Sunday, September 25, 2011

မနှစ်သက်လည်း မြင်အောင်ကြည့်တတ်ပါစေ

အတိုင်အတောထူတာ ကလေးတွေရဲ့ သဘာဝဖြစ်တယ်။ သုံးတန်းကျောင်းသားလေး မောင်ဝေယံက "ပြဿနာကျောင်းသား" လို့ မကြာခဏ အတိုင်ခံရသူဖြစ်တယ်။ ကလေးတွေတိုင်တိုင်း မောင်ဝေယံက ခြံစည်းရိုးပေါ်တက်လို့၊ တခြားလူကို ခြေထိုးလဲလို့၊ ကျောင်းသူလေးတွေကို စလို့၊ စကပ်လိုက်လှန်လို့.... ဆိုတာပဲဖြစ်တယ်။

တကယ်လည်း မောင်ဝေယံရဲ့ မတင့်တယ်တဲ့ အပြုအမူတချို့က ကျောင်းသားတွေကို စိတ်ဆိုးစေရုံမက အုပ်ထိန်းသူတွေလည်း ကျွန်မကိုအမြဲလာတိုင်တတ်တယ်။ တိုင်ခံရလည်း မောင်ဝေယံရဲ့အပြုအမူက ကောင်းမသွားတဲ့အပြင် ပိုပိုဆိုးလာခဲ့တယ်။ ကျောင်းရှေ့ချောင်းထဲကဖားတွေကို လည်ဖြတ်လိုက်တဲ့အထိ မောင်ဝေယံဆိုးလာခဲ့တယ်။

တခြားလူရှေ့မှာ ဘယ်လောက်ဆိုးဆိုး ကျွန်မရှေ့မှာတော့ မောင်ဝေယံက "လိမ္မာတဲ့ကျောင်းသား" ဖြစ်တယ်။ ကျွန်မဘာပြောပြော ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းငုံ့နာခံတတ်တယ်။ ဒါပေမယ့် ကျွန်မအကြည့်အောက် ပျောက်သွားတာနဲ့ မောင်ဝေယံက "လူဆိုး" ဖြစ်သွားတော့တယ်။

သာဓကပြရရင် ကျွန်မစာသင်နေတုန်း သူက စာတွေကိုစိတ်ဝင်တစားနဲ့ နားထောင်တတ်တဲ့ "လိမ္မာတဲ့ကျောင်းသား" ပုံစံဖြစ်ပြီး ကျွန်မကျောက်သင်ပုန်းလှည့်ဖျက်တာနဲ့ မောင်ဝေယံက အမြင်မတော်တဲ့ အမူအရာတွေနဲ့ ကျောင်းသူတွေကို လုပ်ပြတတ်တယ်။

တစ်နေ့မှာ ကျောင်းသူတစ်ဦးကို မောင်ဝေယံ မဖွယ်မရာလုပ်ပြလိုက်လို့ ကျောင်းသူရဲ့အုပ်ထိန်းသူပါ ကျောင်းကိုရောက်လာခဲ့တယ်။ မောင်ဝေယံ မိဘကိုလည်းခေါ်ပြီး မောင်ဝေယံရဲ့စိတ်ပိုင်းဆိုင်ရာကို ကျွန်မတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။

မောင်ဝေယံမေမေက ငိုပြီး မောင်ဝေယံကို သူအလိုလိုက်ချစ်ခဲ့တာ မှန်ပေမယ့် မောင်ဝေယံမှာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ မရှိနိုင်ကြောင်းပြောတယ်။

နောက်ဆုံး ကျွန်မက မောင်ဝေယံကို ကလေးစိတ်ပိုင်းဆိုင်ရာဆေးရုံမှာ သွားရောက်စစ်ဆေးသင့်ကြောင်း အကြံပေးလိုက်တယ်။ စစ်ဆေးချက်အရ မောင်ဝေယံရဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟော်မုန်းဆီ သိုမှီထားတဲ့အဆီဖုက ဖွံ့ဖြိုးမှု မညီမျှကြောင်း တွေ့လိုက်ရတယ်။ အဲဒီအတွက် မောင်ဝေယံက ကိုယ့်ရဲ့မဖွယ်မရာ အပြုအမှု၊ အပြောအဆိုကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ရတယ်။ ဆေးမှန်မှန်သောက်ရင် တဖြေးဖြေး သက်သာလာနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒါပေမယ့် ဆေးသောက်ပြီးတိုင်း မောင်ဝေယံက ခေါင်းကိုက်တယ်ဆိုလို့ သူ့မေမေက မကြည့်ရက်ခဲ့ဘူး။ ဒီလိုနဲ့ မောင်ဝေယံဆေးတွေကို မှန်မှန်မသောက်ဖြစ်ဘဲ ဆိုးမြဲဆိုးနေခဲ့တယ်။

တစ်နေ့မှာ မောင်ဝေယံက ဗလာစာအုပ်တစ်အုပ်နဲ့ ကျွန်မဆီ ရောက်လာခဲ့တယ်။

"ဆရာမ... ဆရာမ... ခုတစ်လော ကျွန်တော့်အပေါ် ဆရာမ သိပ်မတင်းကျပ်သလိုပဲ။ ကျွန်တော့်ကို ဆိုဆုံးမပါ ဆရာမ။ ဆရာမ မဆုံးမရင် နောက်နောင်ကျွန်တော်ပိုဆိုးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်က ဆရာမရဲ့တပည့်ပါလို့ လူတိုင်းကိုပြောမှာနော်"

မျှော်မထားတဲ့ မောင်ဝေယံရဲ့ စကားကိုကြားတော့ ကျွန်မ အသံထွက်ရယ်မိတယ်။

"ကောင်းပြီ မောင်ဝေယံ... မင်းကို ဆရာမ ကောင်းကောင်းဆုံးမမယ်။ ဒါနဲ့ ဒီစာအုပ်က ဘာလုပ်ဖို့လဲ?"

