Thursday, June 21, 2012

Google မှာ ဘယ်လိုရှာကြမလဲ


ကျွန်တော်တို့တတွေ တခုခု လိုချင်တာ သိချင်တာ ရှိရင် အင်တာနက်ရှာဖွေရေး အင်ဂျင် Google မှာ သိချင်တဲ့ အကြောင်းအရာလေး စာသားလေးကို ရိုက်ထဲ့ပြီး ရှာလိုက်တာများပါတယ်..အဲဒီတော့ Google ကလည်း မလိုတာတွေရော လိုတာတွေရော ရှာပေးတော့တာပါပဲ ...

တကယ်တမ်းကျတော့ အင်တာနက်သုံးနေရတဲ့ အချိန်တွေဟာ အလွန်ပဲတန်ဘိုးရှိလှပါတယ်...
ကိုယ်လိုချင်တာလေးတစ်ခုရဖို့ အများကြီးမူးနောက်နေအောင် လိုက်ရှာနေရတယ်ဆိုတာ အချိန်တွေရော လုပ်အားတွေရော အင်တာနက် Bandwidth တွေရော အစစ အရာရာ နှမြောစရာတွေချည်းပါပဲ ....
အထူးသဖြင့် ကျွန်တော်တို့လို အင်တာနက်အသုံးပြုခ ဈေးကြီးနေသေးတဲ့ နေရာတွေအတွက်ဆိုရင် ပိုပြီး နှမြောစရာပါ...

အဲဒါကြောင့် Google ကိုသုံပြီးလိုချင်တာတွေ အမြန်ရှာနိုင်တဲ့ နည်းလေးတွေ ဝေမျှပေးလိုက်ပါတယ်...
  • ရှာဖွေလိုသော အကြောင်းအရာများကို အုပ်စုဖွဲ့ပါ။ ဥပမာ - ကွန်ပျုတာနှင့် သက်ဆိုင်သော အလုပ်အကိုင်များ ရှာလိုပါက ယခုကဲ့သို့ " computer jobs "ဟု မျက်တောင်ကွင်း အဖွင့်အပိတ်အတွင်း ထည့်သွင်းပြီးရိုက်ထည့်ကာ ရှာနိုင်သည် - (လက်တွေ့ရှာပြထားပါသည်)
    • Results 1 - 10 of about 377,000,000 for computer jobs. (0.22 seconds)
    • Results 1 - 10 of about 777,000 for computer jobs ". (0.22seconds)
  • မိမိရှာတွေ့သောအဖြေများတွင် မလိုချင်သော သော့ချက်စကားလုံးများ (Keywords)များ ပါဝင်နေပါက “ အနှုတ် ” လက္ခဏာ ကို သုံးပြီးလျော့ချ ဖယ်ရှားနိုင်သည် - ဥပမာ -
  • Google သည် ကိန်းဂဏန်းအစဉ်များကိုလည်း ရှာဖွေပေးနိုင်သည် - ဥပမာ -
    • Results 1 - 10 of about 37,100 for computer jobs " 2005 ... 2008. (0.16 seconds)
    • Results 1 - 10 of about 19,100 for computer jobs " - webdesigner 2005 ...2008. (0.16 seconds)
  • အောက်ပါ အော်ပရေတာ စာလုံးများကိုလည်း အသုံးပြုနိုင်သည် -
    • cache: ဥပမာ- cache:www.google.com web
    • link: ဥပမာ - link:www.google.com
    • related: ဥပမာ - related:www.google.com
    • info: ဥပမာ - info:www.google.com
    • define: ဥပမာ - define:networking
    • stocks: ဥပမာ - stocks: intc yhoo (ticker symbol ကိုသုံးရသည်)
    • site: ဥပမာ - help site:www.google.com
    • allintitle: ဥပမာ - allintitle: google search
    • intitle: ဥပမာ - intitle:google search
    • allinurl: ဥပမာ - allinurl: google search
    • inurl: ဥပမာ - inurl:google search
    • သတိပြုရန်မှာ “ ” နှင့် အခြားစာလုံးများကြားတွင် နေရာလွတ် Space မရှိစေရန်ဖြစ်သည်
  • Google features page တွင် ပေးထားသော ဥပမာများကို လေ့လာအသုံးပြုနိုင်သည်-
  • နမူနာဖော်ပြထားသော စာကြောင်းများ -
    • intitle:index.of + mp3 -asp -html -htm -php -pls -txt
    • intitle:index.of + mp3 "" -asp -html -htm -php -pls -txt
    • inurl:"ViewerFrame?Mode="
REF 
http://www.google.com/help/operators.html
http://www.google.com/help/features.html

source: http://sharingtofrds.blogspot.com

Monday, June 18, 2012

our passwords ( 1 )


အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
  • ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
  • စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
  • အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
  • အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
  • အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...

