ဓာတ်ပုံလေးတွေပို့ရင် အဆင်ပြေအောင်လို့ပါ....
ကျွန်တော်တို့ မေးလ်ပို့တဲ့အခါတွေမှာဖြစ်ဖြစ် Upload တင်တဲ့ အခါတွေမှာဖြစ်ဖြစ် ပုံတွေအရမ်းဆိုဒ်ကြီးနေတဲ့ အတွက်ကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။ အဲဒီဓါတ်ပုံလေးတွေကိုပဲ Size ချုံ့ပြီးပို့ရင်တော့ အဆင်ပြေနိုင်ပါတယ်။ ပုံအရည်အသွေးကလည်း အရင်အတိုင်းပဲမို့လို့ အဆင်ပြေနိုင်ပါတယ်။ ဘယ်လိုချုံ့ရမယ်ဆိုတာကိုလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ မသိသေးတဲ့ မိတ်ဆွေရောင်းရင်းများအတွက်ပါ။
ဒီပုံလေးက ပုံမှန် size က 163 KB ရှိပါတယ်။
အဆင့်(၁) ပုံလေးကို Paint နဲ့ ဖွင့်လိုက်ပါ။
အဆင့်(၂) Image ထဲမှStretch/skew ကို ရွေးလိုက်ပါ။
အဆင့်(၃) Stretch ထဲမှ Size ကို ကိုယ်အဆင်ပြေသလောက်ထိပြောင်းနိုင်ပါတယ်။
အဆင့်(၄) OK ပေးလိုက်ပါ။
ဒီပုံလေးကတော့ 35.4 KB ပဲ ရှိပါတယ်။
အားလုံး အဆင်ပြေချောမွေ့ကြပါစေ...
No comments:
Post a Comment