"ဒီလိုပါ ဆရာမ.. ဒီနေ့ကစပြီး ကျောင်းသားတွေ ကျွန်တော့်မကောင်းတာကို လာတိုင်တိုင်း ဒီစာအုပ်မှာ ဆရာမ ကြက်ခြေခတ်တစ်ခု ခြစ်ပေးပါ။ ကြက်ခြေခတ်တစ်ခုရတိုင်း ကျွန်တော့်ကို ဆရာမတစ်ချက်ရိုက်နိုင်ပါတယ် ဆရာမ"

ဘုရားရေ ! မောင်ဝေယံက သူ့ကိုပြောဆို ဆုံးမအပြစ်ပေးဖို့ ကျွန်မဆီမှာ တောင်းဆိုနေပါလား!

သူ့ကိုပြောဆိုဆုံးမဖို့ တောင်းဆိုပေမယ့်လည်း မောင်ဝေယံက ဆိုးမြဲဆိုးနေခဲ့တယ်။ ကျွန်မဆီ ကျောင်းသားတွေ လာတိုင်တိုင်း မောင်ဝေယံဖြစ်နေပြီး တခြားသူတွေကို ဘောင်းဘီချွတ်ပြတာ၊ ခြေထိုးလဲတာကလည်း မောင်ဝေယံပဲဖြစ်နေခဲ့တယ်။

တစ်ပတ်တောင်မပြည့်သေးပါဘူး မောင်ဝေယံရဲ့ဗလာစာအုပ်ထဲမှာ ကြက်ခြေခတ်တွေ အခုတစ်ရာရှိနေခဲ့ပါပြီ။ ပြောင်းလဲမလာတဲ့ မောင်ဝေယံရဲ့အပြုအမူတွေကြောင့် ကျွန်မစိတ်ဆိုးပြီး မောင်ဝေယံကို ခေါ်ပြောခဲ့တယ်။

"မောင်ဝေယံ... မင်းရဲ့မကောင်းတာတွေ ဆရာမ ကြက်ခြေခတ်မှတ်ထားတာ အခုတစ်ရာရှိနေပြီ။ မင်းကို ဆရာမ အပြစ်ပေးရတော့မယ်"

"ဟုတ်ကဲ့ဆရာမ.. ကျွန်တော့်ကို အချက်တစ်ရာ ရိုက်နိုင်ပါတယ်"

မောင်ဝေယံက လက်ကိုဆန့်ပြီး အရိုက်ခံတယ်။ ဒါပေမယ့် မောင်ဝေယံရဲ့ လက်ဖဝါး၊ မောင်ဝေယံရဲ့မျက်နှာကိုကြည့်ပြီး ကျွန်မတကယ် မရိုက်ရက်ခဲ့ဘူး။

တကယ်တော့ မောင်ဝေယံ! မင်းဟာ မတုံးမအဘဲ ထက်မြက်သူပါ။ ကိုယ်မှားမှန်းသိသိနဲ့ အမှားတွေကို မင်းဘာကြောင့် ကျူးလွန်ချင်ရတာလဲ? မင်းရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို ပြင်ပြီး မင်းကိုယ်ပေါ်က တခြားလူတွေ ခပ်နှိပ်ပေးထားတဲ့ "လူဆိုး၊ မလိမ္မာ မယဉ်ကျေးတဲ့သူ" ဆိုတဲ့ တံဆိပ်တွေကို ဖြုတ်ချလိုက်ပါ မောင်ဝေယံ! ရင်ထဲမှာ နာနာကျင်ကျင် ကျွန်မပြောနေမိတယ်။

မောင်ဝေယံရဲ့လက်က ကျွန်မအရိုက်ကိုခံဖို့ လေထဲမှာမြှောက်ထားဆဲပါပဲ။ အတန်းသားဘက် ကျွန်မလှည့်ပြီး "ဆရာမ စိတ်မကောင်းဘူး။ ပထမတန်းကနေ အခုတတိယတန်းအထိ မင်းတို့လာတိုင်လိုက်တိုင်း မောင်ဝေယံ ဟိုဟာလုပ်လို့၊ မောင်ဝေယံ ဘာလုပ်လို့ဆိုတာချည်းပဲ။ "ကြက်ခြေခတ်"ဖို့အတွက်ပဲ လာတိုင်ကြတယ်။ မောင်ဝေယံမှာ "အမှန်"ပေးဖို့အတွက်တောင် မရှိကြတော့ဘူးလား?"