အားနည်းသော စကားဝှက်များ
အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
  1. အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း ...
    • ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
    • အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
    • စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
    • သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
  2. အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
  3. User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
  4. တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
  5. ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
  6. စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
  7. လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
  8. မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
  1. စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
  2. မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
  3. ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
  4. (အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
  5. စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
  6. စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
မှတ်ချက် - 
  • စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
  • စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
  1. အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
    • ကိန်းဂဏန်းများ (0..9)
    • စာလုံးများ (a..z..A...Z)
    • ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
    • Control Character (^s, Ctrl-s စသည်)
  2. ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
    - ဥပမာ - Man may come and man may go, But I goforever,
    - => MMCAMMGBIGOF => M2C@M2GBIG0F
    - တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
  3. မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
ဆောင်ရွက်ရမည့် အလေ့အကျင့်များ 
လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
  1. စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
  2. စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
  3. ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
  4. နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
  5. အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
    • မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
    • စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
    • လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
  6. မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
  7. စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
  8. မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
  9. ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
  10. လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်း

REF-
-http://web.mit.edu/net-security/www/pw.html
-http://www.umich.edu/~policies/pw-security.html
-http://www-cgi.cs.cmu.edu/~help/security/pass_sec.html
-http://en.wikipedia.org/wiki/Trojan_horse_(computing)
-http://en.wikipedia.org/wiki/reset


source : http://sharingtofrds.blogspot.com

Sunday, June 17, 2012

God keeps you going



တစ်ခါတုန်းက အရမ်းတော်တဲ့ တင်းနစ်ကစားသမားတစ်ဦးရှိတယ် ။ ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး သူဟာ ကမ္ဘာ့အတော်ဆုံးတင်းနစ်ကစားသမားလည်းဖြစ်ခဲ့တယ် ။ ဒါပေမယ့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ သူနေမကောင်းဖြစ်တာကိုကြုံခဲ့ရတယ် ။ အဲဒီအခါ သွေးအားနည်းပြီး သွေးသွင်းဖို့လိုတဲ့အတွက် သူ့သူငယ်ချင်းတစ်ယောက်ဆီကနေ သွေးလက်ခံခဲ့တယ်။ဆိုးရွားလွန်းတဲ့ကံကြမ္မာပါပဲ ။ သူလက်ခံခဲ့တဲ့ သွေးဟာ HIV ပိုးရှိနေခဲ့တဲ့အတွက် သူ့မှာပါ အဲဒီရောဂါပိုးကူးစက်ခံခဲ့ရတယ် ။ ဒီလိုနဲ့ မကြာခင်အချိန်အတွင်းမှာ AIDS ရောဂါဆိုးကြီးဖြစ်ပေါ်လာခဲ့ပြီး သူ့ဘ၀ရဲ့နေ၀င်ချိန်ကို ရောက်လာခဲ့ရပါတယ် ။

တစ်နေ့မှာတော့ သူ့ကို ချစ်ကြတဲ့ များစွာသော ပရိတ်သတ်တွေထဲကနေ စာတွေပို့တဲ့အထဲက စာတစ်စောင်ကို သူဖတ်လိုက်တယ် ။

“ ဘုရားသခင်က ခင်ဗျားကိုမှ ရွေးပြီးဘာကြောင့် ဒီရောဂါ ဆိုးကြီးဖြစ်စေရတာလဲ ” လို့ရေးထားတာကိုတွေ့လိုက်တယ် ။ ဒီတော့ သူက အဲဒီလူကို ပြန်စာပို့လိုက်တယ် ။ စာထဲမှာ သူရေးထားတာကတော့

