Saturday, May 26, 2012

Mozilla Firefox ကိုအမြန်နှုံးမြင့်ပြီးသုံးရအောင်

Mozilla Firefox  ကိုဘယ်လို့ အမြန်နှုံး မြင့်ပြီးသုံးရမလဲဆိုရင် ပထမဆုံး   Desktop ပေါ်မှာရှိတဲ့  Mozilla Firefox  ပုံကို ညာဘက်ကလစ်ပေးလိုက်ပါ ပြီးရင်  Properties ထဲကိုဝင်လိုက်ပါခင်ဗျာ  ပြီးရင်တော့ Shortcut  ကိုကလစ်ပေးပြီး Target ဘောက်ထဲက အကွက်ရဲ့နောက်ဆုံးဒီစာရဲ့နောက်ကို "C:\Program Files\Mozilla Firefox\firefox.exစပေ့ဘားတစ်ချက်ရိုက်ပြီး   /prefetch:1 ကိုထည့်လိုက်ဗျာ အဆင်ပြေပါပြီး။
 Mozilla Firefox ကိုဖွင့်လိုက်ပါ  Add ဘားပေါ်မှာ about:config ဆိုပြီးရိုက်ထည့်လိုက်ဗျာ ပြီးရင် I'll be careful, I promise! ကိုကလစ်ပေးပြီးဝင်လိုက်ဗျာ scresh ဘားပေါ်မှာ pip လို့ ရိုက်ထည့်လိုက်ဗျာ network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်လိုက်ဗျာnetwork.http.pipelining.maxrequests မှာ 4 ကို နှစ်ချက်နှိပ်ပြီး 30 ပြောင်းပေးလိုက်ဗျာ network.http.proxy.pipelining ကိုလဲ true  ပြောင်းပေးလိုက်ဗျာ သူငယ်ချင်းရဲ့ Mozilla Firefox သိသိသာသာမြန်လာပါပြီး Error Console ဖိုင့်တစ်ခုတက်လာရင်  All ကိုနှိပ်ပြီးရင် Clear ကိုနှိပ်လိုက်ပါခင်ဗျာ  Mozilla Firefox သိသာသာမြန်လာပါပြီးခင်ဗျာ။
ဆိုဒ်တွေဝင်တိုင် နှိပ်ပေးပါ အဆင်ပြေပါပြီ။:P
စာကိုကြည့်ပြီးမလုပ်တက်တဲ့ သူငယ်ချင်းများကတော့ ပုံတွေတင်ပေးထားတယ်ဗျ ပိုပြီးအဆင်ပြေအောင်လို့ ပါ စေသနာပေါ့ ..:P
http://api.ning.com/files/DBcuY8g7bDs0Ud51gLWLsfNkZhpef8H3cHylvHijIE7d5iHhflrk8EYgUSnyuVPeiA7BLkWD1OoicaND2dBjJLtAupIlErgB/Mozlla.bmp
http://api.ning.com/files/syDyIga1HGaZmMHa0d3rPvPVqVIzshUNY6gkn1ZmX8y*sga6uPGCgN1pRUqdkzL7eFAk-R1cm*I-CESoNd5DFjMo2wRmEYdp/Mozlla1.bmp
ကဲ့ မြန်လာပြီးနော် ဒါပေမဲ့ နည်းနည်းပဲ မြန်သေးတယ်ဗျ စိတ်ကြိုက်မဖြစ်သေးဘူးထက်ပြီးဒီထက်မြန်အောင်လုပ်ဦးမှာ ဆိုဒ်တစ်ခုဝင်ရင် ကွန်နရှင်ကောင်းကောင်းနဲ့  Mozilla Firefox  မြန်မြန်လေဆိုတော့ သုံးရတာအဆင်ပြေတာပေါ့ဗျာ မဟုတ်ရင် သုံးနေရင် ကွန်ပျုတာကိုရိုက်ခွဲးချင်စိတ်တွေပေါက်လာရော :P

နောက်တစ်မျိုးထက်လုပ်ရအောင်ဗျာ
မရှင်းတဲ့ ညီကိုမောင်နှမများအတွက်တော့ ပုံကြည့်ပြီးလုပ်ပေါ့ဗျာ

http://api.ning.com/files/GCM8GX8jdKDWBxbXXI92hj0OhHazQBKcEhaZ0FSasb6-lyGS1-npEXmIMOLXmWT55Bkbj39TLqFptlyvLROnHavf5LHBX481/Mozlla2.bmp
http://api.ning.com/files/T2NvUVNI*3hiw*b6f5A5jVr*R4a*TnjCnK7Gfclv*7GYlj36luO1lJb*VBCwzOZqSRwzzDyYXUAf4QSl1A6KdqEdaO4bwCbI/Mozlla3.bmp