ကျွန်မစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ ငါးစက္ကန့်လောက်ကြာတော့ ကျောင်းသားတစ်ဦးက "ဆရာမ.. ဆရာမ မောင်ဝေယံကို အမှန်ပေးလို့ရတယ်။ ဟိုတစ်နေ့က ကျွန်တော့်ကို သူရောင်စုံခဲတံ ပေးငှါးသေးတယ်"

တစ်ဆက်တည်းမှာပဲ မောင်ဝေယံရဲ့ အနိုင်ကျင့်တာကို အမြဲခံရတဲ့ ကျောင်းသူတစ်ဦးကလည်း ထရပ်ပြီး "ဆရာမ... ခုနားကျောင်းဆင်းတုန်းက ကျွန်မလဲအောင် မောင်ဝေယံခြေထိုးသေးတယ်။ ဒါပေမယ့် ကျွန်မလည်း အနားရောက်ရော သူ့ခြေကို ပြန်ရုတ်လိုက်တယ်။ ဒီတစ်ခေါက် ကျွန်မ မလဲခဲ့ဘူး ဆရာမ"

"ဟုတ်တယ်.. တပည့်တို့။ မောင်ဝေယံမှာ ကောင်းကွက်တွေ အများကြီးရှိနိုင်သေးတယ်။ သူ့ကို အမှန်တွေအများကြီး ပေးနိုင်သေးတယ် မဟုတ်လား! ဆရာမ သူ့ကို ကြက်ခြေခတ်တစ်ရာ ပေးပြီးပြီ။ သူ့ကို အချက်တစ်ရာ ဆရာမရိုက်လို့ရပေမယ့် ဆရာမ သူ့ကိုမရိုက်ရက်ဘူး။ သူ့ရဲ့ကောင်းကွက်လေးတွေကို တပည့်တို့ ထပ်စဉ်းစားကြပါဦး။ မောင်ဝေယံရဲ့ ကောင်းကွက်နဲ့ သူ ဘာတွေကောင်းအောင် လုပ်ခဲ့ဖူးလဲ? တပည့်တို့ စဉ်းစားကြပြီး အမှန်တစ်ခုပေးတိုင်း ကြက်ခြေခတ်တစ်ခု ဖျက်တဲ့နည်းနဲ့ မောင်ဝေယံကို ဆရာမတို့ကယ်တင်ကြရအောင်"

ကျွန်မပြောပြီး ခဏအကြာမှာ ကျောင်းသားတွေ အလုအယက် ဝိုင်းပြောကြတယ်။

"ဆရာမ... မောင်ဝေယံ ကျွန်တော့်ကို ဟင်းခူးပေးတယ်"

"ဆရာမ.. မနေ့က မောင်ဝေယံ ကျွန်တော်ကို နွားနို့ယူပေးတယ်"

"ဆရာမ.. အရင်တစ်ပတ်က မောင်ဝေယံ အမှိုက်ပစ်ကူတယ်"

"ဆရာမ.... မနေ့က မောင်ဝေယံ အိမ်သာဆေးကူတယ်"

"ဆရာမ....."


အဲဒီစာသင်ချိန်မှာပဲ ကျောင်းသားတွေက မောင်ဝေယံရဲ့ ကောင်းကွက်ကို လက်မြှောက်လိုက်၊ ပြောလိုက်နဲ့ "အမှန်"တွေ ဝိုင်းပေးခဲ့ကြတယ်။ ကျောင်းဆင်းခါနီးမှာ "အမှန်တစ်ရာခု" ကို မောင်ဝေယံရခဲ့ပြီး "ကြက်ခြေခတ်တစ်ရာခု"ကို ချေဖျက်နိုင်ခဲ့တယ်။

ကျွန်မရှေ့မှာ ရပ်နေတဲ့ မောင်ဝေယံရဲ့ ငိုမဲ့မဲ့မျက်နှာလေးက ခုတော့ ပြုံးနိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူငိုခဲ့ပါတယ်။ သူစနောက်ခဲ့ဖူးတဲ့ ကျောင်းသားတွေရဲ့မေတ္တာကြောင့် ဝမ်းသာတဲ့မျက်ရည်တွေ သူပါးပြင်ပေါ် စီးကျခဲ့ပါတယ်။ ဆေးတွေမှန်မှန်သောက်ပြီး လိမ္မာသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ မောင်ဝေယံဆုံးဖြတ်လိုက်တယ်။

"မျက်စိနဲ့အနီးဆုံးနေရာက ဘယ်နေရာလဲ?" လို့ ကျွန်မကို လူတွေမေးခဲ့ဖူးတယ်။ အဖြေက "မျက်တောင်မွေး"ဆိုတာကို ကျွန်မစဉ်းစားမရခဲ့ဘူး။ မျက်တောင်မွေးဟာ မျက်စိနဲ့အနီးဆုံးနေရာမှာရှိပြီး ကျွန်မတို့ မမြင်နိုင်ခဲ့ကြဘူး။

အဲဒီလိုပဲ ကျွန်မတို့ဘေးအနားက ကျွန်မတို့နဲ့ အရင်းနှီးဆုံးလူတွေရဲ့ကောင်းကွက်ကို ကျွန်မတို့ မမြင်တတ်ခဲ့ကြဘူး။

အထက်ဇာတ်လမ်းထဲကလို မောင်ဝေယံရဲ့ဆိုးကွက်ကိုပဲ တခြားကျောင်းသားတွေ တွေ့ခဲ့ကြတယ်။ အပြစ်ပေးခါနီး ဆရာမရဲ့လမ်းညွှန်ပြသမှုကြောင့် မောင်ဝေယံရဲ့ကောင်းကွက်တွေကို သူတို့သတိပြုခဲ့မိကြတယ်။ မောင်ဝေယံမှာလည်း "အမှန်တွေတစ်ရာ" ရှိကြောင်း သူတို့တွေ့ခဲ့ကြတယ်။