“ ကမ္ဘာမြေကြီးမှာ သန်းပေါင်းငါးဆယ်သော ကလေးတွေဟာ တင်းနစ်စကစားနေကြပြီ၊ ငါးသန်းလောက်သော လူတွေက တင်းနစ်ကစားဖို့သင်ယူနေကြတယ် သန်းတစ်ဝက်လောက်ကတော့ ပရော်ဖက်ရှင်နယ်အဖြစ်သင်ယူကြတယ် အဲဒီမှာမှ တကယ့်တန်းဝင်ကစားဖြစ်တာက လူပေါင်းငါးသောင်းလောက်ပဲရှိတယ် ။ ငါးထောင်လောက်ကတော့ ပြိုင်ပွဲတွေဆီရောက်ပြီး ငါးဆယ်လောက်ကတော့ လက်ရွေးစင်တွေဖြစ်သွားကြတယ် ။ ၄ ယောက်လောက်သာ ဆီမီးဖိုင်နယ်တက်နိုင်ပြီး နောက်ဆုံး ၂ သာ ဖိုင်နယ်မှာတွေ့ကြတယ် ။ အဲဒီမှာမှ ကျွန်တော်ဟာ ဆုဖလားကိုင်မြှောက်ခွင့်ရတဲ့တစ်ဦးတည်းသောလူဖြစ်ခဲ့တယ် ။ အဲဒီတုန်းကတော့ ကျွန်တော်က ဘုရားသခင်ကို “ ဘာကြောင့်လဲ ” ဆိုတဲ့မေးခွန်းမမေးခဲ့ဘူး ။

အခု လည်း ဒီနေ့မှာ ကျွန်တော်ခံစားနေရတဲ့ ဝေဒနာတွေကို “ ဘာကြောင့်လဲ ” ဆိုတဲ့မေးခွန်း ဘုရားသခင်ကို မမေးသင့်ဘူးမဟုတ်လား ”

@@@@@@@@@@@@@@@@@@@@@

ပျော်ရွှင်မှုဟာ သင့်ကိုချိုမြိန်အောင်ပြုလုပ်ပေးတယ် ။ လေ့ကျင့်မှုတွေက သန်မာအောင်လုပ်ပေးပြီး ၀မ်းနည်းမှုတွေက သင့်ကို လူသားဆန်စေတယ် ။ ရှုံးနိမ့်မှုတွေက သင့်ကိုထောင်လွှားမှုမရှိအောင်ပြုလုပ်ပေးသလို အောင်မြင်မှုဆိုတာကလည်းသင့်ကို ပီတိကိုဖြစ်စေတယ် ။ ဒါပေမယ့်ဘုရားသခင်ကတော့ သင့်ကို “ သွားမြဲ သွားစေလျှက် - လျှောက်မြဲလျှောက်စေလျှက် ” ပါပဲ ။

အမြင့်ဆုံးအချိန်ကိုရောက်ပြီး ကောင်းမွန်တဲ့ကံကြမ္မာကိုလက်ခံပြီးပြီဆိုရင် အနိမ့်ဆုံးကိုရောက်ပြီး ဆိုးရွားတဲ့ကံကြမ္မာတွေကိုလည်းလက်ခံနိုင်စွမ်းရှိရမယ်မဟုတ်ပါလား ။

သက်တန့်ချို
God keeps you going အား ဘာသာပြန်ခံစားသည် ။

Arthur Ashe, the well known legend player of tennis was dying of AIDS. He got this disease in 1983 by infected blood transfusion during heart surgery. He received numerous letters from his fans all over the World.One of his fans wrote him in gloomy words “why god selected you for such a bad disease”? Arthur Ashe, replied his fan and wrote him in following words,“All over the world 5 crore children start playing tennis,Out of them 50 lacs learn to play tennis,Out of them 5 lac learn professional tennis,Out of them 50,000 come to the circuit,Out of them 5000 reach the grand slam,Out of them 50 reach Wimbledon,Out of them 4 reach to semifinal2 of them reach to the final match,When I was holding a cupI never asked my GOD" Why Me"?And today in pain, I should not be asking Him "Why me?Happiness keeps you SweetTrials keep you StrongSorrow keeps you humanFailure keeps you humbleSuccess keeps you glowingBut only GOD keeps you going and going>>>>>>

Arthur Ashe (49-years-old): July 10, 1943 – February 6, 1993Arthur Ashe won three Grand Slam titles, including a shock win over Jimmy Connors at Wimbledon in 1975, five years after his last win. He died of AIDS-related pneumonia in 1993 after contracting the disease via a blood transfusion.