ဒါကိုသုံးရတာ စိတ်တိုင်မကျသေးဘူး ဒီထက်မြန်ချင်သေးတယ်ဗျာ Mozilla Firefox သုံးတိုင်လုပ်ရမယ်နည်းလမ်းလေပါ ခုနည်းလေကတော့  ဆိုဒ်တွေဝင်တိုင် လုပ်ပေးရင် အဆင်ပြေပါတယ် သုံးရတာ လေးနေတယ်ထင်လာရင် လုပ်ပေးပါ
Mozilla Firefox ကိုဖွင့်လိုက်ပါ Shift + Ctrl +  J ကိုနှိပ်လိုက်ပါ

http://api.ning.com/files/4zxJDXgPuIZv-lAJ9nL9V5MN5ps4ebI94ELCUhq*SO0UnieJq5PZYd8GFI44B*OA4InQ90U3VO1KVFNToqofmdd4*o4DmDN3/Mozlla4.bmp
ခုလောက်ဆိုရင် ဧဒင်ဥယျာဉ်ညီကိုမောင်နှမများလည်း  Mozilla Firefox  ကို အမြန်နှုံးမြင့်ပြီးသုံးနေလောက်ပါပြီး
လုံးဝ ကွန်နရှင်မကောင်းတဲ့ နေရာတွေတော့ ဘယ်လောက်ကြီးလုပ်လုပ်  မမြန်နိုင်ပါဘူး။

Source: www.edinooyin.com

ဘ၀ အောင်မြင်မှုကို ပြောပြနေတဲ့ ABCD


အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ
အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .


A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။ 

၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။



၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။



၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။



၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။ 

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်



၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .စိတ်နေစိတ်ထား။ 


၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။
 ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။ 

မူရင်းရေးသားသူ: Kyawzin O

Tuesday, May 15, 2012

Computer မှာ ( 7.45 GB ) Free သုံးနိုင်ရန်

ကျွန်တော်တို့ ကွန်ပျူတာမှာ Hard Drive တစ်ခုကို ပိုပြီးတော့အသုံးပြု ချင်သူတွေအတွက်ပါ .. 7.45 GB လောက်တော့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ကျွန်တော်တို့ စက်မှာ အရင်ရှိပြီးသား Partation တွေကတော့ ပုံမှန်အတိုင်း Hard Disk ထဲမှာStorage လုပ်ပေးမှာ ဖြစ်ပေမယ့် .. အခုအသုံးပြုလို့ ရမယ့် Gmail Drive ကတော့ G-Mail အကောင့်ထဲမှာ Storage လုပ်ပေးမှာဖြစ်ပါတယ် .. Internet ပေါ်မှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အသုံးပြုချင်တဲ့အခါမှာ My Computer မှာတင် Other Drive တစ်ခုအနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒီကောင်လေးကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး GMail Drive v1.0.18  ကိုအောက်မှာ နှစ်နေရာ တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချလိုက်ပါ .. ဒေါင်းလော့ ချပြီးပြီ ဆိုရင်တော့ Setup ဖိုင်လေးကို Install လုပ်လိုက်ပါ .. Install လုပ်ပြီးပြီဆိုရင်တော့ My Computer ထဲက Other ထဲမှာ G-mail Drive ဆိုပြီးပေါ် နေပါလိမ့်မယ် .. ပြီးရင် အဲ့ဒီကောင်လေးကို Double Clickပေးလိုက်ပါ .. ဒါဆိုရင် G-Mail Login ၀င်ခိုင်းပါလိမ့်မယ် .. အခုကျွန်တော်တို့ အသုံးပြုမဲ့ အကောင့်သည် အကောင့် အသစ်တစ်ခုဖြစ်ရင် ပိုကောင်း ပါတယ် .. Login ၀င်ပြီးပြီဆိုရင် ခဏလေးစောင့်ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် မိမိတို့ Computerထဲမှာ 7.45 GB ရှိတဲ့ Drive တစ်ခုကို Free သုံးလို့ ရသွားပါလိမ့်မယ် ..
တကယ်လို့ အကောင့်အသစ် ပြောင်းချင်လို့ အရင်ဝင်ထားတဲ့ အကောင့်ကို ပြန်ထွက်ချင်တယ် ဆိုရင်တော့ ပုံမှပြထားတဲ့အတိုင်းGMail Drive ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Log Out ပေးလိုက်ယုံပါပဲ ..


အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 

Source: ကောင်လေးငယ်

စိတ်ဓာတ်ခွန်အား စကားစုများ (၃)

တရုတ်လူမျိုးတို့ ၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။
သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို့ သော် ယင်းတို့ သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။


၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။
 

၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့
၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။

၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။


၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။
 

၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို
  ကြည့်ပြီးမှပြောပါ။

၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီး မှ လက်ထပ်ပါ။
 


၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။

၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို  ဘယ်သောအခါမှပြက်ရယ်မပြုပါနှင့်။
      မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်  အများကြီးမအောင်မြင်နိုင်။

၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း
      အချစ်သည် ဘ၀မှာပိုပြီးပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်းမပြုပါနှင့်။

၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။

၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။

၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါပြုံးပြီးမေးလိုက်ပါ။ 
       “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။

၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာနက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်
       ကိုသတိရပါ။

၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။

၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကိုမထိခိုက်ပါစေနှင့်။

၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။

၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
       သင့်အသံထဲမှာ   ကြားရပါလိမ့်မယ်။

၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။


From FWD mail.

Monday, May 14, 2012

Kaspersky Rescue Disk

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကတော့ ကျနော်အကြိုက်ဆုံး...
USB Drive နဲ့ Boot တင်ချင်တဲ့ သူများအတွက်တော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ 
CD/DVD Drive မပါတဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ 
အရင်ဆုံး အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူလိုက်ပါ..။ 
ဖိုင်ဆိုဒ်တော့ နည်းနည်းကြီးပါတယ်..။ 237 MB ရှိပါတယ်..။ 


For USB Device (325 KB)
Iso image of Kaspersky Rescue Disk 10 Free Download (237 MB)
Kespersky Rescue Disk 10(မူရင်းလင့်)
USB ထဲထည့်ဖို့ ဆိုရင် (325kb) ရှိတဲ့ ကောင်လေးကို ဒေါင်းယူပြီး ဖွင့်လိုက်ပါ.. အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Browse နေရာကနေ ဒေါင်းထားပြီးသား Kaspersky Rescue Disk 10 ISO ဖိုင်ကို ရွေးပေးပါ..။ 2 နေရာကတော့ USB ရှိတဲ့နေရာကို ညွှန်ပေးလိုက်ပါ..။ ပြီးရင် Start ကိုကလစ်လိုက်ပါ..
ပီးသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။
မိမိတို့စက်ကို ဗိုင်းရပ်သတ်တော့မယ်ဆိုရင် Kaspersky Rescue Disk 10 CD (OR) USB ကို ကွန်ပျူတာမှာ ထည့်လိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပြီ... လက်ပ်တော့ပ်တွေမှာဆိုရင် F2 or F12 , Desktop PC တွေမှာ ဆိုရင် Del or ESC or F11 ကိုဆက်တိုက်နှိပ်ထားလိုက်ပါ...။ Boot Menu ထဲကို ရောက်သွားပါလိမ့်မယ်.
Boot ထဲကိုရောက်သွားရင် CD/DVD or USB ကိုရွေးပြီး F10 နဲ့ Enter ခေါက်ပေးလိုက်ပါ...။ အောက်ကပုံ အတိုင်းပေါ်လာရင် ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ.
ဒီနေရာတွေမှာ အပေါ်အောက် မျှားနဲ့ ရွေးပေးပြီး Enter ခေါက်သွားလိုက်ပါ.

ဗိုင်းရပ်စ်သတ်လို့ပြီးရင်တော့ စက်ကို Restart ချပြီး အခွေ သို့မဟုတ် USB ကို ဆွဲထုတ်လိုက်ပါ..။ Restart ချလို့ မရရင် စက်ရဲ့ ပါဝါကို ဖိပိတ်လိုက်ပါ...။
ဒီလောက်ဆိုရင်တော့ အားလုံးပဲ လုပ်တတ်ကိုင်တတ်လိမ့်မယ်လို့ ထင်ပါတယ်..

Sunday, May 13, 2012

Daily use 10 of Linux Commands

လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။

/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။

ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc… (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။

၁၊ top

“top” ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။

“top” က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။

GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။

၂၊ ln

bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။

၃၊ tar/zip/gzip/unrar/unzip

ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။

၎၊ nano,vi,emacs

command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။

၅၊ grep

ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ “AccessFileName .htaccess” ဆိုတာရှိသလည်းသိချင်တယ်။

စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n “AccessFileName .htaccess” /etc/apache2/apache2.conf ဒါဆို terminal မှာ “153:AccessFileName .htaccess” ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။

GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။

“grep” က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ “ps”(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ “ps aux” ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ “ps aux|grep firefox” လို့ပြောင်းရိုက်လိုက်ပါ။ firefox’s process တစ်ခုတည်း မြင်ရပါလိမ့်မယ်။

GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။

၆၊ chmod

File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions

၇၊ dmesg

old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။

နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။

၈၊ kill/killall

အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ “kill” ဒါမှမဟုတ် “killall” နဲ့ လုပ်ပစ်တာပါပဲ။ “kill” နဲ့ “killall” ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။

တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။

၉၊ man

RTFM “Read the Fine Manual” အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ “Read the fine Manpages” ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။

အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။

၁၀၊ mount/umount

removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။

အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။

Source: http://www.maukkha.org