သွန်သင်ဆုံးမှုဆိုတာ အတင်းအဓမ္မဖိနှိပ်တဲ့ "အမှောင်"ဘက်ကမဟုတ်ဘဲ ဥာဏ်ဖွံ့ဖြိုးဖို့ ကြိုးစားကူညီတဲ့ "အလင်း"ဘက်ကဖြစ်တယ်။ သူတစ်ပါးရဲ့ဆိုးကွက်ကိုပဲကြည့်ပြီး ကြက်ခြေခတ်တစ်ရာပေးဖို့ ကြိုးစားသူရဲ့ ရင်ထဲမှာလည်း နာကျင်မှုအမှောင်တွေပဲ ရှိခဲ့တယ်။ တကယ်တော့ ကျွန်မတို့က "မနှစ်မြို့လည်း ချီးကျူးတတ်ဖို့" "သူ့ကိုမနှစ်သက်လည်း သူ့ကောင်းကွက်တွေ ရှာတတ်ဖို့" သင်ယူသင့်ပါတယ်။

တစ်ခါတလေမှာ ဆရာတွေက "ကျောင်းသားဆိုး" တွေကို မနှစ်သက်တတ်ကြသလို "ကလေးဆိုး" တွေကို လူတွေ မနှစ်မြို့တတ်ကြဘူး။ အဲဒီအချိန်ကျရင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး တစ်ဘက်လှည့်အတွေးနဲ့ သူ့ကောင်းကွက်ကို ရှာကြည့်ပါ။ အတွေးတွေ လည်ပတ်နေသရွေ့ "အမှန်တစ်ခု" တွေ့လာနိုင်ပါလိမ့်မယ်။

ကလေးတွေကို "ဆန့်ကျင်၊ ငြင်းဆန်"တဲ့အကြည့်မျိုးနဲ့ ကျွန်မတို့ တစ်ချိန်လုံးမကြည့်သင့်သလို "ဝေဖန်၊ ပြစ်တင်" တဲ့ စကားမျိုးလည်း အမြဲမပြောသင့်ပါဘူး။

ဆန့်ကျင်၊ ငြင်းဆန်တဲ့အကြည့်တွေကြားမှာ ကလေးငယ်တွေက ကိုယ့်ကိုယ်ယုံကြည်မှုမဲ့တာတွေ သင်ယူနိုင်တယ်။ ဝေဖန်၊ အပြစ်တင်တဲ့အပြောတွေကြားမှာ ကလေးငယ်တွေက စိတ်ပျက်၊ ဝမ်းနည်းမှုတွေကို သင်ယူနိုင်တယ်။ ကူညီ၊ ဖေးမ၊ အားပေးတဲ့ အပြောတွေကြားမှာ ကလေးငယ်တွေက ယုံကြည်မှုတွေတိုးစေပြီး ချီးကျူး၊ ချီးမွမ်းမှုအောက်မှာ ကလေးငယ်တွေက မေတ္တာနဲ့ကျေးဇူးတရားကို နားလည်နိုင်မှာဖြစ်ပါတယ်။


မူရင်း---- http://www.netsermon.org/story
နိုင်းနိုင်းစနေ (Wednesday, January 20, 2010)

Thursday, September 15, 2011

Lyrics plug-in, to control volume

Window XP, Vista & 7 မှာအကုန်ရပါတယ်..Window media player , Winamp , itunes player တွေမှာပေါ်ပါတယ်.သီချင်းစာသားတွေကို..ဖော်ပြပေးပါတယ်..
မြန်မာသီချင်းတချို့ လဲပေါ်ပါတယ်။

Download links
 
ကွန်ပြူတာထဲကို ဟိုကကူး ဒီကဒေါင်း နဲ့ Mp3 သီချင်း ဖိုင်တွင် အများကြီး ဖြစ်နေကြမှာပါ။

နားထောင်ချင်တဲ့ အခါ အားလုံးစုဖွင့် တဲ့အခါ သီချင်းတပုဒ်ကအသံတိုးနေလို့ နည်းနည်းကပြန်တိုးထားလိုက်ရော ခဏ နေနောက် တစ်ပုဒ်လာပြန်တော့ အသံကပြန်ကျယ်သွားရော ဒါနဲ့ပြန်တိုးရကော။ ကဲခုတော့ ဒီ Mp3gain software  လေးကစက်ထဲမှာ နားထောင်ချင် ရင်ဘဲဖြစ်ဖြစ်  စီဒီဘမ်းပြီးဖွင့်ဖွင့်  Mp3သီချင်းတွေကို  အသံအတိုးအကျယ်တူသွားစေရမယ်ဗျာ။

ကိုယ်ကြိုက်တဲ့  level /gain  ကိုရောက်အောင်ပြောင်းထားလိုက်တော့ ။

mp3gain-win-1_2_5.exe     ဆိုတာကိုဒေါင်းလိုက်တော့။   XP ,7 အကုန်ရပါတယ်။ 
http://sourceforge.net/projects/mp3gain/files/MP3Gain-Windows%20%28...

