၏ ထူးထွေ ဆန်းပြားသောသဘောဖြစ်သည်။
( xxx )


လူတစ်ယောက်သည် မိမိ၏ ဘ၀ခရီးလမ်းကို ဖြောင့်ဖြူးလိုစိတ် မရှိဘဲနှင့် တိုးတက်နိုင်မည် မဟုတ်ပေ။ မည်မျှပင် တစ်ပါးသူက ကူညီပါစေ အချည်းနှီးသာဖြစ်ပေလိမ့်မည်။
( xxx )



တည်ငြိမ်၍ အနှောက်အယှက်ကင်းမဲ့ခြင်းသည် ကြီးမားမြင့်မြတ်သော စိတ်၏သဘာဝဖြစ်၏။
( ဂရိတ်ပညာရှိဆီနဲကား )


နေ၏အရောင်ကို အပေါက်ငယ်ကလေးများမှ မြင်ရသည့်နည်းတူ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် သဘောသက္ကာယတို့ကို သူနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စကလေးများမှ ထင်ရှားစွာ သိမြင်နိုင်ပေသည်။
( ကြီးပွားရေးကျမ်းပြုဆရာကြီးဆင်မြူရယ်စမိုင်း )


သူတစ်ပါး၏ အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြု၍ ဘ၀တာသည် ရန်ညိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထို့ထက် သဘောထား သေးသိမ်ခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းသည် သာ၍ တိုတောင်းသည်။ 
( ဖီးလစ်ဘရက်စ် )


လူသုံးမျိုးသာရှိသည်။ ထိုလူသုံးမျိုးမှာ တိုးတက်နေသောသူ၊ ရပ်တန့်နေသောသူ၊ ဆုတ်ယုတ်နေသောသူ ဟူ၍ ဖြစ်သည်။ 
( လာဗာတာ )


လူယဉ်ကျေး ပီသသည်၊ မပီသသည်ကို သိလိုလျှင် လူသည် သူ့အတွက် အသုံးမ၀င်သည့် နိမ့်ကျသူများအား ရိုသေပါ၏လားဟု စိစစ်ပါ။ 
( ဖလ်လစ် )



လူသည် ကောင်းလွန်းလျှင် ဘေးဖြစ်သည်။ 
( ဘားနဒ်ရှော )


ဘ၀သည် တိုတောင်း၏။ အတတ်ပညာသည် ရှည်လျား၏။
( လက်တင်စကားပုံ )


သေရမှာ ကြောက်သည်ထက် ခံစားရသောအခါ၌ ပိုပြီးသတ္တိရှိရန်လိုသည်။
( နပိုလီယံ )


မေတ္တာသည် သစ္စာ၏ ရေသောက်မြစ်ဖြစ်၍ သစ္စာသည် မေတ္တာ၏ အပွင့်အဖူးဖြစ်လေသည်။ မေတ္တာတည်းဟူသော ရေသောက်မြစ်ခိုင်မြဲမှသာလျှင် သစ္စာတည်းဟူသော အပွင့်အဖူးသည် ငွားငွားစွင့်စွင့် ပွင့်လန်းနိုင်ပေသည်။ သို့သော် မေတ္တာတည်းဟူသော ရေသောက်မြစ်သည် သစ္စာတည်းဟူသော အပွင့်အဖူးမရှိက မတင့်တယ်ပေ။ 
( အာရပ်စကားပုံ )



ဆုံးရှုံးပြီးမှ တန်ဖိုးသိရသော အရာနှစ်ခု၇ှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းပင်ဖြစ်သည်။ 
( အာရပ်စကားပုံ )



 ရိုးသားမှုသည် အကောင်းဆုံးသော ကျင့်သုံးမှုဖြစ်၏။
( အင်္ဂလိပ်စကားပုံ )


ကာလကြာရှည်စွာ နေရုံဖြင့် အိုလာသည်ဟု မဆိုအပ်။ မိမိခံယူချက်များကို စွန့်ပစ်သူများကိုသာ အိုစာတတ်သည်။ အချိန်က ပါးရေကိုပဲ တွန့်စေသည်။ စိတ်ဝင်စားမှုကို ပယ်လိုက်လျှင်ကား စိတ်ဓါတ်ပါ ရှုံတွသွားတော့သည်။ 
( မက်အာသာ )


သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးပင်ဖြစ်သည်။
( အိပ်ဂျီဘုန် )


(၄၉) အနုပညာဟူသည် သိပ္ပံပညာထက် အဆင့်အတန်းမြင့်၏။ သိပ္ပံပညာက ရှာဖွေသည်။ အနုပညာက ဖန်တီးသည်။ 
( ဂျွန်အိုပီး )


သစ္စာတရားဆိုသည်မှာ အတွေ့အကြုံနှင့် စမ်းသပ်မှုကို ခံနိုင်သောအရာဖြစ်၏။
( xxx )


အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေမည်သာပင်။
( အာရပ်စကားပုံ )


သတ္တိ ဗျတ္တိရှိသော ရန်သူကို မကြောက်ပါနှင့်၊ မာယာ ဥာဏ်များသော၊ လှည့်ပတ်လိမ်ကောက်သော မိတ်ဆွေကို ကြောက်ပါ။ 
( အဂ္ဂါး )


အများကောင်းကျိုးကို သင်ကြည့်တတ်လျှင် အများကလည်း သင့်ကောင်းကျိုးကို ပြန်လည်ကြည့်တတ်မည်ကား မလွဲပါ။ 
( အဂ္ဂါး )



                                                      သူငယ်ချင်းများအားလုံး စိတ်ခွန်အားတွေ ရရှိနိုင်ကြပါစေ…


Reference: Kabar Thit Website