Autodesk 3ds Max 2013 + Keygen


ဒီဆော့ဝဲလ်လေးကတော့ 3d / animation လုပ်တဲ့ဆော့ဝဲလ်လေးပါ။ တော်တော်လေးလည်း
အသုံးဝင်ပါတယ် ..... 32 bit / 64 bit နှစ်မျိုးစလုံးအတွက်တင်ပေးထားပါတယ်။
စမ်းပြီးကလိချင်ရင်တော့ အောက်မှာဒေါင်းလိုက်ပါ။ ဒီဆော့ဝဲလ်ကိုသုံးမယ်ဆိုရင် 
သူ့ရဲ့လိုအပ်ချက်လေးတွေ ကိုအောက်မှာဖော်ပြထားပါတယ်။

System Requirements
Intel® Pentium 4 1.4 GHz or equivalent AMD processor with SSE2 technology
2 GB RAM (4 GB recommended)
2 GB swap space (4 GB recommended)
3 GB free hard drive space
Direct3D 10 technology, Direct3D 9, or OpenGL-capable graphics card
512 MB or higher video card memory (1 GB or higher recommended)
Three-button mouse with mouse driver software
DVD-ROM drive
Internet connection for web downloads and Autodesk Subscription-aware access

Tuesday, June 12, 2012

GoogleChrome မှာမြန်မာလိုပေါ်ရန်


နည်းလေးကတော့လွယ်ပါတယ် .... တချို့သိပြီးသားတွေရှိသလို .... မသိသေးတဲ့သူတွေလည်း
အများကြီးရှိပါတယ်။ Google Chrome မှာမြန်မာလိုမပေါ်လို့စိတ်ညစ်နေသူများ ... အောက်မှာ
ပြထားတဲ့နည်းအတိုင်းသာလုပ်လိုက်ပါ .... အဆင်ပြေသွားစေရမယ်။


ကဲ .... စမယ်နော်။ 
window icon လေးကိုဖိပြီး R ကိုနှိပ်လိုက်ပါ။ run box ကျလာပါလိမ့်မယ် ... ဒါဆို .....
C:\Users\မိမိကွန်ပျူတာအမည်\AppData\Local\Google\Chrome\User Data\Default\
User StyleSheets ဆိုပြီးရိုက်မထည့်ပါနဲ့ဦး
နောက်ကစာတွေကို ဖတ်လိုက်ပါဦး  .... "မိမိကွန်ပျူတာအမည်"
မှာမိမိဝင်းဒိုးတင်တုန်းက ပေးထားတဲ့နာမည်အစားထိုပေးရမှာဖြစ်ပါတယ်။
ဥပမာ ... ကျွန်တော်က Wai Lin Htay နာမည်နဲ့ပေးထားတယ်ဆိုရင် ....
C:\Users\Wai Lin Htay\AppData\Local\Google\Chrome\
User Data\Default\User StyleSheets အဲဒိလိုရိုက်ထည့်ရမှာပါ။
ဒါဆိုနားလည်လောက်မယ်ထင်တယ် ..... run box ထဲမှာ အဲဒီစာတွေကိုထည့်ပြီး
OK လုပ်ပါ ..... အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။


ပွင့်လာရင် .... အောက်ကကုဒ်လေးတွေ ကူးပြီး အဲဒိထဲထည့်ပေးလိုက်ပါ။
* , html, body, div,p {font-family:Zawgyi-One !important;}
ထည့်ပြီးသွားရင် save လုပ်လိုက်ပါ။
Save ပြီးရင်တော့ Google Chrome ကိုဖွင့်လိုက်ပါ။
Google Chrome ညာလက်ထောင့်က 
ဂွပုံလေးကိုနှိပ်လိုက်ပါ။
နှိပ်ပြီးရင် အောက်ကပုံထဲကအတိုင်းလိုက်လုပ်လိုက်ပါ။
အားလုံးပဲ အဆင်မပြေတာများရှိရင် comment ရေးခဲ့ပါ။

Source: http://games-professional.blogspot.com/

Monday, June 11, 2012

ကွန်ပျူတာမြန်စေရန် နည်းလမ်း ( ၇ ) ချက်

၁။ သင့် ကွန်ပြူတာ ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် ကွန်ပြူတာ ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ ကွန်ပြူတာ တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် ကွန်ပြူတာ ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။ စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။ စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။
သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

Source :http://ayarnyinaung.blogspot.com/