ဝင်ပြီး ခဏစောင့်ပါ။

ကဲဒေါင်းလိုက်တော့ Free ပဲနော် ။ ဖွင့်လိုက် ပါ။ပြီးရင် ကိုယ်ပြောင်းချင်တဲ့ သီချင်းတွေကို ထည့် ဖိုင်အလိုက် ထည့်မယ်ဆိုadd folder ဆိုတာကိုနိုပ်ပါ။ပါ။ဖိုင်လိုက်ဆို add file ကိုရွေးပါ။



ကဲဒီအဆင့်မှာကတော့   Target Volume level ဆိုတာကိုယ်ထားချင်တာကိုထည့်ပေး၇ပါမယ်။ The default is 89dB။  အတိုးအကျယ် ချိန်တာဒီမှာချိန်ရမှာနော် ပြီးမှအ၇မ်းတိုးနေလို့ ပြန်ကျယ်ချင်လဲရတယ်။လက်ရှိအသံအနေအထားကိုသိရအောင် Album Analysis ကိုနိုပ်လိုက်ပါ။



ပြီးရင်ခဏစောင့်ပါ။

 

ပြီးရင်သီချင်းတစ်ပုဒ်ခြင်းရဲ့ result ကိုကြည့်လို့၇ပါပြီ။



ကဲခုဆိုအားလုံးကို ကိုယ်ထားခဲ့တဲ့ Target Volume level အတိုင်း တစ်သားထဲဖြစ်သွားအောင် Album Gain  ဆိုတာလေးကိုနိုပ်လိုက် ပါတော့ ။


ကဲပြီးသွားရင်ကြည့်လိုက် ပါ ။အားလုံး 95 လောက် တွေပါပဲ။

 
ကဲခုဆို အားလုံးကို အသံအတိုးကျယ်တူညီစွာနဲ့ စိတ်ချလက်ချနားထောင်လို့ရပါပြီ။ မသေချာရင်ဒီတိုင်းကိုဘဲ တစ်ပုဒ်ခြင်းကို   r click ခေါက်ပြီး  နားထောင်ကြည့်  အားလုံးကအရမ်းတိုးနေကျယ်နေရင် ခုနကTarget Volume level ကို နောက်ထပ် ထပ်ပြောင်း ကြည့်ပါ။ လွယ်ပါတယ်။ ကဲ ဒါလဲမဟုတ်သေးဘူး original volumes ကိုဘဲကြိုက်တယ် ဟိုအရင်တိုင်းပြန်ထားချင်တယ်ဆိုရပါတယ်။

 
toolbar မှာ  click Modify Gain  ပြီးတော့ Undo Gain changes ဆို ရပါပြီ။

Source  blackprinc

Saturday, September 10, 2011

Gtalk အကြောင်း သိကောင်းစရာ (၃)

mail အကောင့်ဟောင်းမှ သူငယ်ချင်းများကို အကောင့်သစ်သို့ ရွှေ့ပြောင်းနည်း


မိသားစု ဝင်များ သူငယ်ချင်းများ ညီအကို မောင်နှမ များ အားလုံးပဲ မင်္ဂလာပါ..
gmail အကောင့်ဟောင်းထဲမှ သူငယ်ချင်းတွေကို gmail အကောင့်သစ်အတွင်းသို့ ပြောင်းလဲချင်သူတွေအတွက် အကူအညီရလိုရငြား
ဘလော့ တင်လိုက်ပါတယ်..ဒါကို ညီလေး အူကြောင်ကြားက အကူအညီတောင်းလာလို့ ကျနော်လည်း သတိထားမိတာပါ..
အဲလိုပဲ အကောင့်တွေတော်တော်များများ သုံးနေကြသူတွေအတွက်လည်း အဆင်ပြေမယ် ထင်လို့ တင်လိုက်တာပါ..
မသိသေးသူများ အဆင်ပြေနိုင်စေဖို့..အောက်ပါ အဆင်တို့ ကို သေချာလေ့လာပါ...
ပထမဦးဆုံး အနေနဲ့ gmail အကောင့်ဟောင်းကို အရင်ဝင်ပါ.. Contacts ကို ရွေးပေးပါ..



Contacts ကို ရွေးပြီးသွားရင် အောက်က ပုံမှာ More actions ကို နှိပ်ရပါမယ်..ထပ်မံပြီး Export ကို ရွေးပေးရပါမယ်.




Export ကို နှိပ်ပြီးသွားပြီဆိုရင်တော့ google.com ကနေပြီး google download file(.csv) ကို ချပေးပါလိမ့်မယ်.


 

Export ကိုပဲ ထပ်မံနှိပ်လိုက်ပါ.






မိမိသုံးတဲ့ browser မှာ default save folder ( my docuemnts or downloader folder ) မှာ သိမ်းဆည်းပေးပါလိမ့်မယ်.



ပြီးသွားပါက မိမိပြောင်းလိုသော gmail အကောင့်သစ်ကို ဖွင့်ပါ..ကနဦးက စလုပ်ခဲ့တဲ့ ပုံစံအတိုင်း Contacts ကို ရွေးပါ.

More actions ကိုသွားပါ. Import ကို ရွေးချယ်ပြီး နှိပ်ပါ..( Export အပေါ်မှာ ရှိပါတယ် )


 

စောစောက save ထားတဲ့ .csv file ကို ယူလိုက်ပါ..




 

အထက်ပါ ပုံတို့အတိုင်း အဆင့်ဆင့်လုပ်ဆောင်ခြင်း ဖြင့် မိမိအကောင့်ဟောင်းထဲမှ သူငယ်ချင်းများကို အကောင့်သစ်အတွင်းသို့

ကူးပြောင်းနိုင်ပါတယ်..ဤပို့စ်ကို တင်ဖြစ်အောင် သတိဖေါ်ပေးသော ညီလေး အူကြောင်းကြား ကို ကျေးဇူးတင်ပါတယ်..

လွယ်အိတ်ထဲမှ မသိသေးသော မိသားစုဝင်များ အဆင်ပြေကြပါစေ..

ခင်မင်လေးစားလျှက်.....

Gmail ထဲကနေ Video Chat ချက်မယ်...ရုပ်လဲကြည့်မယ် စကားလဲပြောမယ်

Gmail ထဲကနေ Video Chat လို့ရပါတယ်။ ဟိုဘက်ဒီဘက် အရုပ်လဲမြင်ရမယ်။ဖုန်းပြောသကဲ့
သို့လည်း ဆက်သွယ်စကားပြောနိုင်ပါတယ်။
သာမန် Text chat သုံးမယ်ဆိုရင်လည်းရပါတယ်။ပထမဆုံး Video Chat အတွက် Plug in တစ်ခုကို ကွန်ပျူတာမှာ Install လုပ်ရပါမယ်။
Plug in ကို Install လုပ်ရန် http://mail.google.com/videochat သို့သွားပါ။အောက်ကပုံအတိုင်းတွေ့ရမှာပါ။

ထို့နောက် Install voice and video chat ကို Click ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်။

GoogleVoiceAndVideoSetUp ဖိုင်ကို သိမ်းလိုက်ပါ။

ထို့နောက် Double click ပြီး Install လိုက်ပါ။Restart browser now ကို Click ပေးပါ။

(မှတ်ချက်။ ။ ကျွန်တော် လုပ်ကြည့်သလောက်တော့ တစ်ခါတလေ GoogleVoiceAndVideoSetUp ဖိုင်ကို သိမ်းခိုင်းပါတယ်..တစ်ခါတလေ
Install voice and video chat ကို Click လိုက်တာနဲ့ auto installလုပ်ပါတယ်)ဘယ်လိုပဲဖြစ်ဖြစ် Restart browser nowရမှာပါ။အခုလုပ်မယ်ဆိုရင်ပါ။ restart ပြီးဆုံး ရင် voice and video chatကို Install လုပ်တဲ့အပိုင်းပြီးပါပြီ။
အသုံးပြုတဲ့အပိုင်းကတော့.....
မိမိ Video Chat ပြောလိုသော တစ်ဖက်က သူသည်လည်း မိမိကဲ့သို့ပင် ကွန်ပျူတာတွင် Plug in ကို Install လုပ်ထားပြီးဖြစ်ရပါမယ်။
တစ်ဖက်ကသူသည် Plug in ကို Install လုပ်ထားပါက Gmail ထဲတွင် အစိမ်းရောင် video camera ပုံစံလေးဖြစ်နေပါမည်။
မလုပ်ထားပါက သာမန် အစိမ်းရောင် အစက်ကလေး ဖြစ်နေပါမည်။ (Only online)အောက်က ပုံအတိုင်းပါ။

Gmail chat ထဲမှ video chat လိုသော မိတ်ဆွေအမည်ပေါ်တွင် click တစ်ချက်နှိပ်ပါ။ထိုမိတ်ဆွေ အမည်နဲ့ pop-up window လေးတစ်ခုပွင့်လာပါမည်။

Pop-up window ထဲရှိ video and more ကို click ပါ။

ကျလာမည့် menu ထဲရှိ start video chat တွင် click နှိပ်ခေါ်ဆိုလိုက်ပါ။

ထို့သို့ခေါ်လိုက်လျှင် တဖက်မှာ ring မြည်သွားပြီး alert လုပ်ပါလိမ့်မယ်။ အခြားသူတို့က မိမိအားခေါ်ဆိုခဲ့လျှင်လည်း
ထို alert မျိုးကို မိမိ ထံတွင်တွေ့ ရမှာပါ။ Answer ကို Click နှိပ်လက်ခံမယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ချိတ်ဆက်မိပြီးရုပ်မြင်အသံကြားဆက်သွယ်စကားပြောဆိုနိုင်ကြပါပြီ။တစ်ဖက်လူရဲ့ပုံကို fullscreen ကြည့်လို့ ရပါတယ်။
(မှတ်ချက်။ ။ထိုသို့ အသုံးပြုနေစဉ် Gtalk ကိုပိတ်ထားရင် အကောင်းဆုံးပါ၊ ဖွင့်ထားရင် ခေါ်လို့ မရ ဖြစ်နေတတ်ပါတယ်။)
Video chat က Gmail ထဲကပဲ ချက်တာ ဖြစ်ပါတယ်။ဒီလိုဆို VZO ကို သီးသန့် Install လုပ်စရာ မလိုတော့ဘူးပေါ့။
web camera တော့ တပ်ဆင်ထားရမှာပါနော် နှစ်ယောက်လုံးပါ။သိတဲ့ လူတွေ သိပ် မများသေးဘူးလို့ ထင်ပါတယ်။

source: အရူးလွယ်အိတ်

Thursday, September 8, 2011

အိပ်ဆေးမစားပဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းလမ်းများ

လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။
လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။ 
အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။
အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်-

(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။

(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။

(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။

(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။

(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။

(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ 

                                                                                           ရွှင်လန်းချမ်းမြေ့ပါစေ...

Sunday, September 4, 2011

သိင်္ဂါရလောဝါဒ ( ခေါ် ) လူတို့ကျင့်ဝတ်များ

*သားသမီးကျင့်ဝတ် ( ၅ ) ပါး
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း ၊

(၂) မိဘတို့၏အမှုကိစ္စကိုဆောင်ရွက်ြ
ခင်း ၊
(၃) မိဘစကားကိုနားထောင်၍ မိဘတို့အမွေကိုခံထိုက်အောင်ပြု
လုပ်ခြင်း ၊
(၄) မိဘတို့ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း ၊
(၅) မိဘတို့၏ မျိုးအနွယ် အမျိုးဘာသာ သာသနာကိုစောက်ရှောက်ရခြင်း ၊

*မိဘကျင့်ဝတ် ( ၅ ) ပါး

မကောင်းမြစ်တား ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ။

(၁) မကောင်းမှုများကိုတားမြစ်ခြင်း ၊
(၂) ကောင်းမှူကောင်းရာများကိုညွှန်ြ
ပရခြင်း ၊
(၃) အတတ်ပညာ သင်ကြားပေးရခြင်း ၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန်ပေး
ရခြင်း ၊
(၅) လက်ထပ်ထိမ်းမြားပေးရခြင်း ၊


*တပည့်ကျင့်ဝတ် ( ၅ ) ပါး

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီး , လုပ်ကျွေး သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ ။

(၁) ဆရာသင်ကြားဆုံးမသမျှကို လေးစားစွာဂရုတစိုက် နာခံမှတ်သားရခြင်း ၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျှက် ခရီးဦး ကြိုဆိုရခြင်း ၊
(၃) ဆရာ့ထံပါး ဆည်းကပ်ခစားရခြင်း ၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း ၊
(၅) ဆရာသင်ပေးသော သင်ခန်းစာများကို လေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွတ်ဆိုရခြင်း ၊


*ဆရာကျင့်ဝတ် ( ၅ ) ပါး

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ ။
(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားပေးခြင်း ၊
(၂) ဆုံးမ သြ၀ါဒ ပေး၍ပြုပြင်ပေးရခြင်း ၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း ၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း ၊
(၅) မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာထံသို့အပ်နှံပေးရခြင်း ၊


*လင်ကျင့်ဝတ် ( ၅ ) ပါး

မထီမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ၀တ်စားဆင်ယင် မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ ။

(၁) မိမိမယားအား မထီလေးစားမပြုလုပ်ရခြင်း ၊
(၂) မိမိရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်း ၊
(၃) အခြာမိန်းမများနှင့်ဖောက်ပြားကျူလွန်မှု မရှိရခြင်း ၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း ၊
(၅) မြတ်နိုး ကြင်နာစွာ ဆက်ဆံရခြင်း ၊


*မယားကျင့်ဝတ် ( ၅ ) ပါး

အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာ မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ ပျင်းရိမမှု ၀တ်ငါးဆူ အိမ်သူကျင့်အပ်စွာ ။

(၁) အိမ်တွင်းမှုလုပ်ငန်းကိစ္စကို အဆင်ပြေစေရန်စီမံပြုလုပ်ရခြင်း ၊
(၂) မိမိ လင်ယောင်္ကျားအပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း ၊
(၃) မိမိယောကျာင်္းမှ တစ်ပါးသောယောကျာင်္းတို့နှင့် မမှားယွင်းမဖောက်ပြန်ရခြင်း ၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှတတ ပေးကမ်းရခြင်း ၊
(၅) လုပ်ငန်းကိစ္စအ၀၀တို့၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း ၊


*မိတ်ဆွေကျင့်ဝတ် ( ၅ ) ပါး

ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မွက်ချိုသာ သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေ မိတ်သဟာ ။

(၁) မိမိတတ်နိုင်သလောက်ပေးကမ်းချီးမြှင့်ခြင်း ၊
(၂) ကိုယ်အောက်သို့ မနှိမ်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း ၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန် အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း ၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာပြေပြစ်ချိုသာစွာ ပြောရခြင်း ၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း ၊


*ကျေးဇူးခံမိတ်ဆွေကျင့်ဝတ် ( ၅ ) ပါး

မေ့လျော့စောင့်လာ ဥစ္စာစောင့်ရှောက် ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ် သားမြစ်စဉ်ဆက် မပျက်ချီးပင့် ၀တ်ငါးဆင့် ပြုကျင့် မိတ်ဆွေများ ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း ၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ပေးရခြင်း ၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာဖြစ်ရခြင်း ၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း ၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း ၊


*အလုပ်ရှင်ကျင့်ဝတ် ( ၅ ) ပါး

ဝစွာ ကျွေးမွေး ပြုရေးစီရင် နာလျှင်ကုစေ ငှဝေရသာ အခါကိုလွတ် အရှင်ဝတ် မချွတ် ငါးခုသာ ။

(၁) မိမိအလုပ်သမားကို ၀လင်းစွာကျွေးမွေးရခြင်း ၊
(၂) သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျှော်သောအချိန်၌ ခိုင်းစေရခြင်း ၊
(၃) မကျန်းမမာသောခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း ၊
(၅) ဥပုသ်နေ့ ပွဲတော်နေ့ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်းအစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း အခွင့်လွတ်ရခြင်း ၊


*အလုပ်သမားကျင့်ဝတ် ( ၅ ) ပါး

အိပ်သော်နောက်ကျ ထသော်ကားရှေ့ ပေးမှယူအပ် စေ့စပ်ဆောင်ရွက် ကျေးဇူးမြွက် ငါးချက် ကျွန်ကျင့်ရာ။

(၁) နောက်ကျမှ အိပ်ရခြင်း ၊
(၂) အိပ်ရာမှ စောစောထရခြင်း ၊
(၃) မိမိအရှင်ပေးကမ်းမှသာ ယူရခြင်း ၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း ၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း ၊


*ဒါယကာကျင့်ဝတ် ( ၅ ) ပါး

မေတ္တာစိတ်သက် ဆောင်ရွက်ချစ်ခင် ခင်မင်နှုတ်ချို လိုလျှင်ဖိတ်ထား တတ်အားလှူစေ ၀တ်ငါးထွေ ပြုလေ ဒါယကာ ။

(၁) ရဟန်းသံဃာတို့အပေါ်၌ မေတ္တာစိတ် ရှေ့ထားရခြင်း ၊
(၂) ရဟန်းသံဃာတော်တို့အတွက် ဆောင်ရွက်စရာများကို ချစ်ခင်လေးစား စေတနာထား၍ ဆောင်ရွက်ရခြင်း၊
(၃) ခင်ခင်မင်မင် လေးလေးစားစား နှုတ်ချိုကြည်သာစွာ ပြောဆိုရခြင်း ၊
(၄) အလိုရှိသောအရာများကို တောင်းပါဟုဖိတ်ထားရခြင်း ၊
(၅) တတ်နိုင်သမျှ လှူဒါန်းရခြင်း ၊


*ရဟန်းကျင့်ဝတ် ( ၆ ) ပါး

မကောင်းမြစ်တား ကောင်းရာညွှန်လစ် အသစ်ဟောကျူး နာဖူးထပ်မံ နတ်ထံတင်ရာ မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေချာ ။

(၁) မကောင်းမှူမပြုလုပ်ရန် တားမြစ်ဟောပြရခြင်း ၊
(၂) ကောင်းမှုကုသိုလ် ပြုလုပ်ရန် အတွက်ညွှန်ပြဟောပြရခြင်း ၊
(၃) ထူးခြားသော တရားအသစ်များကို ဟောကြားရခြင်း ။
(၄) နာဖူးသောတရားများကို ထပ်မံ၍ ဟောကြားရခြင်း ၊
(၅) ဒကာ ဒကာမတို့အားစေတနာ မေတ္တာ ထား၍ဆုံးမဟောကြားရခြင်း ၊


*နာယကကျင့်ဝတ် ( ၆ ) ပါး

ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ကြည့်မှု ဤခြောက်ခု ကြီးသူကျင့်ရာတရားတည်း ။


(၁) သူများထက် လုံ့လရှိရခြင်း ၊
(၂) သူများကိုမိမိက ရှေ့ဆောင်ပြုနိုင်အောင် နိုးကြားတတ်ကြွခြင်း ၊
(၃) မိမိလက်အောက်ငယ်သားများကို သနားကြင်နာခြင်း ၊
(၄) သည်းခံ ခွင့်လွတ်တတ်ခြင်း ၊
(၅) အရာရာကို ချင့်ချိန်ဝေဖန် ထောက်ဆ၍ပြုလုပ်ရခြင်း ၊
(၆) အရာရာမှာ ဥာဏ်ပညာဖြင့် ဆင်ခြင်ကြည့်ရှုခြင်း ၊

source : အရူးလွယ်အိတ်

Thursday, September 1, 2011

Top 5 Best Free Anti-Virus

virus ပြဿနာကလည်းမကင်းသေးဘူး.. antivirus ကလည်း ဝယ်မသုံးနိုင်သေးဘူးဆိုတဲ့ သူငယ်ချင်းအတွက်
အတော် နာမည်ရပြီး ကောင်းမွန်တဲ့ free antivirus တွေထဲက ၅ ခုကို ရှာပေးလိုက်ပါတယ်။

Microsoft Security Essentials


Microsoft Security Essentials ဆိုတာ တခြားတော့မဟုတ်ပါဘူး။ ကျနော်တို့ လက်ရှိသုံးနေတဲ့ window စနစ်ကိုထုတ်လုပ်ပေးထားတဲ့
Microsoft ကနေပဲ ထုတ်လုပ်တာဖြစ်ပါတယ်။ သူက ဘာလို့ နံပါတ် ၁ ဖြစ်လာလဲဆိုတော့ window စနစ်ကို ထုတ်ပေးတဲ့ ကုမ္ပဏီကပဲ
အဲ့ဒီ window ကို ကာကွယ်ဖို့ antivirus ကို ထုတ်တာဆိုတော့ လုံခြုံစိတ်ချရမှုမှာတော့ အထူးပြောစရာမလိုတော့ပါဘူး။
သူ့ window အတွက် သူ့ antivirus က ကောင်းကောင်းကာကွယ်နိုင်တာကတော့ အသေအချာပါပဲဗျာ..

Download MSE Essentials




AVG Free Antivirus


Download AVG free Antivirus


Avira Free Antivirus


Download Avira free Antivirus


Avast! Free Antivirus

Download Avast free Antivirus

Malwarebytes free Antivirus


Download Malwarebytes free Antivirus
ကျွန်တော်ရှာတွ့ထားတာကတော့ ဒီလောက်ပဲ Antivirus အတွက် လိုအပ်နေတဲ့သူတွေအတွက် အဆင်ပြေစေဖို့ပါ။

source :http://sawsan.freehostingcloud.com